ဒီမိုကရေစီပန်းတိုင် အမြန်ရောက်ရှိနိုင်ပါစေ။

Saturday, June 19, 2010

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အဖွဲ့ချုပ်ဗဟိုအပြင် နယ်မြို့ များတွင် ကျင်းပ

 မနက်ဖြန်ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၆၅) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲတွေကို အဖွဲ့ချုပ်ဗဟိုအပြင် မန္တလေးအပါအဝင် နယ်မြို့ တွေမှာလည်း ကျင်းပဖို့ စီစဉ်နေကြပါတယ်။ ရန်ကုန် တောင်ဒဂုံက အဖွဲ့ချုပ်ဝင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေး နေ့ အထိမ်းမှတ်အနေနဲ့ ဆင်းရဲတဲ့ ကလေးတွေကို စတုဒီသာကျွေးပြီး ကျောင်းသုံး ပစ္စည်းတွေလည်း ပေးလှူခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ရည်ရွယ်ပြီး စာကလေး (၆၅)ကောင်လည်း လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီပွဲကို အဖွဲ့ချုပ်ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်တို့လည်း တက်ရောက်ခဲ့တယ်လို့ ဦးတင်ဦးက ပြောပါတယ်။
    မိတ္တီလာမြို့ က အဖွဲ့ချုပ်ဝင်တွေကတော့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အမှတ်တရအနေနဲ့ ဒီကနေ့ သစ်ပင်တွေစိုက်ခဲ့ကြပါတယ်။ မိတ္တီလာအဖွဲ့ချုပ်ဝင် ဒေါ်မြင့်မြင့်အေး ခုလို ပြောပါတယ်။ “မိတ္တီလာမြို့ လေးဘက်လေးလံ အနှံ့ပေါ့လေ။ ရန်ကုန်ဘက်ထွက်တဲ့ ဘုန်း ကြီးကျောင်း၊ ကျောက်ပန်းတောင်း ဘက်ထွက်တဲ့ ဘုန်းကြီးကျောင်း၊ အိမ်တွေ၊ လူနေ ရပ်ကွက်တွေ၊ မြင်းခြံဘက်ထွက်တဲ့လမ်း၊ မန္တလေးဘက် ထွက်တဲ့လမ်း အားလုံး (၆၇) ပင်ဖြစ်သွားတယ်။ နောက်ထပ် တလအတိ ပြည့်တဲ့နေ့မှာ တခေါက်ပြန် ကြည့်ကြမယ်လို့ စိတ်ကူးထားကြတယ်။ သေသွားရင် ပြန်ဖြည့်မယ်၊ နောက် သရက်မျိုးတွေ ဘာတွေလည်း ပြန်ဖြည့်မယ် စီစဉ်ထားတယ်။ တလပြည့်တဲ့အခါ သွားကြည့်မယ်၊ ထပ်စိုက်မယ်လို့လည်း စီစဉ်ထားတယ်။ ကျမတို့က လစဉ် တလတခါတောင်မှ လုပ်သင့်တယ်လို့ စဉ်းစားထားပါတယ်။” ရခိုင်ပြည်နယ်ဘက်မှာလည်း တောင်ကုတ် မင်းပြား၊ စစ်တွေ အပါအဝင် မြို့ နယ် (၈) မြို့ နယ်မှာလည်း အဖွဲ့ချုပ်ဝင်တွေက ဦးဆောင်ပြီး သစ်ပင်စိုက်ပျိုးရေး လုပ်နေ ရာ အခုလ (၁၂)ရက်နေ့ကနေ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိ ဆက်လုပ် သွား မယ်လို့ ပြည်နယ်စည်း ဦးသိန်းလှိုင်က ပြောပါတယ်။ တောင်ဒဂုံဘက်မှာတော့ ပင်စင်ယူထားတဲ့ အမျိုးသား (၁၅)ဦးက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ရည်ရွယ်ပြီး ဇွန်လ (၁၉)ရက်နေ့မှာ တရားစခန်းဝင်မယ်လို့ သိရပါတယ်။ “ရပ်ကွက်က အန်အယ်ဒီ အဖွဲ့ဝင်လည်း မဟုတ်ဘူး၊ နိုင်ငံရေးသမားတွေလည်း