ဒီမိုကရေစီပန်းတိုင် အမြန်ရောက်ရှိနိုင်ပါစေ။

Tuesday, July 12, 2011

အာဇာနည်နေ့ လွမ်းဆွတ်သတိရ အမှတ်တရ ဂုဏ်ပြု မှတ်တမ်းခွေ ထုတ်ဝေ


(၆၄)နှစ်မြောက် အာဇာနည်နေ့ လွမ်းဆွတ်သတိရ အမှတ်တရ ဂုဏ်ပြု မှတ်တမ်းခွေ ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မှ စီစဉ်ထုတ်ဝေမည်ဖြစ်ပြီး ပြည်တွင်း ပြည်ပ မှ
ဒီမိုကရေစီရေးလှုပ်ရှားသူများ ထံသို့ အခမဲ့ဖြန့်ဝေသွားမည်ဖြစ်ပါသည်။
ထိုအခွေတွင် ဗိုလ်ချုပ်အောင်ဆန်းသီချင်း (သီဆိုသူ-ခင်ညွန့်ရည်) အလေးပြုပါတယ် (သီဆိုသူ-မေလှမြိုင်)
ပြည်သူ့မျက်ရည်(သီဆိုသူ-မေလှမြိုင်) သီချင်း သုံးပုဒ်ပါဝင်ပြီးနောက်ခံ ဗီဒီယိုမှတ်တမ်းအပိုင်းများ၊ ဗိုလ်ချုပ်အောင်ဆန်း ရှားပါးဓာတ်ပုံများ နောက်ခံထည့်သွင်းထားပြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများကိုပါ ထည့်သွင်းဖော်ပြ မှတ်တမ်းတင်ထားပါသည်။ ထို့အပြင်အာဇာနည်နေ့အခမ်းအနား ကျင်းပပုံဓာတ်ပုံများ ကိုလဲထည့်သွင်းဖော်ပြထားပါသည်။ မှတ်တမ်းခွေ လိုအပ်သူများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) တွဲဘက်အတွင်းရေးမှူး နှင့် သတင်းနှင့်ပြန်ကြားရေးဌာန သို့ တိုက်ရိုက်ဆက်သွယ်မှာယူနိုင်ပြီဖြစ် ပါသည်။ ဤအခွေ တွင်ပါဝင်သော သီချင်းများ ဗီဒီယိုမှတ်တမ်းများ ဓာတ်ပုံများ ၏ မူလပိုင်ရှင်များကိုအထူးကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါသည်။