ဇွန်လ ၁၉-ရက်နေ့ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေး နေ့ အထိမ်းအမှတ် သစ်ပင်ပေါင်း နှစ်သောင်းကျော် စိုက်ဖို့ စီစဉ်ထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေဟာ ဒီကနေ့မှာလည်း သစ်ပင်စိုက်ပျိုးရေးလုပ်ငန်း တွေ ဆက်လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီကနေ့မှာတော့ ရန်ကုန်တိုင်းအတွင်းက တောင်ဥက္ကလာ၊ သာကေတ၊ တောင်ဒဂုံ၊ လှိုင်သာယာ စတဲ့မြို့တွေမှာ သစ်ပင်တွေ စိုက်ပျိုးပေးခဲ့ကြတာပါ။ နေ အိမ်ခြံဝင်းတွေအထဲ ဘုန်းကြီးကျောင်းဝင်းတွေထဲနဲ့ အဖွဲ့ချုပ်ဝင်တွေနဲ့နီးရာ လမ်း ဘေးတလျှောက်တွေမှာ စိုက် ပျိုးခဲ့ကြတာလို့ အဖွဲ့ချုပ်ဝင်တွေက ပြောပါတယ်။ ဒီအထဲက တောင်ဥက္ကလာပမြို့နယ်က အဖွဲ့ချုပ်ဝင်တွေ ဒီကနေ့ သစ်ပင် စိုက်ပျိုးရေး လုပ်ခဲ့တဲ့အကြောင်းကို လူငယ်တာဝန်ခံ၁ မနန္ဒာလင်းက အခုလို ပြောပြ ပါတယ်။
“မနက် ၁ဝ နာရီ ၁၁ နာရီလောက်က တောင်ဥက္ကလာပမြို့နယ်မှာရှိတဲ့ လူ ငယ်တွေကော လူကြီးတွေကော òမိ့နယ်စည်းက လူကြီးတွေ ပေါင်းပြီးတော့ သစ်ပင် တွေ လိုက်စိုက်ကြတယ်။ အရိပ်ရတဲ့ အပင်တွေ ခရေပင်၊ ဂန့်ဂေါ်ပင်တို့ ပိတောက်ပင် တို့ကို နေရာတိုင်းမှာ လိုက်စိုက်တယ်။ ဒီနေ့ကတော့ အပင် ၂ဝ လောက်ဘဲ စိုက် ဖြစ်တယ်။ နောက်နေ့ ဆက်စိုက်သွားအုံးမယ်။”
အလားတူ မန္တလေးတိုင်းအတွင်းက မြို့နယ်တွေမှာလည်း ဒေါ်အောင်ဆန်းစု ကြည်ရဲ့မွေးနေ့ ဇွန်လ ၁၉ ရက် မတိုင်ခင် တမြို့နယ်ကို သစ်ပင် ၆၆ ပင်စီ အပြီး စိုက် ပျိုးနိုင်ဖို့ ဆောင်ရွက်နေကြတယ်လို့ တိုင်းစည်း ဦးကိုကြီးက ပြောပါတယ်။ ဒေါ် အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲကိုတော့ မြို့နယ်ပေါင်း ၂ဝ ကျော်က အဖွဲ့ချုပ်ဝင်တွေ စုပေါင်းပြီး သူ့နေအိမ်မှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့ မန္တလေးတိုင်းစည်း ဦးကိုကြီး က အခုလို ပြောပြပါတယ်။
“မြို့နယ် ၂ဝ ကျော်နဲ့ ဘုန်းကြီးအပါး တော်တော်များများကို အာရုံဆွမ်းပေါ့၊ ကြွလာတဲ့ ဘုန်းကြီးတွေနဲ့ ဘုန်းကြီးတွေ အပါး ၁ဝဝ နီးပါးလောက်ကို ကျနော်တို့ မုန့်တီ ဆွမ်းကပ်မယ်။ ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ သားသမီးတွေကို မန္တလေးတိုင်း လူငယ်တွေကနေပြီးတော့ ပညာရေးထောက်ပံ့မှု လုပ်ငန်းလေးကို ကျနော်တို့ ထောက်ပံ့ငွေ ပေးအပ်မယ်။”
မိတ္တီလာမြို့နယ်အဖွဲ့ချုပ်ရဲ့ သစ်ပင်စိုက်ပျိုးရေး အစီစဉ်ကိုတော့ ဒေါ်မြင့်မြင့် အေးက အခုလို ပြောပြပါတယ်။ “ကျမတို့ကတော့ ၁၉ ရက်နေ့မှာ မန္တလေးတိုင်းမှာ ဦးကိုကြီးနဲ့ ပူးပေါင်း လုပ် ဆောင်မှာဖြစ်တဲ့အတွက်ကြောင့် ၁၇-၁၈ လောက်မှာ သစ်ပင်လိုက်စိုက်မယ်။ ကျမတို့အဖွဲ့ဝင်တွေ အိမ်တွေမှာလည်း ဖြစ်ကောင်းဖြစ်မယ်။ ဘုန်းကြီးကျောင်းတွေ လည်းဖြစ်မယ်။ လူရှိတဲ့နေရာပေါ့နော်။ ရေလောင်းပေးနိုင်မယ့်နေရာပေါ့။
“အိမ်တွေမှာလည်းဖြစ်မယ်။ ဘုရားဝင်းတွေမှာလည်း ဖြစ်မယ်။ အဲတော့ ကျမတို့ စီစဉ်ထားတာတော့ အနည်းဆုံး ၆၆ ပင်၊ မကျဉ်း၊ တမာ၊ မဲဇလီ၊ ကုက္ကိုလ်၊ စိန်ပန်းအနီ၊ စိန်ပန်းအပြာ၊ ပိတောက်ပင်၊ ယူကလစ် အဲဒီအပင်တွေ စီစဉ်ထားတယ် ဆိုတော့ အပင်ကြီးမျိုးတွေဖြစ်ပါတယ်။” ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးဖို့ စီစဉ်ရ တဲ့အကြောင်းကို အဖွဲ့ချုပ်လူငယ် ကိုရာဇာက အခုလို ပြောပြပါတယ်။
“သဘာဝပတ်ဝန်းကျင်အရ ယိုယွင်းပျက်စီးနေပြီ။ ဒါကို တပ်လှန့်ပေးတဲ့သ ဘောပေါ့။ ကျနော်တို့ အန်အယ်ဒီက လူတွေက၊ ကျနော်တို့ လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ကို မွေးနေ့လက်ဆောင်ပေးတာ၊ ကျနော်တို့ရဲ့ မွန်မြတ်တဲ့ ရည် ရွယ်ချက်နဲ့ ပေးတဲ့လက်ဆောင်ဆိုရင် ကျနော်တို့ လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် ကျေနပ်လေမလားပေါ့။ လူငယ်တွေက စိတ်ကူးစိတ်သန်းရလာပြီးတော့ အဲဒီအတွက် မွေးနေ့လက်ဆောင် ပေးတဲ့သဘောပါ။” အဖွဲ့ချုပ်လူငယ် ကိုရာဇာ ပြောပြသွားတာ ဖြစ်ပါတယ်။
သတင်းရင်းမြစ်..DVB