ဒီမိုကရေစီပန်းတိုင် အမြန်ရောက်ရှိနိုင်ပါစေ။

Sunday, October 31, 2010

ယနေ့ တောင်ဒဂုံမြို့နယ်မှာ အဖွဲ့ချုပ်လူငယ်အဖွဲ့ဝင်များအား အာဏာပိုင်များမှ တားဆီးပိတ်ပင်နေပုံ သတင်း၊ ဓာတ်ပုံ.....


ယနေ့တောင်ဒဂုံမှာ ပြုလုပ်တဲ့ မြို့နယ်အဖွဲ့ချုပ် သက်ကြီးပူဇော်ပွဲ အခမ်းအနား..


အာဏာပိုင်များမှ တားဆီးနှောင့်ယှက်နေပုံ


အမှန်တရားအတွက် ရင်ဆိုင်မယ့် အဖွဲ့ချုပ်လူငယ် အဖွဲ့ဝင်တွေပါ.



I Vote လုပ်တဲ့သူများအား ဘေးမဲ့ပေးပြီး No Voteများအား တားဆီးနှောင့်ယှက်နေသည့်.. အာဏာပိုင်ဆိုသူများ..


ကိုယ်ကျိုးမဖက် တိုင်းပြည်အတွက် အမေစုစိတ်ဓာတ် ပြည်သူ့အတွက်

အဖွဲ့ချုပ်လူငယ်တွေရဲ့ မကြောက်တရားနဲ့ ရင်ဆိုင်နေပုံ..




အထက်ကအမိန့်ဟူသမျှ မမှန်ကန်လည်း နာခံကြ..
ဥပဒေရဲ့အထက်မှာ မည်သူမျှမရှိစေရ .. ငါတို့ပဲရှိတယ်...။

မကြောက်တရားကို လက်ကိုင်ပြုရင်း အဓမ္မကို ဓမ္မနဲ့ ဥပဒေဘောင် အတွင်းက ငြိမ်းချမ်းတဲ့နည်းနဲ့ ရင်ဆိုင် တော်လှန်နေတဲ့ ကိုယ်ကျိုးမဖက် တိုင်းပြည်အတွက် အဖွဲ့ချုပ်လူငယ်အဖွဲ့ဝင် တွေအား လေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်..။



ပေးပို့ ပေးတဲ့ ဒီမိုဝေယံ အား ကျေးဇူးတင်ပါသည်..။


မဲရုံကိုမသွားပါနဲ့ မဲမပေးပါနဲ့ လို့ ပြောတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်သတင်းစာဆရာကြီးဦးဝင်းတင်နှင့် တွေ့ဆုံမေးမြန်းချက်





No Vote interview BaBa Uwin tin (30.10.2010)DVB by dawmanhon




ခုဆိုရင် ရွေးကောက်ပွဲ ကျင်းပဖို့တပတ်ကျော်ပဲ လိုပါတော့တယ်။ ဒီအချိန်မှာ ရွေးကောက်ပွဲကို သပိတ်မှောက်နေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထားကို ထပ်မံ သိရှိနိုင်ဖို့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်ကို ဆက်သွယ်မေးမြန်းထားတာပါ။

ရွေးကောက်ပွဲကလည်း နီးကပ်လာပြီဆိုတော့ ထပ်ပြီး အဖွဲ့ချုပ်ကလည်း ဆန့်ကျင် သပိတ်မှောက်ထားတယ်ဆိုတော့ ဘာကြောင့် အဓိကအားဖြင့် ဆန့်ကျင် သပိတ်မှောက်ရတယ် ဆိုတဲ့ အချက်လေးတွေ ပြန်ပြီး ရှင်းပြစေချင်တာပါဗျာ။ အရပ်စကားနဲ့ ပြောမယ်ဆိုရင် ထမင်းဝိုင်းကြီးကျွေးတယ်ဗျာ။ ကျနော်တို့လည်း ထမင်းဆာနေကြတယ်ဗျာ။ ကျနော်တို့လည်း ဒီမိုကရေစီကို လိုလားတောင့်တနေတယ်ဗျာ။ ကျနော်တို့ လိုလားနေသလို ရွေးကောက်ပွဲ ၀င်တဲ့သူလည်း လိုလားတယ်။ ပြည်သူတွေလည်း လိုလားတယ်။ အကုန်လုံးလိုလားနေတဲ့ အချိန်မှာ ဒီမိုကရေစီဆိုတဲ့ ထမင်းဝိုင်းကြီးကို ချကျွေးရင် ကျနော်တို့ စားမှာ ပေါ့ဗျ။ သို့သော် အဆိပ်ခပ်ထားတဲ့ ထမင်းပွဲဆိုရင် ကျနော်တို့ မစားနိုင်ဘူး။ စားလို့မဖြစ်ဘူး။ အခုလည်း ဒါပဲ။ ဒီထမင်းပွဲဟာ ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာဟာ ၂၀၀၈ အခြေခံ ဥပဒေဆိုတဲ့ အဆိပ်ခပ်ထားတဲ့ ထမင်းပွဲကြီးကျနော်တို့ ငြင်းပယ်ပါတယ်။

