ဒီမိုကရေစီပန်းတိုင် အမြန်ရောက်ရှိနိုင်ပါစေ။

Friday, November 5, 2010

လွှတ်တော်သစ်မှာစစ်တပ်ကြီးဆိုးမှုကို ဗိုလ်ချုပ်ကြီးဟောင်းသူရဦးတင်ဦးဝေဖန်

လွှတ်တော်ဟာ တပ်မတော်ကိုသာ လွှမ်းမိုးရမှာ ဖြစ်တယ် တပ်မတော်က ပြည်သူလူထုနဲ့ဖွဲ့ စည်းထားတဲ့လွှတ်တော်ကို လွှမ်းမိုးတာဟာ နောင်အနာဂတ်မှာ သမိုင်းကြောင်းကောင်းနိုင်မှာ မဟုတ်ဘူးဆိုပြီး NLD ခေါင်းဆောင်တဦးဖြစ်တဲ့ သူရဦးတင်ဦးက သူဖြတ်သန်းခဲ့ရတဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍတွေနဲ့ နှိုင်းယှဉ်ပြီး စာတမ်းတစောင် ပြုစုကာ နိုဝင်ဘာ ၄ ရက် ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

တပ်မတော်မှာ တာဝန် ထမ်းဆောင်ချိန်ကစပြီး ဒီကနေ့အထိ သူဖြတ်သန်းကြုံတွေ့ခဲ့ရတဲ့ ရွေးကောက်ပွဲ အတွေ့အကြုံတွေကို ဒီစာတမ်းမှာ ရေးသားထားပါတယ်။

၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြု လွှတ်တော်ခေါ်ယူဖို့အတွက် ရွေးကောက်ပွဲကျင်းပတဲ့အချိန်က တပ်မတော်ရဲ့ အခန်းကဏ္ဍ၊ အဲဒီနောက် ၁၉၅၂ ခုနှစ် ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ဆောင်ရွက်နေချိန် ရွေးကောက်ပွဲကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ကျင်းပနိုင်ဖို့ တပ်မတော်သားတွေ လိုက်နာရမဲ့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်ခဲ့ပုံတွေ၊ ၁၉၅၆ ခုနှစ်ကစပြီး တပ်မတော်မှာ နိုင်ငံရေးတွေ ပါဝင်ပတ်သက်လာခဲ့တာကြောင့် အမဲစက်တွေ စွန်းထင်းခဲ့ရပုံတွေ နဲ့ ၁၉၆၀ ရွေးကောက်ပွဲနောက်ပိုင်း မဆလပါတီ ပျက်သုဉ်းခဲ့ရပုံတွေကို ပြောပြထားပါတယ်၊၊

္မင်္RFA အဖွဲ့သူ ဒေါ်ခင်ခင်အိက ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးကို ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။