စာရေးဆရာသန်းစိုးနိုင်မှ အခမ်းအနားကိုမိတ်ဆက်ပေးပြီး၊၀ါရင့် နိုင်ငံရေးသမားကြီးများဖြစ်တဲ့ သခင်သိန်းမောင် ၊နိုင်ငွေသိန်း ၊ ဦးလှကွန့် ၊ ဦးဖေအောင်စတဲ့ ပုဂ္ဂိုလ်များ၊ CRPP ဦးအေးသာအောင်၊ ဦးသာဘန်း စသူများ၊ ၈၈ မျိုးဆက်များ၊ ကျောင်းသားသမ*~~ခေါင်းဆောင်ဟောင်းများ၊ NLD မှ ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ဝင်များ ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ တပြည့်တပန်း များ ၊ စာပေအနုပညာနယ်ပယ်မှ ပုဂ္ဂိုလ်များ ပရိသတ် ၁၅၀၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။
ဒီအခမ်းအနားမှာ ၊ဆရာကြီးသခင်ကိုယ်တော်မှိုင်း မကွယ်လွန်မှီက မိန့်ကြားခဲ့သည့်အတိုင်း သူမနာကိုယ်မနာ စေ့စပ်ဆွေးနွေးရေး ပြည်တွင်းငြိမ်းချမ်းရေး မှုဖြင့် လက်ရှိအမှန်တကယ် ပြည်တွင်းစစ် ချုပ်ငြိမ်းရေး၊ အဓိကလိုအပ်နေတဲ့ကာလ ဖြစ်နေတဲ့အတွက်ဆရာကြီး ဒဂုန်တာရာရဲ့ ပြည်တွင်းငြိမ်းချမ်းရေးကော်မတီဖွဲ့စည်းရေးကိုလည်း အခမ်းအနားတွင် နှိုးဆော်ခဲ့ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး ပန်ကြားလွှာပါ ဆန္ဒပြုလက်မှတ်များကိုလည်း တက်ရောက်သူ ပုဂ္ဂိုလ်များက အားတက်သရော လက်မှတ်ထိုး ထောက်ခံခဲ့ကြပါသည်။ ပြည်တွင်းငြိမ်းချမ်းရေး အတွက် လက်တွေ့ဆောက်ရွက်နိုင်ရေးအတွက် ဦးလှကွန့်နဲ့ ဦးဖေအောင်တို့က ရှင်းလင်းပြခဲ့ပြီး ကဗျာဆရာ မောင်စိမ်းနီ ၊မောင်လင်းရိပ်နဲ့ မိုးဦး ဆွေညိမ်းတို့က ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ မဟာလေးချိုးကြီးများကို ရွတ်ဆိုခဲ့ကြပါတယ်။ ကဗျာဆရာ၊ဘာသာပြန်ဆရာ အံ့မောင်ကလည်း ဆရာကြီးရဲ့ကဗျာ များနဲ့ပက်သက်ပြီး ရှင်းလင်းပြခဲ့ပါသည်။
ပြည်တွင်းငြိမ်းချမ်းရေး ကော်မတီကို မကြာမီ ဖွဲ့စည်းပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားဖြစ်ကြောင်း သတင်းရရှိပါသည်။




























