ဒီမိုကရေစီပန်းတိုင် အမြန်ရောက်ရှိနိုင်ပါစေ။

Friday, July 23, 2010

အဖွဲ့ချုပ်ပဲခူးတိုင်းကို ဗဟိုအလုပ်အမှုဆောင်ဦးဉာဏ်ဝင်းက တွေ့ဆုံ ဆွေးနွေး

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်ရှိ နေအိမ်တခုမှာ ဗဟို အလုပ် အမှုဆောင် ကော်မတီဝင်တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းနဲ့ ပဲခူးတိုင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ ဒီနေ့ တွေ့ဆုံ ဆွေးနွေးကြပါတယ်။ ပဲခူးတိုင်း အရှေ့ခြမ်း၊ အနောက်ခြမ်း၊ ပြည်ဘက်က အဖွဲ့ချုပ်ဝင် ၂ဝ တက် ရောက်ခဲ့တာဖြစ်ပြီး မေ ၆ ရက်နောက်ပိုင်း အဖွဲ့ချုပ်ပါတီရဲ့ ရပ်တည်ချက်၊ ပါတီ ရပ် တည်မှုအပေါ် ဥပဒေလမ်းကြောင်းနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ နောက်ပိုင်းမှာတော့ ပါ တီရပ်တည်ချက် ဥပဒေလမ်းကြောင်း ဘယ်လို ဖြစ်မယ်ဆိုတာ မပြောနိုင်တဲ့အ ကြောင်း ဦးဉာဏ်ဝင်းက ရှင်းလင်း တင်ပြခဲ့တာပါ။ တက်ရောက်လာတဲ့ ပါတီဝင်တွေကလည်း မရှင်းတာတွေကို မေးမြန်းခဲ့တယ် လို့ ဆိုပါတယ်။ ဒီလို ရှင်းလင်းချက်ကို တိုင်းနဲ့ပြည်နယ်ရှိ ပါတီဝင်အထိ ပြုလုပ်သွား မယ်လို့ ဦးဉာဏ်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

သတင်းရင်းမြစ်..DVB