အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရုံးတွင် ပြည်နယ်နှင့်တိုင်းများမှ တောင်သူလယ်သမားများအတွက် ပညာပေးသင်တန်း အပတ်စဉ်(၁) ကို
ဧပြီလ ၂၆ ရက်မှ စတင်ကျင်းပပြုလုပ်ပါသည်။ ပထမအသုတ်အဖြစ် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊
များမှ တောင်သူလယ်သမား ၃၆ ဦးတတ်ရောက်ဆွေးနွေးပါသည်။ သင်တန်းကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်နှင့် အဖွဲ့ချုပ် ခေါင်းဆောင်များတတ်ရောက် ဖွင့်လှစ်ပေးပါသည်။ ဒေါ်အောင်ဆန်းစုကြည်မှ “တိုင်းပြည်ရဲ့ အခြေအနေ တိုးတက်ဖို့ဆိုရင် လယ်သမားများရဲ့ အခြေအနေကို မမြှင့်တင်လို့မရဘူး။ အဲလိုမြှင့်တင်ရာမှာ လယ်သမားတွေရဲ့ သားသမီးတွေ ပညာရေး မြင့်လာအောင် မြှင့်တင်ကြရမည်"ဟု ဖွင့်ပွဲအမှာစကား ပြောကြားရာတွင် လမ်းညွန်ထည့်သွင်းပြောကြားပါသည်။
သင်တန်းမှာ ၃ ရက်ကြာမြင့်မည်ဖြစ်ပြီး မင်္ဂလာမြန်မာ အန်ဂျီအို အဖွဲ့မှ လယ်ယာစိုက်ပျိုးရေး ကျွမ်းကျင်သူ ဒေါက်တာ နှစ်ဦးမှ လာရောက်ပို့ချ ကြပါသည်။
ပညာပေးသင်တန်းတတ်ရောက်ပြီး တောင်သူလယ်သမားများမှာ ဒေသတွင်းပြန်လည်ရောက်ရှိပါက ဆင့်ပွါးသင်တန်းများ ပြန်လည်ပို့ချပေးနိုင် သည်အထိစီစဉ်ဆောင်ရွက်ပေးမည်

ပညာပေးသင်တန်းများကို ဆက်လက်ပို့ချပေးသွားမည်ဖြစ်ပါ