ဟုတ်ကဲ့ သပိတ်မှောက်တဲ့လုပ်ငန်းတွေကို အောင်မြင်အောင် ဘဘတို့ ဘယ်လို လုပ်ဆောင်သွားမှာလဲ ခင်ဗျ။

ဒီသပိတ်ကို ကောင်းပြီ။ ကျနော်တို့ ဘယ်လို အကောင်အထည်ဖော်မလဲ။ ကောင်းပြီ။ ၂ ခုပဲရှိတယ်။ (၁) မဲရုံကိုမသွားပါနဲ့။ မဲမပေးပါနဲ့။ (၂) မဲရုံကို အကြောင်းကြောင်းကြောင့်သွားရမယ်ဆိုရင် လိမ်မာစွာနဲ့ လူမသိသူမသိ ပယ်မဲ ဖြစ်အောင် လုပ်ပါ။ ဒီ ၂ ခုပဲ။ ကျနော်တို့က ဘယ်သူ့ကို မဲမပေးပါနဲ့ မပြောဘူး။ အန်ဒီအက်ဖ်ကို မဲမပေးပါနဲ့ မပြောဘူး။ ကျနော်တို့ အန်ဒီအက်ဖ်ကို စကားထဲ ထည့်မပြောဘူး။ အစိုးရနဲ့ အတူတူပေါင်းပြီးတော့ လုပ်နေတဲ့သူတွေ၊ ၂၀၀၈ အခြေခံဥပဒေ လက်ခံတဲ့သူတွေ၊ ရွေးကောက်ပွဲကို လက်ခံတဲ့သူတွေ၊ အလားတူ ဦးသုဝေရဲ့ ပါတီသော်လည်းကောင်း၊ အကုန်လုံး အတူတူပဲ။ ကြံ့ဖွံ့နဲ့ တသားတည်း၊ တတန်းတည်း လူတွေ ရယ်လို့ ကျနော်တို့ သတ်မှတ်တယ်။ အဲဒါကြောင့် ကြံ့ဖွံ့ကို မဲမပေးပါနဲ့ မပြောဘူး။ တစညကို မဲမပေးပါနဲ့ မပြောဘူး။ အန်ဒီအက်ဖ်ကို မဲမပေးပါနဲ့လို့မပြောပါဘူး၊ ရွေးကောက်ပွဲ တခုလုံးကို သပိတ်မှောက်ပါ။ ကျနော်တို့ သုံးတဲ့စကားက လုံးဝဥဿုံ သပိတ်မှောက်တယ်ဆိုတဲ့ နည်းကို သုံးပါတယ်။

ဟုတ်ကဲ့ခင်ဗျ။ ဆန့်ကျင်ရမယ်၊ သပိတ်မှောက်ရမယ်၊ အဖွဲ့ချုပ်က ချထားတာပေါ့နော်။ ဒါကို လူအများစုက လက်သင့်ခံမယ်လို့ရော ယုံကြည်ပါသလားခင်ဗျ။

ယုံကြည်ပါတယ်။

ကျနော်တို့ရဲ့ စည်းရုံးမှုအားလည်း ရှိပါတယ်။ ကျနော်တို့ အပေါ်မှာ ယုံကြည်မှုအားလည်း ရှိပါတယ်။ ကျနော်တို့ရဲ့ နိုင်ငံရေးသိက္ခာဆိုတာလည်း ရှိပါတယ်။ ကျနော်တို့ ပြောနိုင်တဲ့ အနေအထား၊ ဦးဆောင်နိုင်တဲ့ အနေအထား၊ ရှေ့ဆောင်နိုင်တဲ့ အနေအထားရှိပါတယ်။ ဒါတွေကိုလည်း လူထုက လက်ခံပါတယ်လို့ ပြောချင်ပါတယ်။

