ဝါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဇွန်လ ၁၇ ရက်နေ့က တွေ့ဆုံ စကားပြောဆိုခဲ့ကြကြောင်း သိရသည်။ ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် ၃၉ လမ်းထောင့်ရှိ ဆရာလူထုစိန်ဝင်း၏ နေအိမ်သို့ ဒေါ်အောင်ဆန်းစုကြည်က သွားရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ယခုတွေ့ဆုံမှုသည် နှစ်ဦးစလုံး အတွက် ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်ပြီး ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဒေါ်ခင်ကြည် ဈာပန၌ တွေ့ဆုံခဲ့ဖူးသော်လည်း စကားပြောဆိုခဲ့ဖူးခြင်း မရှိကြောင်းသိရသည်။
ယခု တွေ့ဆုံမှုတွင် ဆရာလူထုစိန်ဝင်း၏ ကျန်းမာရေး အခြေအနေများကို ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းခဲ့ပြီး နိုင်ငံရေး ဖြစ်စဉ်များ နှင့် ပတ်သက်၍ အမြင်ဖလှယ် ဆွေးနွေးမှုများကို မွန်းလွဲ ၂ နာရီမှ ညနေ ၃ နာရီ ၁၀ မိနစ် အချိန်အထိ ပြုလုပ်ခဲ့ကြပါသည်။
source: eleven media group and NLD