ဒီမိုကရေစီပန်းတိုင် အမြန်ရောက်ရှိနိုင်ပါစေ။

Tuesday, October 12, 2010

ဦးအုန်းကြိုင်နှင့်အဖွဲ့ လွိုင်ကော် အဖွဲ့ချုပ်ဝင်များနှင့် တွေ့ဆုံ


ခင်နှင်းထက် ၈ အောက်တိုဘာ ၂၀၁၀ - DVB

ရွေးကောက်ပွဲမှာ မဲမပေးဘဲ နေလို့ရကြောင်း မြို့နယ် အဖွဲ့ချုပ်ဝင်တွေကို လိုက်ရှင်းပြနေတဲ့ အဖွဲ့ချုပ်ဗဟိုဦးစီးအဖွဲ့ဝင် ဦးအုန်းကြိုင်နဲ့ အ ဖွဲ့ဟာ မနေ့က ကယားပြည်နယ် လွိုင်ကော်မြို့က အမာခံအဖွဲ့ချုပ်ဝင်တချို့နဲ့ တွေ့ ဆုံခဲ့တယ်လို့ သိရပါတယ်။

ကယားပြည်နယ်က အဖွဲ့ချုပ်ဝင်တွေနဲ့ ကင်းကွာနေတဲ့အတွက် နယ်မြေခံ အဖွဲ့ချုပ်ခေါင်းဆောင် အားလုံးနဲ့ တွေ့ဖို့အခက်အခဲ ရှိနေတဲ့အကြောင်း ဦးအုန်း ကြိုင်က အခုလို ပြောပြပါတယ်။ “ကြိုတင်ပြီတော့ စီစဉ်ပေမယ့်လို့ အဖွဲ့ချုပ်နဲ့ ကင်းကွာနေတာလည်း ကြာ တော့ ကျနော်တို့ရဲ့ စည်း±ုံးရေးအဖွဲ့ဝင်တော်တော်များများဟာ တချို့ကလည်း ကျန်းမာရေးကြောင့် နားကြပေါ့ဗျာ၊ တချို့ကလည်း စီးပွားရေးလုပ်ရင်းနဲ့ ကျနော်တို့ အဲဒါ စုစည်းပေးဖို့ တချို့လည်း ခရီးလွန်နေကြတာနဲ့ တချို့လည်းပဲ အကြောင်း ကြောင်းကြောင့် အဆင်သင့် မဖြစ်ကြတာနဲ့ ကျနော်တို့ စုစည်းဖို့ပဲ ဆွေးနွေးနိုင်ခဲ့ တာခင်ဗျ၊ ဘာမှ ကျနော်တို့၊ ဘာလဲဆိုတော့ တကယ့် ဟိုတုန်းက စည်းဟောင်းတွေ ဘာတွေနဲ့က မတွေ့ခဲ့ရဘူးလေ။ ထောက်ခံတဲ့ အမာခံတွေလောက်ပဲ အဲဒီမှာ ရှိ တော တာကိုး။

“အဲဒီတော့ ကျနော်တို့က ပြန်ပြီးတော့ အချိန်ယူပြီးတော့ စုစည်းဖို့ အချိန် ယူပြီး လုပ်ရမယ့် သဘောပဲ၊ သူတို့ကတော့ လိုလိုလားလားပါပဲ တွေ့ခဲ့တဲ့ အမာခံ တွေကတော့၊ ပြန်ပြီးတော့ စုစုစည်းစည်းဖြစ်အောင် ပြန်လုပ်မယ်၊ ပြန်ပြီးတော့ ဒီ ငုတ်တွေ ပြန်ဖော်ပြီးတော့ စုစည်းမယ်လို့ ပြောပါတယ်၊ ဒါပေမယ့် နည်းနည်းတော့ အချိန်ယူပြီးတော့ ကြိုးစားရဦးမယ်လို့ အဲဒီလိုပြောပါတယ်။”

မကြာခင်ရက်ပိုင်းအတွင်း ကယားပြည်နယ်ကို ထပ်သွားရဦးမယ်လို့လည်း ဦးအုန်းကြိုင်က ပြောပါတယ်။ လွိုင်ကော်မြို့မှာ နယ်မြေခံအာဏာပိုင်တွေက လုံòခံရေး အထူးတင်းကျပ် ထားတယ်လို့လည်း ဦးအုန်းကြိုင်က ပြောပြပါတယ်။

ဦးအုန်းကြိုင်နဲ့အဖွဲ့ဟာ မနက် ဖြန်မှာတော့ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်က အဖွဲ့ချုပ်ဝင်တွေနဲ့ တွေ့ဆုံပြီး ရွေး ကောက်ပွဲ သပိတ်မှောက်ရေးနဲ့ မဲမပေးဘဲ နေလို့လည်း ရတယ်ဆိုတဲ့ အကြောင်း တွေ ရှင်းပြမယ်လို့လည်း ပြောပြသွားပါတယ်။