၂၃.၄.၂၀၁၁ (စနေ) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ၁၀ နှစ်ပြည့် အခမ်းအနား အား နံနက် (၉း၀၀) နာရီအချိန်တွင် စာရေးဆရာ၊ ဒါရိုက်တာ၊ နာယကကြီး ကျေးဇူးရှင် ဘဘဦးသုခ ၏ ရုပ်ထုဖွင့်ပွဲအခမ်းအနားဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။ထိုဖွင့်ပွဲအခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်
ဘဘ ဦးဝင်းတင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) ၁၀ နှစ်ပြည့်အခမ်းအနား ဘဘဦးသုခ ရုပ်တုဖွင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဦးကျော်သူမှ ဒေါ်အောင်ဆန်းစုကြည်အား မျက်စိစမ်းသပ်ခန်း ၊ သွားဆေးခန်း ၊ သုခအလင်းစာကြည့်တိုက် ၊ သုခအာဟာရစားသောက်ဆိုင် ၊ နာရေးကူညီမှုအသင်းအဆောက်အဦး အနေအထား များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ၁၀နှစ်တာအများပြည်သူများအားပေးဆပ်ပုံ ပုံရိပ်မှတ်တမ်းများ ကို လိုက်လံရှင်းလင်းပြသပါသည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်မှ နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ အမေရိကန်ဒေါ်လာ တစ်သောင်းခွဲ လှူဒါန်းခဲ့ပြီး
နာရေးကူညီမှုအသင်း(ရန်ကုန်) အလုပ်အမှုဆောင်အဖွဲ့နှင့်အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။

