အန်အယ်လ်ဒီ ပါတီပြန်ကြားရေးအဖွဲ့ဝင် ဦးဉာဏ်ဝင်းကို ရဲ သတင်းတပ်ဖွဲ့က ဒီကနေ့ခေါ်တွေ့ပြီး ဒေါ် အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားတဲ့ အမှုနဲ့ပတ်သက်ပြီး အချက် ၂ ချက် ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ ညနေ ၄ နာရီလောက်က ခေါ်တွေ့တာဖြစ်ပြီး ရဲသတင်းတပ်ဖွဲ့က ပြောကြားလိုက်တာတွေကို ဦးဉာဏ်ဝင်းက အခုလို ပြောပြပါတယ်။
“သတင်းတပ်ဖွဲ့က ခေါ်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကိစ္စကို ပြော တာပဲ ရှိပါတယ်၊ တခြားဘာမှ မရှိပါဘူး။ သူတို့အနေနဲ့ ဒီအမှုကိစ္စတွေ အတွက် warning list တွေကို စောင့်ကြည့်ပါ၊ နောက်တခုက ကျနော်တို့ ဒေါ်အောင် ဆန်းစုကြည်ရဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီးတော့ တွေ့ဆုံခွင့် ရရှိနိုင်ပါတယ်၊ ကျနော်က စာတင်ထားတယ်၊ အခုတွေ့ခွင့်မရဘူး။
အဲဒါပဲ ပြောတာပါ၊ ဒီနေ့ အတွက်တော့။” ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားတဲ့ အမှုအတွက် မေ လ ၁ဝ ရက်နေ့ ကတည်းက ရန်ကုန်တိုင်း တရားရုံးချုပ်ထံ အထူးအယူခံတင် ထား တာဖြစ်ပြီး အခု ၄ လကျော်ကြာတဲ့အထိ လျှောက်လဲချက်ပေးဖို့ ၇ုံးချိန်းမရသေး ကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။
သတင်းရင်းမြစ်..DVB