မဟုတ်ဘူး၊ သူတို့ အုပ်စုကနေပြီးတော့မှ ကမ္ဘာအေးက ညောင်ရမ်းဘုရားမှာ သူတို့ ရပ်ကွက်က လူတွေက ဒေါ်အောင်ဆန်းစုကြည်အတွက် (၁၅)ယောက် တရား ထိုင်မယ်၊ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်အောင်၊ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့က နေပြီးတော့ (၇)လပိုင်း (၂၆) ရက်နေ့အထိ၊ တရားထိုင်ကြမယ်။” အခုတော့ စနေနေ့မှာ မွေးနေ့ပွဲတွေ ကျင်းပမယ့်အကြောင်း ပြောလိုပါ တယ်။ အဖွဲ့ချုပ်ဗဟိုမှာတော့ အမျိုးသမီးလုပ်ငန်းအဖွဲ့က ဦးဆောင်ပြီး ရန်ကုန် ဆယ်မိုင်ကုန်းက လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်းကြည်ရဲ့ နေအိမ်မှာ ကျင်းပမှာပါ။
    အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ဆန္ဒအတိုင်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေရဲ့ သားသမီးတွေကို ပညာသင်စရိတ်ထောက်ပံ့တာနဲ့ သင်ထောက် ကူပစ္စည်းတွေ ပေးလှူမှာဖြစ်ပါတယ်။ ဒီအစီစဉ် အပြင်  “လူငယ်အမျိုးသမီးလေးတွေကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကောက် နှုတ်ချက်တွေကို ဖတ်ကြားမှာ ဖြစ်ပါတယ်။ ဖတ်ကြားပြီး တော့ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေ နိုင်ငံတကာမှာရှိတဲ့ အမျိုးသမီးတွေရဲ့ အတုယူ ဖွယ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားတွေ မိန့်ခွန်းတွေကို ကျမတို့က နားထောင်ရုံတင် မဟုတ်ဘဲနဲ့ သူ့ရဲ့စိတ်ရဓာတ် သူ့ရဲ့သတ္တိတွေကို ကျမတို့က အတု ယူဖွယ် ဖြစ်အောင်လို့ ဒီလူငယ် အမျိုးသမီးလေးတွေကနေ ဖတ်ကြားခဲ့တဲ့ဟာကို စိတ်အရင်းခံနဲ့ နားထောင်ပြီးတော့ တကယ်တန်း လိုက်ပြီးတော့ လုပ်ဖို့အတွက်လည်း နှိုးဆော်တိုက်တွန်းပါမယ်။” အဖွဲ့ချုပ်ဗဟို အမျိုးသမီးအဖွဲ့ခေါင်းဆောင် ဒေါ်အေးအေးမာ ပြောပြခဲ့ပါတယ်။  
           သူတို့အဖွဲ့ဟာ ပဲခူးမြို့ နယ် ငှက်ပျော်တောကျေးရွာနဲ့ ဖော့စွဲကျေးရွာ (၂)ခု ရွာအတွက် (၁၆)သိန်း အကုန်ကျခံ တူးဖေါ်ထားတဲ့ ရေတွင်း ရေကန်တွေကိုလည်း ကြာသပတေးနေ့ကပဲ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အလှူအဖြစ် ပေးအပ်လှူဒါန်း ပွဲ ပြုလုပ်ခဲ့ပါတယ်။ မန္တလေးတိုင်းဘက်မှာတော့ မြို့ နယ်ပေါင်း ၂ဝ ကျော်က အဖွဲ့ချုပ်ဝင်တွေစု ပေါင်းပြီး တိုင်းစည်း ဦးကိုကြီးနေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၆၅)နှစ် ပြည့်မွေးနေ့ပွဲကို တနေကုန် ကျင်းပမယ်လို့ ဦးကိုကြီးက ပြောပါတယ်။ အလားတူ မကွေး၊ ပဲခူး၊ ဘိုကလေး အပါအဝင် မြို့ နယ်အတော်များများမှာလည်း မွေးနေ့အထိမ်းအမှတ်ပွဲတွေ ပြုလုပ်ကြမယ်လို့ သိရပါတယ်။ 
ရင်းမြစ်- DVB