ထပ်မေးချင်တာက တချို့ကလည်း ပြောကြတယ်ပေါ့ဗျာ။ ဒီမိုကရေစီကို သွားမှာပဲ၊ ရွေးကောက်ပွဲကို ဖြတ်ရမယ် ဒီမိုကရေစီဆိုရင်။ အဲတော့ ရွေးကောက်ပွဲကြီးက လုံးလုံးကြီးပေါ့၊ ဒီမိုကရေစီကို ပြောင်းပြန်ကြီး လှန်ပြီးပြောင်းမသွားပေမယ့် နည်းနည်းတော့ ဒီမိုကရေစီကို ဦးတည်ပြီးတော့ သွားမယ်လို့ပြောနေကြပါတယ်။ သူတို့ဥပမာပေးတာက က ကြီးကို ယ ဖြစ်အောင် မလုပ်နိုင်ပေမယ့် ၀ လုံးကိုတော့ ဗ လောက်လေးဖြစ်အောင် နည်းနည်းလေးတော့ချိုင့်နိုင်သေးတယ်ဆိုပြီး ပြောနေတာလေးတွေ ရှိပါတယ်။ အဲဒီအပေါ်မှာရော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဘာများ ဝေဖန်ချင်ပါသလဲခင်ဗျ။

အဲဒါကတော့ စကားပမာတွေ ပြောနေကြတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီအခြေအနေက ဘာလဲ၊ နောက်အခြေအနေကဘာလဲ၊ ရွေးကောက်ပွဲအလွန်ကာလဆိုတဲ့စကားကို ကျနော်တို့ ပထမနားလည်ဖို့လိုတယ်။ ရွေးကောက်ပွဲဟာ ဒီမိုကရေစီအတွက် ဖြတ်သန်းတယ်၊ လိုအပ်တယ်။ သို့သော် ရွေးကောက်ပွဲအလွန်ကာလကို ထည့်တွက်ရဲ့လား။ ဒီကမ္ဘာပေါ်မှာ စကားတွေ အများကြီးရှိပါတယ်။ ဥပမာ အိုဘားမားကိုယ်တိုင် ပြောတဲ့စကား ရှိဖူးပါတယ်။ ရွေးကောက်ပွဲဟာ ဒီမိုကရေစီရဲ့အဖြေလည်းမဟုတ်ဘူး၊ ပြဿနာလည်းမဟုတ်ဘူး။ ရွေးကောက်ပွဲဟာ ရွေးကောက်ပွဲအလွန်ကာလမှာ ဒီမိုကရေစီအပြောင်းအလဲတွေ ဖြစ်အောင် လုပ်ပေးနိုင်တဲ့ဟာဆိုရင် ရွေးကောက်ပွဲဟာ အဓိပ္ပါယ်ရှိတယ်ပေါ့ဗျာ။ ခုနကပြောတဲ့ ၀ ကို ဗလချိုင့် ပဲဖြစ်ဖြစ်ယပလက် ကကြီးပဲဖြစ်ဖြစ်၊ ထဆင်ထူး ပဲဖြစ်ဖြစ် ၀လုံး ၀ိ ပဲဖြစ်ဖြစ် ထားချင်တာထား။ ဆိုလိုတာကတော့ ရွေးကောက်ပွဲအလွန်ကာလမှာ ဘာဖြစ်လာမလဲ။ ဘာဖြစ်လာမလဲဆိုတော့ ဘာမှမဖြစ်ဘူး။ ၂၀၀၈ အခြေခံဥပဒေအတိုင်းပဲ၊ စစ်အာဏာရှင်များဟာ ဆက်ပြီးတော့ စိုးမိုးနေမယ်။ ကြီးစိုးနေမယ်။ သူတို့ခြယ်လှယ်နေမယ်။ သူတို့စိတ်တိုင်းကျ လုပ်နေနိုင်တဲ့အနေအထား။ အဲလိုဆိုရင် ရွေးကောက်ပွဲဟာ ဘာအဓိပ္ပါယ်မှမရှိဘူး။ သူတို့ဟာသူတို့ထင်ပြီးတော့ လွှတ်တော်ထဲမှာ လက်ညိုးထောင်ခေါင်းညိတ်အခြေအနေမျိုးကို ရောက်မှာပဲ။

