ဒီမိုကရေစီပန်းတိုင် အမြန်ရောက်ရှိနိုင်ပါစေ။

Saturday, November 27, 2010

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ် အဲရစ္စသည် မြန်မာနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာ ရရှိသွားပြီ ဖြစ်ကြောင်း


ဒေါ်အောင်ဆန်းစုကြည်၏ သားကြီး အလက်ဇန္ဒား အဲရစ္စနှင့် သားငယ် ကင်မ် အဲရစ္စတို့ကို စစ်အစိုးရက ပြည်ဝင်ခွင့် မပေးခဲ့ခြင်းကြောင့် မိခင်ဖြစ်သူနှင့် ၁၀ နှစ်ကြာ တွေ့ဆုံခွင့်မရခဲ့ဘဲ ယခု ပထမဆုံးအကြိမ် ကင်မ် အဲရစ္စက ပြည်ဝင်ခွင့် ဗီဇာရရှိခြင်းဖြစ်သည်။

သားငယ် ကိုထိန်လင်းဟာ မိခင်ဖြစ်သူနဲ့ တွေ့ဆုံနိုင်ဖို့အတွက် ထိုင်းနိုင်ငံက မြန်မာသံရုံးမှာ ကြိုးပမ်းနေတာ ၂ ပတ်ကျော်ကြာပြီ ဖြစ်ပါသည်.။

သားငယ်ဖြစ်သူ ကိုထိန်လင်းကို မနက်ဖြန် မနက်တွင် လေယာဉ်ကွင်းမှာ သွားရောက် ကြိုဆိုနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က စီစဉ်နေတယ်လို့လည်း သတင်းရရှိပါသည်.။

ဓာတ်ပုံ...AP