ဒီမိုကရေစီပန်းတိုင် အမြန်ရောက်ရှိနိုင်ပါစေ။

Friday, June 17, 2011

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ်ပြည့် မွေးနေ့အကြို ဈေးရောင်း ပွဲတော် ဖွင့်ပွဲ အခမ်းအနား ဓာတ်ပုံ၊ သတင်း၊

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၆) နှစ်ပြည့်မွေးနေ့ (မြန်မာအမျိုးသမီးများနေ့) အထိမ်းအမှတ် ဈေးရောင်းပွဲတော်ကို ၂၀၁၁ ဇွန်လ (၁၆) ရက်နေ့ နံနက် (၉) နာရီအချိန်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - ဌာနချုပ်တွင် စတင် ကျင်းပခဲ့ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ၄င်းအခမ်းအနားတွင် ဥတ္တရအလင်းမှ ကိုတိုးလွင်၊ မဇ္ဈိမလှိုင်းမှ ကိုရဲလွင်၊ ACID အဖွဲ့မှ ကိုဇေယျာသော်နဲ့ တေးသံရှင်အချို့က တေးသီချင်းများနဲ့ သီဆို ဖျော်ဖြေ ဧည့်ခံခဲ့ပါသည်။ အဆိုပါ ဈေးရောင်းပွဲတော်တွင် အမှတ်တရပစ္စည်းများ ရောင်းချသွားမှာ ဖြစ်ကြောင်း ၊ ရောင်းချရာမှ ရရှိတဲ့ အမြတ်ငွေများကို လူမှုရေးလုပ်ငန်းများအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားခဲ့ပါသည်။ ဈေးရောင်းပွဲတော်ကို ဇွန်လ (၁၆) ရက်နေ့မှ ဇွန်လ (၁၈) ရက်နေ့အထိ နေ့စဉ် နံနက် (၉) နာရီမှ ညနေ (၃) နာရီအထိ ခင်းကျင်း ပြသ ရောင်းချသွားမည် ဖြစ်ပါတယ်။