ဘဘဦးဝင်းတင်အနေနဲ့ ၇ ရက် ၈ ရက်မှာ ဖြစ်လာတော့မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပြည်သူတွေသိအောင်၊ ကျနော်တို့ ဒီမိုကရက်တစ်မြန်မာ့အသံကနေ ပြောချင်တာ ဘာများရှိသေးလဲ နောက်ဆုံးအနေနဲ့ပေါ့။

ထပ်ပြောချင်တဲ့စကားက မဲရုံတွေကိုမသွားပါနဲ့၊ မဲမပေးပါနဲ့၊ မဲရုံထဲကို မသွားမနေရ ဆွဲသွင်းရင်လည်း ပယ်မဲဖြစ်အောင်လုပ်ကြပါ။ အဲဒါပဲ ကျနော်ပြောချင်ပါတယ်။

ရင်းမြစ်.... ဒီမိုကရက်တစ်မြန်မာ့အသံ


အမျိုးသားဒီမိုကရေအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည် ၏ ပင်လုံညီလာခံကြီး နဲ့ပါတ်သက်ပြီး ပြောကြားခဲ့သောမိန့်ခွန်းနှင့်တခြားမိန့်ခွန်းများ


ဒီမိုကရေစီ အစိုးရ တခု တက်လာတဲ့အခါကျရင် ကျမတို့ ပင်လုံ လိုညီလာခံကြီး ထပ်ပြီးခေါ်ရမယ်လို့ ကျမတို့ယုံကြည်ပါတယ်။

ဒီလို ပင်လုံ ကဲ့သို့ ညီလာခံကြီး ထပ်ပြီးတော့ခေါ်ပြီးတော့ ကျမတို့ ပြည်ထောင်စုသစ်ကို ဘယ်ပုံဘယ်နည်းနဲ့ ထူထောင်မယ် ဆိုတာ ကျမတို့ တိုင်းရင်းသား လူမျိုးစုတွေ အားလုံးနဲ့ ဆွေးနွေးပြီးတော့ ကျမတို့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်.။

ဒီလိုညီလာခံမျိုးဆိုတာဟာ ပြည်သူလူထုတင်မြှောက်တဲ့ အစိုးရမျိုးကမှ သာ ခေါ်ယူပိုင်ခွင့် ရှိပါတယ်။ဒီညီလာခံနေပြီးတော့ ဒီမိုကရေစီနိုင်ငံ ပြည်ထောင်စုသစ်ဖော်ထုတ်ရေးအတွက် ဆွေးနွေးရမှာဖြစ်ပါတယ်။

ဒီလိုကိစ္စများဟာအများပြည်သူလူထုကနေပြီး တော့ ၊လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲ များမှတဆင့် တင်မြှောက်လိုက်တဲ့ အစိုးရ များ ကသာ လုပ်ပိုင်ခွင့်ရှိတယ်လို့ ကျမတို့ ယုံကြည် ပါတယ်။

အများပြည်သူမတင်မြှောက်ထားတဲ့အဖွဲ့အစည်းမျိုးက၊ ဒီလိုညီလာခံမျိုးကို ဘာမှ ထိထိ
ရောက်ရောက် လုပ်နိုင်မှာ မဟုတ်ပါဘူး။

..................................................................................................................................................

ဒီမိုကရေစီလှုပ်ရှားမှုထဲမှာ ကျောင်းသားလူငယ်တွေကနေ စပြီးတော့ပါဝင်ခဲ့တယ်။ ဒီလောက်တောင်မှ ကျောင်းသားလူငယ်များက သတ္တိနဲ့မိမိတို့ အသက်တွေကိုစတေးပြီးတော့ စခဲ့တဲ့လှုပ်ရှားမှုကိုအောင်မြင် သည့်တိုင် ဆက်ပြီးတော့လုပ်သွားဖို့ ကျမတို့မှာ တာဝန်ရှိပါတယ်.။

..........................................................................................................................................................

ကျမတို့ အခု ဒီမိုကရေစီ လှုပ်ရှားမှုထဲပါဝင်လာတာဟာ အာဏာလိုချင်လို့ ပါဝင်လာကြတာ မဟုတ်ဘူး။ တာဝန်ကို ထမ်းဆောင်ချင်လို့ ပါဝင်လာကြတာပဲ။

...................................................................................................................................................
မတရားတဲ့ကိစ္စကိုလုပ်ဖို့ ကြောက်ရမယ်။ မမှန်တဲ့ကိစ္စကိုလုပ်ဖို့ ကြောက်ရမယ်။ လောကမှာ ကြောက်ဖို့ဆိုတာ ဒီနှစ်ခုဘဲရှိပါတယ်..။

...................................................................................................................................................

