ဒီမိုကရေစီပန်းတိုင် အမြန်ရောက်ရှိနိုင်ပါစေ။

Friday, June 4, 2010

အဖွဲ့ချုပ်၏ နိုင်ငံတကာဆက်ဆံရေးကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုးဒေါ်အောင်ဆန်းစုကြည်ကျေနပ်..


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ နိုင်ငံတကာ သံတမန်တွေရဲ့ ဆက်ဆံရေးအပေါ်မှာ အားရကျေနပ်မှု ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေကြီးများ ဖြစ်ကြတဲ့ ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်းနဲ့ ဒေါ်ခင်ဌေ့းကယ်တို့ ဒီကနေ့ ဇွန်လ ၃ ရက် နေ့လည်က တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ နိုင်ငံခြား သံတမန်တွေရဲ့ တွေ့ဆုံပွဲတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ပါတီပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီး ဦးဥာဏ်ဝင်းက အခုလို ပြောပြပါတယ်။

“ သူက နိုင်ငံခြားဧည့်သည်တို့၊ သံရုံးတို့နဲ့ အဆက်အသွယ် ပြုလုပ်တာဟာ ကောင်းတယ်လို့ ဒါ အရင်ကတည်းက ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ တဦးနဲ့တဦး နားလည်မှုရှိမှ အလုပ်ပေါ်လာတဲ့အခါ ညှိနှိုင်းရ လွယ်တယ်ပေါ့။ ဒါဟာ တွေ့ဆုံသင့်၊ တွေ့ဆုံထိုက်တာတွေ တွေ့ရမှာပဲလို့ ပြောတယ်။”

အဖွဲ့ချုပ်အဖွဲ့ဝင်တွေရဲ့ လူမှုရေးလုပ်ငန်းတွေပေါ်မှာ သူ့အနေနဲ့ အားရကျေနပ်မှု ရှိကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်လို့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောပါတယ်။ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးရဲ့ နေအိမ်ပြင်ဆင်မှု အယူခံကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတွေ ဒီကနေ့ နှစ်နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ရင်းမြစ်...RFA