အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ လက်ရှိလုပ်ဆောင်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေကို ကူညီထောက်ပံ့ရေး၊ HIV / AIDS ဝေဒနာရှင်တွေကို ပြုစုကုသရေး၊ ဥပဒေ အထောက်အကူပြု လုပ်ငန်းတွေအပြင်၊ ကလေးစစ်သားစုဆောင်းခံရမှု၊ အဓမ္မ လုပ်အားပေးခိုင်းစေမှု၊ အဓမ္မ မြေယာသိမ်းခံရမှု စတဲ့ လုပ်ငန်းတွေကိုလည်း တိုးချဲ့ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့ပြင် နယ်အသီးသီးက အောက်ခြေအဖွဲ့ဝင်တွေနဲ့ ထိထိရောက်ရောက် ဆက်သွယ် ဆောင်ရွက်သွားမယ်လို့ ပါတီခေါင်းဆောင် တွေက ပြောပါတယ်။
NLD ပါတီဟာ ပြည်သူတွေကြားမှာ လူမှုရေးလုပ်ငန်းတွေကို တိုးချဲ့ဆောင်ရွက်ရင်း အနာဂတ် မြန်မာ့နိုင်ငံရေးမှာ ဆက်လက် ရှင်သန်နေမှာဖြစ်သလို နိုင်ငံတကာရဲ့ ထောက်ခံ အားပေးမှုလည်း ဆက်လက် ရရှိနေမှာ ဖြစ်တယ်လို့ ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။
NLD ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးကို RFA မှ ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
သတင်းရင်းမြစ်..RFA