ကျမတို့ တဦးချင်းရပ်တည်လို့ ဘယ်လို့မှမဖြစ်ဘူး။ဗမာချည်းပဲလည်း ရပ်တည်လို့ မဖြစ်ဘူး။ မွန်ချည်းပဲ ရပ်တည်လို့မဖြစ်ဘူး။ ရှမ်းချည်းပဲ ရပ်တည်လို့မဖြစ်ဘူး။ ကျမတို့ တိုင်းပြည်ကြီးတည်တံခိုင်မြဲရေးဆိုတာ အားလုံးကနေ တစည်းတရုံးတည်းနေမှ ဖြစ်မယ်ဆိုတာ ကျမ ယုံကြည်တယ်။

........................................................................................................................................................

တိုင်းပြည်ကိုအုပ်ချုပ်တဲ့ခေါင်းဆောင် များဟာ ပြည်သူလူထုထောက်ခံမှု အင်အားနဲ့ပဲ အုပ်ချုပ်တာဖြစ်ရမယ်။ လက်နက်အင်အားနဲ့ အုပ်ချုပ်တာ မဖြစ်ရဘူး။

.....................................................................................................................................................................
တိုင်းပြည်မှာ လွတ်လပ်မှုပိုရချင်ရင်၊ လူ့အခွင့်အရေးများပြည့်ပြည့်စုံစုံခံစားချင်လို့ရှိရင် လူတိုင်းလူတိုင်းဟာ နိုင်ငံရေးကို ဝါသနာပါရမယ်။ နိုင်ငံရေး ကိုလုပ်ရဲရမယ်၊လုပ်ချင်ရမယ်။

...............................................................................................................................................................

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည့် (၁၉၈၈.၁၉၈၉) စည်းရုံးရေးခရီးစဉ် များတွင် ပြောကြားခဲ့သော မိန့်ခွန်း တချို့အားကောက်နုတ်တင်ပြထားပါသည်.။


မြတ်လေးငုံ

ယနေ့ တောင်ဒဂုံနှင့် စမ်းချောင်းမြို့နယ်များမှ အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်များရဲ့ မဲမပေးရေးလှုပ်ရှားမှုများ အတားအဆီးခံရ..

သုံးခွမှာ ပြုလုပ်ခဲ့တဲ့ မဲမပေးရေးလှုပ်ရှားမှု ဓာတ်ပုံတစ်ပုံပါ..

ယနေ့နံနက်ပိုင်းက တောင်ဒဂုံမြို့နယ် (၂၀)ရပ်ကွက် အဖွဲ့ချုပ် မြို့နယ်စည်း ဒေါ်ဥမ္မာရဲ့ နေအိမ်မှာ ပြုလုပ်တဲ့ အဖွဲ့ချုပ်သက်ကြီး ပူဇော်ပွဲ အခမ်းအနားသို့ အဖွဲ့ချုပ်လူငယ် (၁၂၀)ခန့် တူညီဝတ်စုံများ တီရှပ်များဝတ်ဆင်ပြီး တက်ရောက်ခဲ့ကြပြီး အပြန်မှာ မဲမပေးရေး လှုပ်ရှားမှုများ ပြုလုပ်ရန် ပြန်ထွက်လာတဲ့ အချိန်မှာ အာဏာပိုင် ရဲဝန်ထမ်း ၁၂ဦးမှာ တားဆီးခဲ့ကြောင်း အဆိုပါလှုပ်ရှားမှုမှာ ပါဝင်တဲ့ အဖွဲ့ချုပ်လူငယ် အဖွဲ့ဝင် တစ်ဦးမှ ပြောဆိုပါတယ်..

