တောင်ကိုရီးယားနိုင်ငံ သမ္မတဟောင်း မစ္စတာ ကင်(မ်)ဒဲဂျူန်ဧ။် ဇနီးဖြစ်သူ မစ္စယီဟီဟိုနှင့်
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ငြိမ်းချမ်းရေးနိုဗဲလ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ ၏ အပြန်အလှန်ပေးစာ
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ငြိမ်းချမ်းရေးနိုဗဲလ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ ၏ အပြန်အလှန်ပေးစာ
Letter From Daw Aung San Suu Kyi 20.12.2010 (Korea)
တောင်ကိုရီးယားနိုင်ငံတွင်ထုတ်ဝေသည် (ဟန်ဂယောလဲ) အမည်ရှိ အထင်ကရ သတင်းစာစောင်တွင် ယနေ့ (၂၀.ဒီဇင်ဘာလ ၂၀၁၀) က တောင်ကိုရီးယားနိုင်ငံရဲ့  ၁၅ ကြိမ်မြောက် သမတ လည်းဖြစ် ၂၀၀၀ ပြည်နှစ် ငြိမ်းချမ်းရေး နိုဗဲလ် ဆုရှင်လည်းဖြစ်ခဲ့သည့် ၂၀၀၉ ခုနှစ် သြဂုန်လ ၁၈ရက်နေ့ က ကွယ်လွန်ခဲ့ သူ သမတ ကြီး မစ္စတာ ကင်(မ်)ဒဲဂျူန်ဧ။် ဇနီးဖြစ်သူ မစ္စယီဟီဟိုက မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ငြိမ်းချမ်းရေးနိုဗဲလ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ထံသို့  ပေးပို့ ခဲ့သည့် စာသ၀ဏ်နှင့် ဒေါ်အောင်ဆန်းစုကြည်မှ ပြန်လည်၍ မစ္စယီဟီဟို ထံသို့  ပြန်လည် ပေးပို့  လိုက်သည့် အပြန်အလှန် စာသ၀ဏ်ကို အထက်ဖော်ပြပါ သတင်းစာ တွင် အထူးသတင်းတရပ် အနေဖြင့် ဖော်ပြထုတ်ဝေခဲ့ပါသည်၊၊
အဆို သတင်းစာတွင်ဖော်ပြပါရှိသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စယီဟီဟို တို့ ၏ အပြန်အလှန် ပေးပိုသည့် စာသ၀ဏ်လွှာကို အမျိုးသားဒီမို ကရေစီအဖွဲ့ ချုပ် လွတ်မြောက်နယ်မြေ ကိုရီးယားဌာနခွဲ မှ အဖွဲ့ ဝင် ကိုဇော်မိုးအောင်မှ အတိအကျ ဆီလျှော်အောင်ဘာသာပြန်ထားသည်ကို အများပြည်သူတို့ အနေဖြင့် ဖတ်ရူ့  ရလေအောင် မျှဝေလိုက်ပါသည်။