မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရ၏ ဖိတ်ကြားချက်အရ နေပြည်တော် တွင် ပြုလုပ်မည့် နိုင်ငံတော် စီးပွားရေး ဖွံဖြိုးရေးမှုအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုးသားအဆင့် အ လုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ရန် ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့မှ ထွက်ခွာသွားပြီဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲဖွင့်ပွဲကို ယနေ့ နေလယ် ၁ နာရီတွင် ကျင်းပမည်ဖြစ်ရာ ၁၂ နာရီ မိနစ် ၃၀ တွင် ဆွေးနွေး ပွဲခန်းမသို့ ကြိုတင်ရောက်ရှိရန် ဖိတ်ကြားခံရသည့် ကိုယ်စားလှယ်များကို ဆော်သြထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရရုံးစိုက်ရာ နေပြည်တော်သို့ ပထမဆုံး သွားရောက်ခြင်း ဖြစ်သည်။အဆိုပါ ဆွေးနွေးပွဲဖွင့်ပွဲကို ယနေ့ နေလယ် ၁ နာရီတွင် ကျင်းပမည်ဖြစ်ရာ ၁၂ နာရီ မိနစ် ၃၀ တွင် ဆွေးနွေး ပွဲခန်းမသို့ ကြိုတင်ရောက်ရှိရန် ဖိတ်ကြားခံရသည့် ကိုယ်စားလှယ်များကို ဆော်သြထားသည်။
အတူလိုက်ပါသွားသည့် လုံခြုံရေးတာဝန်ခံ ကိုကျော်စိုးဝင်းက “ကျနော်တို့ အခုနေပြည်တော်သွားနေပြီ။ လမ်းမှာပါ၊ ဆွေးနွေးပွဲအမီ ရောက်မှာပါ” ဟု ဆိုသည်။
ဆွေးနွေးပွဲ တက်ရောက်ရန် အလုပ်ရုံဆွေးနွေးပွဲ ကော်မတီက ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သည့် ဗုဒ္ဓ ဟူးနေ့က ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် တဦးကလည်း “ဒေါ်အောင်ဆန်းစုကြည် အစည်းအဝေး တက်ဖို့အတွက် စီးပွားရေး ဆိုင်ရာ စာအုပ်စာတမ်းတွေကို လေ့လာဖို့ စုခိုင်းထားတယ်” ဟု ပြောသည်။
ဆွေးနွေးပွဲကို သမ္မတ ဦးသိန်းစိန်က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေး နိုင်ကြောင်း ၎င်းက ဆိုသည်။
ဆွေးနွေးပွဲကို သုံးရက်ကြာ ကျင်းပမည်ဖြစ်ပြီး ယနေ့ ဆွေးနွေးပွဲကို နေ့လယ် ၂ နာရီမှ ညနေ ၆ နာရီအထိ ကျင်းပမည်ဖြစ်ကာ စနေနေ့တွင် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ၊ တနင်္ဂနွေနေ့တွင် နေ့လယ် ၁ နာရီမှ ညနေ ၃ နာရီအထိ ကျင်းပမည် ဖြစ်သည်။
ဆွေးနွေးပွဲကို တခြားသော နိုင်ငံရေးပါတီ ၃၇ ပါတီနှင့် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး နယ်ပယ်များမှ လူ ပုဂ္ဂိုလ်ပေါင်း ၅၀၀ ခန့် တက်ရောက်ရန် ဖိတ်ကြားထားသည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင်လဆန်းက သားဖြစ်သူ ကိုထိန်လင်းနှင့်အတူ ပုဂံဒေသသို့ ဘုရားဖူး ထွက်ခဲ့ပြီး သြဂုတ် ၁၄ ရက်နေ့က နေအိမ်အကျယ်ချုပ်မှလွတ်မြောက်ခဲ့ပြီး ပထမဆုံးနိုင်ငံရေး ခရီးစဉ်အဖြစ် ပဲခူးနှင့် သနပ်ပင်မြို့နယ်များသို့ သွားရောက်ခဲ့သည်။ ယခု နေပြည်တော် ခရီးစဉ်သည် ရန်ကုန်မြို့ပြင်ပသို့ ထွက်သည့် ၎င်း၏ တတိယ ခရီးစဉ်ဖြစ်သည်။
source; Irrawaddy