သူတို့ (ရဲဝန်ထမ်း)တွေက ဖမ်းဆီးဖို့ ပုံစံနဲ့လာတာတော့ မဟုတ်ပါဘူး.. အုပ်စုလိုက်ဆိုတော့ လူခွဲပြီးသွားဖို့ ပြောပါတယ်.. နောက်လူကြီးတွေပါ .. ပါလာတော့ ပြေပြေလည်ပဲပြောပြီး သူတို့ပြောတဲ့အတိုင်း သွားလိုက်ပါတယ်.. နောက်သူတို့ကို ကျော်လွန်လာတဲ့ အချိန်မှာတော့ ပြန်စုပြီး အုပ်စုလိုက်ပဲ စာရွက်တွေဝေနေပါတယ်.. တောင်ဒဂုံအခု(၅၆)ရပ်ကွက်မှာ ရောက်နေပါတယ်.. ကျွန်တော်တို့ တူညီဝတ်စုံ တီရှပ်တွေမှာ.. သခင်ကိုယ်တော်မှိုင်း၊ အဘဦးဝင်းတင်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံတွေပါတဲ့ဆင်တူ ဝတ်စုံတွေနဲ့ မဲမပေးရေး လှုပ်ရှားမှု စာတမ်းပါတဲ့ တီရှပ်တွေပါ...။ အခုတောင်ဒဂုံမှာ စာရွက်တွေ ဆက်ဝေနေပါတယ်.. ဒါပေမယ့်ဒီနေ့မနက် စမ်းချောင်းမှာ မဲမပေးရေး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တဲ့ အဖွဲ့ချုပ်လူငယ်တွေတော့ အတားအဆီးတွေနဲ့ တော်တော် အခြေအနေဆိုးတယ်လို့ သိရပါတယ်..ဟု လှုပ်ရှားမှုမှာ ပါဝင်တဲ့ လူငယ်အဖွဲ့ဝင်တစ်ဦးမှ ပြောဆိုသွားပါတယ်..။

စမ်းချောင်းမြို့နယ်မှာ လှုပ်ရှားမှုတွေ ဆောင်ရွက်နေတဲ့ လူငယ်တာဝန်ခံတစ်ဦးကို ဆက်သွယ် မေးမြန်းရန် ကြိုးစားခဲ့ပေမယ့်.. ဆက်သွယ်မှုမရရှိသေးပါဘူး...။ သတင်းများ ဆက်လက်ရရှိပါက ထပ်မံဖော်ပြပေးပါမည်....။

နောက်ဆုံးရရှိတဲ့ သတင်းအရ စမ်းချောင်းမြို့နယ်မှာ မဲမပေးရေးလှုပ်ရှား စာရွက်စာတမ်းများ ဝေငှခွင့် မရခဲ့ကြောင်းနဲ့ လှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ အဖွဲ့ချုပ်လူငယ်အဖွဲ့ဝင်များထက် လုံခြုံရေး ရဲဝန်ထမ်းအင်အား ပိုမိုများပြားကြောင်း သိရှိရပါတယ်..။

သတင်း....ဒီမိုဝေယံ



ယနေ့ တာမွေမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်များရဲ့ မဲမပေးရေးလှုပ်ရှားမှု.. (သတင်း၊ ဓာတ်ပုံ)


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်များရဲ့ မဲမပေးရေးလှုပ်ရှားမှု.. ဓာတ်ပုံတွေပါ..။





ယနေ့နံနက်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များမှ တာမွေမြို့နယ်အတွင်း မဲမပေးရေးလှုပ်ရှားမှု စာရွက်စာတမ်းများအား မဲဆန္ဒရှင် ပြည်သူများသို့ သွားရောက်ဝေငှခဲ့ကြောင်း သိရှိရပါသည်..။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် (၂၀)မှ ယနေ့နံနက်ပိုင်းက တာမွေမြို့နယ် လူစည်ကားရာ နေရာများနှင့် တာမွေဈေးအတွင်း၊ ရပ်ကွက်များရှိ မဲဆန္ဒရှင် ပြည်သူများအား လူတိုင်း မဲပေးပိုင်ခွင့်ရှိသလို၊ မဲမပေးပဲ နေပိုင်ခွင့်ရှိတယ်ဆိုတဲ့ စာရွက်များ ဝေငှခဲ့ကြကြောင်း အဆိုပါ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် အဖွဲ့ချုပ် အဖွဲ့ဝင် လူငယ်တစ်ဦးမှ ပြောဆိုပါတယ်.။

