ဒီမိုကရေစီပန်းတိုင် အမြန်ရောက်ရှိနိုင်ပါစေ။

Friday, September 17, 2010

အန်အယ်လ်ဒီပါတီ လက်ရှိလုပ်ငန်းစဉ်များ ဆက်လုပ်သွားမည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးပါတီအဖြစ်က နေဖျက်သိမ်းတယ်ဆိုတဲ့ ကော်မရှင်ရဲ့ ကြေညာချက်ဟာ တရားဝင်မှုမရှိဘူးလို့ ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။ အခုလို ပါတီဖျက်သိမ်းကြောင်း ကော်မရှင်က ကြေညာလိုက်တာနဲ့ ပတ် သက်ပြီး ဒီကနေ့ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးရဲ့ နေအိမ်မှာ အစည်းအဝေးပြုလုပ်ပြီး အချက် ၃ ချက်ပါတဲ့ သတင်းထုတ်ပြန်ချက်ပြုလုပ်ခဲ့ပါတယ်။

ဒီအချက်တွေကို ဦးဉာဏ်ဝင်း က အခုလို ပြောပြပါတယ်။ “နံပါတ် ၁ အချက်က အဲဒီလို အန်အယ်လ်ဒီကဲ့သို့ မှတ်ပုံမတင်ထားတဲ့ ပါတီတွေအပေါ်မှာ အခုလိုပယ်ဖျက်ကြောင်း အမိန့်ကြော်ငြာစာကော်မရှင်မှာ ထုတ် ပိုင်ခွင့်မရှိဘူး။ ကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေတွေမှာ ဒီ ကိစ္စနဲ့ပတ်သက်ပြီးတော့ ကော်မရှင်ကို အာဏာအပ်နှင်းထားခြင်းမရှိဘူး။ “နံပါတ် ၂ အချက်အနေနဲ့က အခုလက်ရှိ ကော်မရှင် ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွေ အရ နိုင်ငံရေးပါတီဆိုတဲ့ အရ အဓိပ္ပါယ်ဖွင့်
ဆိုချက် ပါတယ်။

ပါတီဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ပါတယ်။ အဲဒီအဓိပ္ပာယ်ဖွင့်ဆိုချက်များအရ လက်ရှိ ကော်မရှင်က သူ့ထံမှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီများအတွက်သာဖြစ်တယ်။ “တတိယအချက်အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဥပဒေအမှတ် ၄/၈၈ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ မှတ်ပုံတင်ထားတယ်။ အဖွဲ့ချုပ် အနေနဲ့ အဲဒီဥပဒေအရ မှတ်ပုံတင်ထားပြီး အဲဒီဥပဒေအရ ပြစ်မှုတစုံတရာ ကျူး လွန်ခြင်း မရှိဘူးဆိုတဲ့အချက် ဒီသုံးချက်ကို သတင်းထုတ်ပြန်ခဲ့ပါတယ်။”

အန်အယ်ဒီ ဟာ တရားဝင်ပါတီအဖြစ် ရှိနေဆဲဖြစ်ပြီး လက်ရှိလုပ်နေတဲ့ လုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။ “ကျနော်တို့ အဲဒီလို ပယ်ဖျက်တယ်ဆိုတဲ့ ပြဿနာက မတ်လ ၈ ရက်နေ့ ကထုတ်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေမှာကတည်းက ကျနော်တို့ ပုဒ်မ-၂၅ အရ ရက်ပေါင်း ၆ဝ အတွင်း ထပ်မံမှတ်ပုံမတင်ရင် နိုင်ငံရေးပါတီအဖြစ် ပျက်ပျယ်ပြီဖြစ်တယ်လို့ အဲဒီလိုပြောတယ်။

အဲဒီအချိန်ကတည်းက အဲဒီ ဥပဒေပါ အချက်အလက်ကို ကျနော်တို့တရားစီရင်ရေး ဥပဒေလမ်းကြောင်းနဲ့ ရင်ဆိုင်ဖြေရှင်း ဖို့ ကြိုးစားဆောင်ရွက်နေတယ်။ “မပြီးပြတ်သေးဘူး။ အဲဒါကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အရ ဒီကိစ္စဟာ ပြောထားပြီးဖြစ်ပါတယ်။ အခုထပ်မံထုတ်တဲ့ ကြေညာချက်က ဘာ မှ အသစ်ထူးဆန်းတာမပါဘူး။ ဥပဒေအချက်အလက်ကိုတောင် လွှဲမှားပြီးတော့ ထုတ်ပြန်တဲ့ ကြေညာချက်ဖြစ်တယ်လို့ အဲဒီလိုပဲ အန်အယ်လ်ဒီကခံယူထားတယ်။” ပါတီကျစ်လစ်ခိုင်မာရေးနဲ့ စုစည်းညီညွတ်ရေးအတွက် ပြည်နယ်နဲ့တိုင်းတွေ ဆီသွားနေတဲ့ ခရီးစဉ်တွေကိုလည်း ဆက်လုပ်သွားမှာဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပြသွားပါတယ်။

