ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဝင်ခွင့် ပြုမှာပါလို့ မြန် မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ပြောကြောင်း ဗီယက်နမ်က လာ တဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။ ဟနွိုင်မြို့မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက် နေတဲ့ ဦးဉာဏ်ဝင်းက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ခတ်ဆုယ အိုခါဒါနဲ့ တွေ့ဆုံတဲ့အခါ ဒီလိုပြောလိုက်တာပါ။ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်အောင် ဖွဲ့စည်းပုံ အခြေ ခံဥပဒေက တားမြစ် မထားပါဘူးလို့လည်း ဦးဉာဏ်ဝင်းက ပြောတယ်လို့ ဆိုပါ တယ်။ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းဟာ သူကိုယ်တိုင်ကတော့ ဒီ ရွေးကောက်ပွဲမှာ ဝင်အရွေးခံမှာပါလို့ အာဆီယံခေါင်းဆောင်တွေကို ပြောလိုက် တယ်လို့ ဆိုပါတယ်။ ဘယ်ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတာ ဦးဉာဏ်ဝင်းက မပြောပေ မယ့် မြန်မာ့နိုင်ငံရေးအကဲခတ် သတင်းစာဆရာ လယ်ရီဂျေဂင်ကတော့ ဦးဉာဏ်ဝင်း ဟာ ပြည်ခိုင်ဖြိုးပါတီကနေပဲ ဝင်ပြိုင်မှာပါလို့ သုံးသပ်ပါတယ်။ ပဲခူးတိုင်း ဇီးကုန်းမြို့နယ် လယ်တွင်းရွာသား ဦးဉာဏ်ဝင်းဟာ ဇီးကုန်းမြို့ ကနေ ပြည်ခိုင်ဖြိုးပါတီအမတ်အဖြစ် ဝင်ရောက်အရွေးခံမယ်လို့လည်း ဇီးကုန်းမှာ သတင်းတွေ ထွက်ပေါ် နေပါတယ်။ ဦးဉာဏ်ဝင်းဟာ ရွေးကောက်ပွဲကာလအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဇီးကုန်းနဲ့ နတ္တလင်းမြို့တို့မှာ ကျပ်သိန်းနှစ်ရာစီတန်တဲ့ အိမ်တလုံးစီ ဆောက်လုပ် ထားပြီးပြီလို့ ဒေသခံတွေက ပြောပါတယ်။
သတင်းရင်းမြစ်...DVB
သတင်းရင်းမြစ်...DVB