ဒီမိုကရေစီပန်းတိုင် အမြန်ရောက်ရှိနိုင်ပါစေ။

Saturday, August 27, 2011

နိုင်ငံရေး အကျဥ်းသား လွှတ်ပေးရေး တင်ပြမှု လွှတ်တော်က လက်ခံ

နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သင်္ကန်းကျွန်းမြို့နယ် လွှတ်တော် အမတ် ဦးသိန်းညွန့် တင်သွင်းတဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အဆိုကို နိုင်ငံတော် သမ္မထံ တင်သွင်းဖို့ လွှတ်တော်က သဘောတူ လက်ခံပြီလို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ အစိုးရက ငြင်းဆိုနေတဲ့အတွက် ယုံကြည်ချက်ကြောင့် အကျဥ်း ကျခံနေရသူများဆိုတဲ့ စကားရပ်ကို သုံးစွဲပြီး ကြာသပတေးနေ့က တင်သွင်းခဲ့တဲ့ အဆိုကို ဒီကနေ့ လွှတ်တော် အစည်းအဝေးမှာ လက်ခံလိုက်ကြောင်း ဦးသိန်းညွန့်က ပြောပါတယ်။ ဒီကနေ့ လွှတ်တော် အစည်းအဝေးမှာ ဦးသိန်းညွန့် တင်သွင်းတဲ့ နိုင်ငံရေးအကျဉ်းသား အရေးနဲ့ ပတ်သက်တဲ့ အဆိုကိုသာ အဓိကဆွေးနွေးခဲ့ ကြကြောင်း အမတ် ၁၅ ဦးက ထောက်ခံဆွေးနွေးပြီး လွှတ်တော်က အတည်ပြုလိုက်တာ ဖြစ်တယ်လို့ ဆိုပါ တယ်။ ထောက်ခံ ဆွေးနွေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါ တီက အမတ် ၂ ဦး နဲ့ တိုင်းရင်းသား ပါတီတွေက ကိုယ်စားလှယ်တွေအပြင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂ ဦးပါ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
source; Rfa