ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ မကွေးတိုင်းအတွင်းက အဖွဲ့ချုပ်ဝင်တွေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အတွက် ဂုဏ်ပြုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။ ရန်ကုန်တိုင်း သုံးခွòမိ့နယ်က အဖွဲ့ချုပ်စည်းရုံးရေးအဖွဲ့ဝင် ဦးမြဇင်ဟာ ဒေါ် အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ တကိုယ်တော်ထီးဆောင်း လှုပ်ရှားမှု ပြုလုပ်နေပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ‘အန်အယ်လ်ဒီ’ကို အင်္ဂလိပ်လို National Leaguge for Democracy ဆိုတဲ့စာတမ်းနဲ့ ခွပ်ဒေါင်းတံဆိပ်ပုံ ကို နှစ်ဖက်ပေါ် ရိုက်နှိပ်ထားတဲ့ အပြာရောင်ထီးကြီးကို ဆောင်းပြီး òမိ့တွင်းလှည့် လည်သွား လာနေတာလို့ အဖွဲ့ချုပ်ဝင် တဦးက ပြောပါတယ်။ ဒီ ထီးဆောင်းလှုပ်ရှားမှုကို အခုလ ၁ဝ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး ဒေါ် အောင်ဆန်းစုကြည်ရဲ့မွေးနေ့ ဇွန်လ ၁၉ ရက်နေ့အထိ ဆက်လုပ်သွားမယ်လို့ဆိုပါ တယ်။ အဖွဲ့ချုပ်ဝင် ဦးမြဇင် ထီးဆောင်း ကန်ပိန်းလုပ်နေတာနဲ့ပတ်သက်ပြီး သုံးခွòမိ့နယ် အဖွဲ့ချုပ်လူငယ် ကိုရင်အေး က အခုလို ပြောပြပါတယ်။
“အဲဒီ ထီးအကြီးကြီးမှာ သူက ကျနော်တို့ ခွပ်ဒေါင်းတံဆိပ်ကို ၂ ဖက်ပေါ့ နော် ဆွဲထားတယ်။။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အင်္ဂလိပ်လိုရေးထားတဲ့ဟာ ရယ်၊ ပြီးတော့ ကျနော်တို့ အောက်မှာ ၂ဝဝ၈၊ ၂ဝ၁ဝ ပေါ့နော်၊ ၂ဝဝ၈ မှာ သူတို့က မှတ်ပုံမတင်တဲ့အတွက် ပျက်ပြယ်သွားပြီ ဆိုပြီး အစိုးရကနေပြီး အချို့ ကြံ့ခိုင်ရေးတို့ ဘာတို့ကပြောတယ်။ အဲလို ပြောတဲ့အခါကျတော့ သူက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပျက်ပြယ်တယ်ဆိုတာ မဟုတ်ဘူး။
ဆက်လက် ရပ်တည်နေတယ်ဆိုတဲ့ သဘော နဲ့ ထီးဆောင်းပြီးတော့ လှုပ်ရှားမှုပေါ့နော်။” ဒီလှုပ်ရှားမှုအပေါ် နယ်မြေခံ အာဏာပိုင်တွေဘက်က တစုံတရာ ပြောဆို တာမရှိသေးပေမယ့် ဒေသခံ အတော်များများကတော့ စိတ်ဝင်တစားနဲ့ လာရောက် မေးမြန်းကြတယ်လို့လည်း ကိုရင်အေးက ပြောပါတယ်။ ပဲခူးမြို့နယ်က အဖွဲ့ချုပ် လူ ငယ်တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ သွေးလှူ တဲ့လုပ်ငန်းကို ဒီကနေ့ စတင်ခဲ့ကြပါတယ်။ ပဲခူးမြို့ဆေးရုံကို သွေးသွားလှူရာမှာ လက်မခံလိုက်တာကြောင့် စေတနာ ရှင် သွေးလှူဌာနတွေနဲ့ အချိတ်အဆက်လုပ်ပြီး သွေးလှူပေးနေတယ်လို့ တိုင်းအဖွဲ့ ချုပ် လူငယ် ကိုအောင်မျိုးဝင်းက အခုလို ပြောပြပါတယ်။