ဒီနေ့ ကျွန်တော်တို့ တာမွေမြို့နယ်မှာ စာရွက်တွေ ဝေပါတယ်။ ဒီနေ့တော့ တစ်ခြားမြို့နယ်တွေထက် ဆိုးတာက ဒီလို စာရွက်ဝေတာကို ရယကရုံးမှာ သွားပြီးပြောပါလို့ ပြောပါတယ်..။ ကျွန်တော်တို့က ဒါဥပဒေမှာ ပါတဲ့အတိုင်း တရားဝင် လုပ်တာ ဘာမှ ပြောစရာမလိုဘူးဆိုပြီး ဆက်ဝေခဲ့ပါတယ်..။ သူတို့ အစပိုင်းပြောတဲ့ အချိန်မှာ ဆက်ဝေပါတယ်။ နောက်ပိုင်း ထပ်လာပြောတဲ့ အချိန်မှာတော့ ကျွန်တော်တို့က အားလုံးစာရွက်တွေ ဝေပြီးလို့ လူစုခွဲဖို့ပဲ ကျန်တဲ့အချိန်မှာမှ သုံးပွင့်နဲ့ ပုဂ္ဂိုလ်က ခင်ဗျားတို့ အုပ်စုခွဲပေးပါ လူငါးယောက်ထက် ကျော်ရင် ခင်ဗျားတို့ ဥပဒေအရ အရေးယူခံရမယ် ဆိုပြီးလာပြောပါတယ်..။

ကျွန်တော်တို့ သွားရောက်ဝေငှခဲ့တဲ့ နေရာတွေကတော့ တာမွေမြို့နယ်ဈေး .. ရပ်ကွက်တွေထဲပါဝေပါတယ်.။ NDF (အမျိုးသားဒီမိုကရေစီအင်အားစု) ရုံးရှေ့တောင် ရောက်ခဲ့ပြီး သူတို့ရုံးရှေ့မှာ.. ခမောက်အစစ်က ရွေးကောက်ပွဲ မဝင်ဘူး ခမောက်အတုသာ ရွေးကောက်ပွဲ ဝင်တာလို့ အော်ခဲ့ပါသေးတယ်.. နောက်ရက်တွေမှာလည်း တစ်ခြားမြို့နယ်တွေမှာ ဆက်လက် လုပ်ဆောင်သွားပါဦးမယ်ဟု အဆိုပါ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် အဖွဲ့ချုပ် အဖွဲ့ဝင် လူငယ်တစ်ဦးမှ ပြောဆိုပါတယ်.။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ (၂၆)ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်မှာ တိုင်းပြည်နှင့် ပြည်သူလူထု၏ ပစ္စုပ္ပန်နှင့် အနာဂတ် အကျိုးစီးပွားကို ရှေ့ရှု၍ ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝဥသုံ သပိတ်မှောက်ကြောင်း အတိအလင်း ကြေငြာခဲ့သလို.. အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) ပါတီဟာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရဲ့ကိုယ်ပွားပါတီ မဟုတ်ကြောင်း အတိအလင်း ထုတ်ပြန်ခဲ့ပါတယ်.။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်း

နိုင်ငံသားတွေ အနေနဲ့မဲပေးဖို့ အခွင့်အရေးရှိသလို
ဆန္ဒမရှိရင်လည်း မဲမပေးတာလည်း ဥပဒေအရ အခွင့်အရေးပဲဖြစ်ကြောင်း

အတင်းဓမ္မမဲပေးခိုင်းခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း

NLD မပါလို့ ဘယ်သူ့ကို မဲထည့်ရမလဲ ဆိုရင်
ကိုယ်ကြိုက်တဲ့ ပါတီမပါရင် မဲမထည့်ပဲ နေပါဟု ပြောဆိုထားပါတယ်..။

သတင်း၊ ဓာတ်ပုံများအတွက် ပေးပို့သော ဒိမိုဝေယံအား ကျေးဇူးတင်ပါသည်..။


Thursday, October 28, 2010

၂၇ရက်နေ့က ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် လူကြီးများအား ကန်တော့ပွဲအခမ်းအနား ဓာတ်ပုံမှတ်တမ်း..








