မြန်မာနိုင်ငံသို့အလည်အပတ်ရောက်ရှိနေသော ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တော်မြောက်ဘက်ရှိ INTERNATIONAL HIGHT SCHOOL မှ ဆရာမ Sara Mortensen ဦးဆောင်သော ကျောင်းသူ၊ကျောင်းသား ၁၂ ဦးတို့ သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား ဧပြီလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီက ဌာနချုပ်ရုံး အထူးအစည်းအဝေးခန်းမတွင် တွေ့ဆုံသည်။ ယင်းကျောင်းသားအဖွဲ့တွင် နော်ဝေ နိုင်ငံသား ၂ ဦး၊ အိုက်စလန် နိုင်ငံသား ၂ ဦးတို့  လည်းပါဝင်သည်။
ကျောင်းသူကျောင်းသားများက ဂလိုဘယ်လိုက်ဇေးရှင်းအပါအ၀င် နိုင်ငံတကာရေးရာ ကိစ္စများကို စိတ်ပါဝင်စားစွာ ဆွေးနွေး မေးမြန်းကြသည်။
ဆှေးနွေးပွဲအပြီးတွင် အထွေထွေ အတွင်းရေးမှူးအား ဂါရ၀ပြုနတ်ဆက်သောအားဖြင့် တောင်အာဖရိက တေးသီချင်း တပုဒ်ကို သံပြိုင်သီဆိုကြသည်။ ထို့နောက် အထွေထွေ အတွင်းရေးမှူးနှင့် ရင်းနှီးချစ်ခင်စွာ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကျသည်။ ညနေလေးနာရီတွင် ဌာနချုပ်မှပြန်လည်ထွက်ခွာသွားခဲ့ပါသည်။