(၁၅) ကြိမ်မြောက် မြန်မာနိုင်ငံအမျိုးသမီးများနေ့ နှင့် (၆၆)နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်
၏မွေးနေ့အခမ်းအနားကို ထိုင်းနိုင်ငံ မဲဆောက်မြို့ တနေရာတွင် မနက် ၉ နာ၇ီမှ ၁၂ နာ၇ီအထိ
မြန်မာနိုင်ငံအမျိုးသမီးထုလှုပ်ရှားမှုကော်မတီမှ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားကို အဖွဲ့အစည်း (၁၃) ဖွဲ့ နှင့် မြန်မာရွေ့ပြောင်းအလုပ်သမားများတက်ရောက်ခဲ့ပါသည်။

(၆၆) နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ သံဃာဒါန စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို နယ်စပ်ဒေသ တနေရာတွင် နေ့လည် (၂) နာ၇ီတွင် သံဃာတော်ပေါင်း (၄၀၀)ကျော်အား မြန်မာရွေ့ပြောင်းအလုပ်သမား၊ နယ်စပ်ဒေသရှိ အဖွဲ့အစည်းများ နှင့် နယ်မြေခံ လူထုများက ဆွမ်းလောင်း လှူခဲ့ကြပါသည်။