အမျိုးသား ဒီမီုကရေစီ အဖွဲ့ချုပ်မှဖွင့်လှစ်သော တောင်သူလယ်သမား ပညာပေးသင်တန်းအပတ်စဉ် (၁) ဒုတိယ အကြိမ် ဇွင့်ပွဲ အခမ်းအနားကို အဖွဲ့ချုပ် ဗဟို အစည်းအဝေး ခမ်းမတွင် ယနေ့မွန်းတည့် (၁၂းဝဝ) နာရီတါင်ကျင်းပသည်။
အဖွဲ့ချုပ်ဒုတိယ၊ ဥက္ကဌ ဦးတင်ဦးနှင့် အထွေထွေ အတွင်းရေမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနလာင်္ရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ လယ်သမား၊ လယ်သူမများ (၄၉) ဦး တက်ရောက်သည်။
အခမ်းအနားမှူး အဖြစ် ဗဟိုဦးစီးအဖွဲ့ဝင် ဦးစိုးဝင်းက ဆောင်ရွက်သည်။ အဖှဲ့ချုပ်ဒုတိယ၊ ဥက္ကဌ ဦးတင်ဦးမှ သင်တန်းသားများအား နှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် အထွေထွေ အတင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က အမှာစကား ပြောကြားခဲ့ပါသည်။
အထွေထွေအတွင်းရေးမှုးက ပြောကြားရာတွင် သင်တန်းဖွင့်လှစ်ရတဲ့ရည်ရွယ်ချက် တောင်သူလယ်သမားများအနေဖြင့် မိမိတို့လိုချင်တဲ့ ဘဝကိုမိမိတို့ ကိုယ်တိုင် ဆောက်တည် နိုင်ရေးရည်ရွယ်ပြီး ပို့ချပေးဖို့ဖြစကြောင်း၊ လယ်သမားများ အနေနှင့် မိမိလိုချင်သည့်ဘဝကို မိမိစိတ်တိုင်းကျ ဆောက်တည်နိုင်ရန် အချက်နှစ်ချက်ပြည့်စုံရမှာဖြစ်ကြောင်း (၁) ပညာ ဗဟုသုတ ပြည့်ဝရန်နှင့် (၂) လုပ်ပိုင်ခွင့်ရရှိဖို့ပင်ဖြစ်ကြောင်း၊ ယင်းအချက်နှစ်ချက်သည် တခုနှင့်တခု အပြန်အလှန် အကျိုး
ပြုပြီး ဒွန်တွဲလျှက် ရှိကြောင်း၊ ကျမတို့ ပထမ အသုတ် သင်တန်းတုန်းက ထူးခြားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့ကြောင်း၊ အောင်မြင်ရတဲ့ အကြောင်းရင်းသည် ဟောပြောပို့ချပေးတဲ့ ပညာရှင်ကြိုးပမ်းမှုကြောင့်မဟုတ်ပဲ တက်ရောက်လာတဲ့ တောင်သူ လယ်သမားကြီများကပါ တက်တက်ကြွကြွ ပါဝင် ဆွေးနွေး တင်ပြခဲ့ကြတာကြောင့်ဖြစ်ကြောင်း၊ ကျမတို့နိုင်ငံတွင်ပြည်သူ တရပ်လုံး ဘဝကိုမြှင့်တင်ရန်အတွက် လယ်သမားများရဲ့ အခြေအနေကို မုချမြှင့်တင် ပေးရမှာဖြစ်ကြောင်း၊ ဘာကြောင့်လဲဆိုရင် လယ်သမားများဟာ ကျမတိုရဲ့ ကျောရိုးဖြစ်နေတာကြောင့်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသော လယ်သမားများအား ကုလသမဂ္ဂ အဖွဲ့အစည်းများမှ မိမိတို့ဆိုင်ရာ ဒေသအသီးသီးတွင် ဖွံ့ဖြိုးရေး ကူညီဆောင်ရွက် ပေးနေပုံများကို မေးမြန်းရာ အထွေထွေ အတွင်းရေးမှူးမှ ပြန်လည်ရှင်းလင်းပြခဲ့ပါသည်။ လယ်သမားများက ၎င်းတို့လက်ရှိကြုံတွေ့နေရသော အခြေအနေများကို တင်ပြကြသည်။