“ဆေးရုံကတော့ လက်မခံဘူး။ လက်မခံဘူးဆိုတာ သူတို့က သုံးသပ်ချက် တခုပေးတယ်။ သွေးက ထားမယ်ဆိုရင် ၂၄ ရက် ဝန်းကျင်ပဲရတယ်။ အဲဒါဆေးးရုံမှာ ထားရင် လူနာမလိုဘဲနဲ့ သွေးထုတ်ထားတဲ့ အခါကျတော့ ရက်ကျော်သွားရင် အလ ဟဿ ဖြစ်မယ်။ သွေးတွေ လွှင့်ပစ်ရမယ်ဆိုပြီးတော့ အဲလိုလက်မခံပါဘူး။
“လက်မခံဘူးဆိုတာ သူတို့ အဲဒီစနစ်ကို ပြောင်းလိုက်ပါပြီတဲ့ အဲလိုပြော တယ်။ လိုမှ လှမ်းခေါ်ပြီးတော့ လှူပါလို့ အဲလိုပြောတယ်။ အခုတော့ လောလော ဆယ် တယောက်ရောက်လာလို့ ကျနော်တို့ ချိတ်ပေးလိုက်ရသေးတယ်။ အခုပဲ ဆေး±ုံကို သွားပေးတယ်၊ လူနာ ဦးကျော်စိန်ပေါ့ အစာအိမ် သွေးကြောပေါက်တဲ့ လူနာကို ဘီသွေးလိုတဲ့အတွက် အဲဒီလူနာတယောက်ကို ကျနော်တို့ ကူညီပေး လိုက်ပါတယ်။”
မကွေးတိုင်းအတွင်းက စကု၊ ပွင့်ဖြူ၊ ပခုက္ကူ၊ မြစ်ချေ၊ ကံမ စတဲ့မြို့တွေက အဖွဲ့ချုပ်ဝင်တွေကတော့ သစ်ပင်စိုက်တာတွေ လုပ်နေကြပါတယ်။ စကုမြို့မှာတော့ အခုလ ၁၂ ရက် နေ့ကစပြီး ဇွန်လ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ ရောက်တဲ့အထိ လုပ်သွား မယ့် သစ်ပင်စိုက်လုပ်ငန်းမှာ ဒေသခံတွေလည်း တနိုင်ပိုင် ပူးပေါင်း ဆောင်ရွက်နေကြတယ် လို့ မြို့နယ်လူငယ်တာဝန်ခံ ကိုနေမျိုးကျော်က ပြောပါတယ်။
“ကျနော်တို့ ဒီစကုမှာဆိုရင် မြို့ပေါ်ရပ်ကွက်ကြီး သုံးခုလုံးမှာ ရှိတဲ့ မြို့မိ မြို့ဖတွေ ကျနော်တို့ မိတ်ဆွေ သူငယ်ချင်းတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အထိမ်းအမှတ်ဖြစ် သစ်ပင်ကို စိုက်ဖို့ ကျနော်တို့ ဆော်သြပါတယ်၊ ပြောပါတယ်။ သူတို့ရဲ့ ကူညီ ပူးပေါင်းပါဝင်မှုမျိုးနဲ့ ကျနော်တို့ ဆောင်ရွက်တာပါ။ “အဲလို လုပ်တဲ့နေရာမှာ ကျနော်တို့ မြို့မိမြို့ဖတွေ နေအိမ်တွေမှာ ရှိတဲ့ ခင်နှင်းထက် ကျနော်တို့ မိတ်ဆွေတွေက တနိုင်တပိုင် ကိုယ့်အိမ်မှာကိုယ်စိုက်တဲ့ လူတွေရှိသလို နီးစပ်ရာ ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်း ဝန်းကျင်တွေမှာ နောက်ကျနော်တို့ ဒေသမှာဆိုရင် ကန်တွေရဲ့ ကန်ဘောင်တွေမှာ နောက်ပြီး မြို့အထွက်လမ်းတွေမှာ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ စိုက်ပျိုးတဲ့ သဘောပါ။”
မန်ကျည်း၊ တမာ၊ သရက်နဲ့ ဗန်ဒါပင်တွေကို အရဆကသအိးကထား စိုက်နေတာဖြစ်ပြီး ကျေးလက်ဒေသတွေအထိ သွားရောက်စိုက်ပေးမှာ ဖြစ်တယ်လို့လည်း စကု လူငယ် တာဝန်ခံ ကိုနေမျိုးကျော်က ပြောပြပါတယ်။
သတင်းရင်းမြစ်..DVB