NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ရပ်တည်ခွင့်နဲ့ ဒီပဲယင်း ဖြစ်ရပ်မှန် ဖေါ်ထုတ်ရေးတွေနဲ့ ပတ်သက် လို့ ကုလသဂ္ဂအဖွဲ့ထံ NLD ပေးပို့မယ့် အစီရင်ခံစာ အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူးကိုယ်စားလှယ် မစ်စတာ Tomas Ojeaွ်uintana နဲ့ NLD ဆွေးနွေ ပြောဆိုခဲ့ကြပါတယ်။
NLD ပါတီ ဖိနှိပ်ခံရတာတွေ၊ အခွင့်အရေး ချိုးဖေါက်ခံရတာတွကေို မစ္စတာ ကင်တာနားကို တင်ပြခဲ့ရာမှာ မစ်စတာ ကင်တားနားက ဒီကိစ္စဟာ ဥပဒေကြောင်း ကိစ္စဖြစ်နေတာမို့ သူ့မှာရှိတဲ့ ကျွမ်းကျင်သူ ဥပဒေ ပညာ ရှင်တဦးဦးနဲ့ ညှိနှိုင်းဆောင်ရွက်ပေးနိုင်ဖို့ စီစဉ်ပေးမယ်လို့ ပြောသွားကြောင်း NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။
အဲဒီ ဥပဒေ ပညာရှင်တွနေဲ့ တွေ့ဆုံ ဆွေးနွေးပြီးမှသာ ကုလသမဂ္ဂထံ ဒီအစီရင်ခံစာ တင်ပြဖို့ ဆက်လုပ်မယ် လို့လည်း ဆိုပါတယ်။
မစ်စတာ ကင်တားနား မြန်မာနိုင်ငံမှာ ရောက်နေစဉ် ပြီးခဲ့တဲ့ ဗုဒဟူးနေ့က NLD အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံစဉ်မှာ ဒီအစီရင်ခံစာအကြောင်း ဆွေးခဲ့တာ ဖြစ်ပါတယ်။ တခါ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ရှိနေတယ်ဆိုတာအပေါ် ကုလသမဂ္ဂစုံစမ်း စစ်ဆေးရေး ကော်မီတီဖွဲ့ဖို့ သူအဆိုပြုထားတာနဲ့ ပတ်သက်လို့ လည်း မစ္စတာ ကင်တားနားက ဒေါ်အောင်ဆန်းစုကြည်နဲ့ရော၊ NLD နဲ့ပါ ပြောဆိုဆွေးနွေးခဲ့တယ်လို့ သိရ ပါတယ်။
စုံစမ်း စစ်ဆေးရေး ကော်မီတီ ဆိုတာ အပြစ် ရှိမရှိ ဆုံးဖြတ်ဖို့လည်း မဟုတ်၊ တရားစွဲဆိုဖို့လည်း မဟုတ်ပဲ အချက်အလက်တွေ ပိုမိုသိသာထင်ရှားအောင်လုပ်တဲ့ ကိစ္စဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကပြောခဲ့သလို NLD အနေနဲ့လည်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မီတီဖွဲ့ရေး မစ္စတာကင်တားနားရဲ့ အဆိုပြုချက်ကို ထောက်ခံတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
ဒီလို ကော်မီတီမျိုးဖွဲ့မှသာ အချက်အလက်တွေ ပိုသိလာနိုင်မှာမို့ လုပ်သင့်တဲ့လမ်းကြောင်း တစ်ခုလို့ မစ္စတာ ကင်တားနားက ပြောသွားတယ်လို့ ဆိုပါတယ်။
အခု ခရီးစဉ်မှာ မစ္စတာ ကင်တားနားကို မြန်မာအစိုးရသစ်က ကောင်းမွန်စွာကြိုဆိုခဲ့ပြီး ဒီခရီးစဉ် ဟာ အောင်မြင်တဲ့ခရီးစဉ်လို့ ယူဆနိုင်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ လျှော့ နည်းသွားနိုင်ဖို့ မျှော်လင့်နေကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။
source; BBC