ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ပြင်ဆင်မှုနဲ့ပတ်သက်ပြီး တရားရုံး ဆီ လျှောက်လဲချက် ပြင်ဆင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတွေက ဒီကနေ့ တွေ့ဆုံခဲ့တယ်လို့ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပါတယ်။ တရားရုံးချုပ်မှာ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက သူ့ခွင့်ပြုချက်မပါဘဲ နေ အိမ်ပြင်ဆင်တာကို ကန့်ကွက်ကြောင်း အယူခံထပ်မံ တင်ထားတာဖြစ်ပါတယ်။
ဒါကြောင့် လျှောက်လဲချက် ပြင်ဆင်မှုအတွက် ဦးဉာဏ်ဝင်းနဲ့အတူ ရှေ့နေ ဦးကြည် ဝင်းနဲ့ ဒေါ်ခင်ဌေးကြွယ်တို့က သွားတွေ့တာဖြစ်ပါတယ်။ ဒီအခြေအနေကို ဦးဉာဏ် ဝင်း အခုလို ပြောပြပါတယ်။ “၂၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကိုယ်စားလှယ်လွှဲစာကို တရားရုံးချုပ်မှာ တင်ခဲ့ပြီးပြီ။ တရားရုံချုပ်က ဘယ်နေ့ ဘယ်ရက် ကြားနာမယ်ဆို တာ နောက်ပိုင်းကျမှ ကြော်သင်ပုန်းမှာ ကပ်မယ်။
အန်ကယ်တို့ အဲ့ဒါစောင့်ကြည့် နေရမယ်။ ကြော်သင်ပုန်းမှာ ရက်စွဲပေါ်လာရင် အဲ့ဒီရက်မှာ လျှောက်လဲချက် ပေးရ မယ်။ အိမ်ကတော့ အခုလောလောဆယ် ဆက်ပြီး ပြင်နေတာပေါ့။ နောက်ပြီးတော့ တရားရုံးမှာ ရင်ဆိုင်ရမှာပေါ့။ ဦးအောင်ဆန်းဦးတင်တဲ့ဟာကို ဒေါ်အောင်ဆန်းစု ကြည်ဖက်ကလည်း ရင်ဆိုင်ပြီးတော့ လျှောက်လဲချက်ပေးရမယ်။ ဒီအတွက် ပြင်ဆင် ဖို့သွားတာ။” အရင် နေအိမ်ပြင်ရေးကိစ္စမှာ ဦးအောင်ဆန်းဦးက ရန်ကုန်တိုင်းတရားရုံးကို တားဆီးမိန့်တင်ခဲ့ပြီး ပြီးခဲ့တဲ့ အေပြီလ ၆ ရက်နေ့က တရားရုံးက လက်မခံပဲ ပယ်ချ ပါတယ်။ ဒါကြောင့် ဧပြီလ ၂၉ ရက်နေ့မှာ တိုင်းစည်ပင်သာယာက ဒေါ်အောင် ဆန်းစုကြည်ကို နေအိမ်ပြင်ခွင့်ပေးလိုက်ပေမယ့် မေလအတွင်းမှာ ဦးအောင်ဆန်းဦး က ထပ်မံကန့်ကွက်တာဖြစ်ပါတယ်။
ရှေ့နေတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်မှာ အမေရိကန်အထက် လွှတ်တော်အမတ် ၆ ဦးရဲ့ သတင်းထုတ်ပြန်ချက်နဲ့ အဖွဲ့ချုပ်ပါတီဝင်ဟောင်းတွေ ဖွဲ့ စည်းလိုက်တဲ့ အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်)အဖွဲ့အပေါ် သဘော ထားပေးခဲ့တယ်လို့လည်း ဦးဉာဏ်ဝင်းက အခုလို ပြောပြသွားပါတယ်။ “အမေရိကန်အထက် လွှတ်တော်အမတ် ၆ ဦးပေါ့နော်၊ ပါတီနှစ်ခုစလုံးက ပါတဲ့ လွှတ်တော်အမတ် ၆ ဦးက ကြေညာချက်ထုတ်တယ်။ အဲ့ဒီ ကြေညာချက်ထဲ မှာ အန်အယ်လ်ဒီရဲ့ ရပ်တည်မှုနဲ့ တရားဝင်တည်ရှိမှုကို အသိအမှတ်ðပတယ်လို့ ဖော်ပြတယ်။
အဲဒါနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင် ကြောင်းပြောတယ်။ “နောက်တခုက (အန်ဒီအက်ဖ်) အမျိုးသားဒီမိုကရေစီအင်အားစု ပေါ့နော်၊ အန်အယ်လ်ဒီက လူဟောင်းတွေ ဖွဲ့တဲ့ပါတီ၊ ဒါနဲ့ပတ်သက်ပြီး ဒီပါတီဟာ အန် အယ်လ်ဒီရဲ့ ကိုယ်ပွားပါတီမဟုတ်ဘူး။ သူ့ဟာသူ ရပ်တည်တဲ့ ပါတီ၊ အန်အယ်လ်ဒီ နဲ့မဆိုင်ဘူး။ သူ့အမြင်က ဒီပါတီဟာ ကျန်သော မှတ်ပုံတင်သော ပါတီ ၄ဝ ထဲက တခုအဖြစ်မြင်တယ်။ အဲဒီ ရွေးကောက်ပွဲဝင်မယ့် ပါတီ ၄ဝ နဲ့ပတ်သက်ပြီးတော့ အခု လောလောဆယ် သဘောထားမှတ်ချက် မပေးဘူးလို့ ပြောပါတယ်။” ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။
ရင်းမြစ်..DVB