အခုလောလောဆယ် မန္တလေး၊ စစ်ကိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတွေဆီ သွားနေတဲ့ ဦးအုန်းကြိုင်ဦးဆောင်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကတော့ မနေ့က ရွှေဘို ခရိုင်အတွင်းက မြို့နယ်စည်းအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီအကြောင်းကို ဦးအုန်းကြိုင်က အခုလို ပြောပြပါတယ်။ “အဲဒီမှာ ဥပဒေမှာ ပြဌာန်းထားတဲ့အတိုင်း လူတယောက်ဟာ မိမိဆန္ဒအ လျှောက်မဲပေးပိုင်ခွင့်ရှိသလို မဲမပေးပဲလဲ ဥပဒေနဲ့အညီ နေထိုင်ခွင့်ရှိတယ်ဆိုတဲ့ အဲဒီ ဥပဒေပါ အခွင့်အရေးကို အသုံးချပြီးတော့ ဒေါ်အောင်ဆန်းစုကြည်မှာ ကြားထားတဲ့ အတိုင်း ကိုယ်ကြိုက်တဲ့လူပါသလား။

ကိုယ်ကြိုက်တဲ့လူပါရင် ရွေးကောက်ပွဲမှာသွား ပြီး မဲပေးပေါ့။ “ကိုယ်ကြိုက်တဲ့လူမပါရင်တော့ မဲမပေးပဲနေမယ်ဆိုရင်လည်း နေနိုင်တဲ့အ ခွင့်အရေးရှိတယ်။ အဲဒီဟာကို ကျနော်တို့က ဥပဒေကိုးကား အထောက်အထား တွေနဲ့ ရှင်းပြပါတယ်။ ကျန်တဲ့ပုဂ္ဂိုလ်တွေကလည်း သူတို့ ဒါကိုသဘောတူလက်ခံ တယ်ဆိုတဲ့အကြောင်း ဒါတွေကိုဥပဒေအကိုးအကားတွေနဲ့ပဲ ကျနော်တို့စိတ်တူသ ဘောတူ ရဲဘော်တွေ သူတို့မြို့နယ်ပြန်ရောက်တဲ့အခါ သူတို့ဒီဆွေးနွေးပွဲကို တက်မ လာနိုင်တဲ့ လူတွေကို သူတို့ရှင်းပြမယ်။

“အဲဒီကတဆင့် မဲန္ဒရှင်ပြည်သူတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့မှာ ကြားချက်ဖြစ်တဲ့ ဥပဒေတွေကို သိအောင်ကော်မရှင်ဥပဒေ၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို သေချာလေ့လာပါ။ မရှင်းလင်းလို့ရှိရင်လည်း ရှင်းလင်းအောင် မေးပါမြန်း ပါ။ ကျနော်တို့ စိတ်တူသဘောတူရှိတဲ့ ကျနော်တို့ရဲ့ ဒီမိုကရေစီရဲဘော်တွေကလည်း အကျိုးအကြောင်းတွေကို ရှင်းပြပါ။ “ကျကျနနရှင်းပြပြီးတော့ အဲဒီလိုသိအောင် အရင်လုပ်ပြီးတော့မှ မဲပေးတာ ဟာ အဓိပ္ပါယ်ရှိပါတယ်၊ အဲဒီလို မသိပဲနဲ့ သွားမဲပေးလို့တော့ဖြင့် ဘာမှ မဲတပြား ဟာ တန်ဘိုးရှိမှာမဟုတ်ပါဘူးဆိုတဲ့ဟာကို ကျနော်တို့ ထပ်ပြီး ရှင်းပြပါတယ်။”

သူတို့အဖွဲ့ဟာ ဒီကနေ့ ရန်ကုန်မျြိ့ကို ပြန်မှာဖြစ်ပြီး ဗဟိုရဲ့ညွန်ကြားချက်အ တိုင်း လုပ်စရာရှိတာတွေကို ဆက်လက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဦးအုန်း ကြိုင်က ပြောပါတယ်။


သတင်းရင်းမြစ်..DVB