ဒီမိုကရေစီပန်းတိုင် အမြန်ရောက်ရှိနိုင်ပါစေ။

Tuesday, July 5, 2011

ယင်လပ် ၏ အောင်မြင်မှုကို ဒေါ်အောင်ဆန်းစုကြည် ကြိုဆို

ဒေါ်အောင်ဆန်းစုကြည်က ထိုင်းရွေးကောက်ပွဲအတွင် အနိုင်ရရှိထားသော ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်လောင်း ယင်လပ် ရှင်နာဝပ် ပါတီ၏ အောင်မြင်မှုကို ကြိုဆိုလိုက်သည်။ ဒီမိုကရေစီနည်းလမ်းနှင့် အများပြည်သူဆန္ဒအရ ရွေးကောင်တင်မြှောက် ခံရခြင်းကြောင့် ကြိုဆိုခြင်းဖြစ်ကြောင်း ယနေ့နံနက်က ဘုရာဖူးအပြီး သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းအစိုးရသစ်နှင့် ဆက်ဆံရေးကောင်းရန် မျှော်လင့်ပြီး ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော မြန်မာဒုက္ခသည်များကို စောင့်ရှောက်ပေးရန် မေတ္တာရပ်ခံသည်။