ပေးပို့ပေးသူအား ဒီမိုဝေယံ အားကျေးဇူးတင်ပါသည်..။


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လူငယ်များ၏ မဲမပေးရေးလှုပ်ရှားမှု သတင်း ဓာတ်ပုံ






ယနေ့ အောက်တိုဘာလ (၂၇)ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လူငယ်များမှ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ တောင်ဒဂုံ၊ ဒလ၊ ကော့မှုးမြို့နယ် များသို့ အဖွဲ့ (၂)ဖွဲ့ခွဲ၍ မဲမပေးရေးလှုပ်ရှားမှု စာရွက်စာတမ်းများအား မဲဆန္ဒရှင် ပြည်သူများသို့ သွားရောက်ဝေငှခဲ့ကြောင်း သိရှိရပါသည်..။

တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ တောင်ဒဂုံမြို့နယ်များသို့ တစ်ဖွဲ့နှင့် ဒလ၊ ကော့မှုးမြို့နယ်သို့ တစ်ဖွဲ့ သွားရောက်ခဲ့ကြပါသည်။ သင်္ဃန်းကျွန်းဈေး၊ တောင်ဥက္ကလာပ ၁၀ရပ်ကွက်ဈေး၊ မြင်သာဈေး စသည့် လူစည်ကားရာ နေရာများသို့ သွားရောက် ဝေငှခဲ့ကြောင်း သိရှိရပါသည်..။ ရောက်ရှိ ဝေငှရရာနေရာတိုင်း ၌ပြည်သူလူထုမှ လိုက်လံ တောင်းယူကြကြောင်း အဆိုပါ .. မဲမပေးရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် အဖွဲ့ချုပ်လူငယ် အဖွဲ့ဝင်တစ်ဦးမှ ပြောဆိုပါသည်..။

ကော့မှုးမြို့ဈေးအတွင်း စာရွက်ဝေငှရာ၌ ဈေးအာဏာပိုင်များ၏ တားမြစ်ခြင်းကို ခံရပြီး ကော့မှုးမှာ လက်ခံရယူခဲ့တဲ့ ပြည်သူများထံမှ မဲမပေးရေး စာရွက်များအား အာဏာပိုင်များမှ တရားမ၀င် စာရွက်တွေယူထား ပုံနှိပ်ဥပဒေနဲ့အဖမ်းခံရမည်ဟ ခြိမ်းခြောက် ပြောဆိုပြီး နေအိမ်များအထိ လိုက်လံတောင်းယူ ခဲ့တယ်လို့ သိရှိရပါသည်..။ အချို့မှာ ခြိမ်းခြောက်မှုအား ကြောက်ရွံ၍ ပြန်ပေးခဲသော်လည်း အများစုမှာ မိမိတို့အိမ်အား လာရောက်ဝေငှခြင်း မရှိဟု ငြင်းဆိုခဲ့ကြောင်း သိရှိရပါသည်။

မနေ့က ထုတ်ပြန်ခဲ့တဲ့ အဖွဲ့ချုပ်ရဲ့ ကြေငြာချက်မှာ တိုင်းပြည်နှင့် ပြည်သူလူထု၏ ပစ္စုပ္ပန်နှင့် အနာဂတ် အကျိုးစီးပွားကို ရှေ့ရှု၍ ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝဥသုံ သပိတ်မှောက်ကြောင်း အတိအလင်း ကြေငြာခဲ့သလို

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်း

နိုင်ငံသားတွေ အနေနဲ့မဲပေးဖို့ အခွင့်အရေးရှိသလို
ဆန္ဒမရှိရင်လည်း မဲမပေးတာလည်း ဥပဒေအရ အခွင့်အရေးပဲဖြစ်ကြောင်း

အတင်းဓမ္မမဲပေးခိုင်းခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း

NLD မပါလို့ ဘယ်သူ့ကို မဲထည့်ရမလဲ ဆိုရင်
ကိုယ်ကြိုက်တဲ့ ပါတီမပါရင် မဲမထည့်ပဲ နေပါဟု ပြောဆိုထားပါတယ်..။



သတင်း၊ ဓာတ်ပုံများအတွက် ပေးပို့သူ ဒီမိုဝေယံ အား ကျေးဇူးတင်ပါသည်..။




Wednesday, October 27, 2010

မဲမပေးခင် ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ကိုယ်ရင်ဆိုင်ရမဲ့ ရွေးကောက်ပွဲဟာ ဘယ်လို ရွေးကောက်ပွဲလဲ၊ ဘာအတွက် ဆန္ဒမဲ ထည့်မှာလဲ ဆိုတဲ့ မေးခွန်းနှစ်ခုကို ကိုယ့်ကိုကိုယ်ပြန်လည် ဆန်းစစ်မေးမြန်းဖို့ လိုအပ်တယ်လို့ ရွေးကောက်ပွဲ ၁၁ ရက်ပဲ လိုတော့တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က မဲဆန္ဒရှင် ပြည်သူတွေကို အထူးမှာကြားလိုက်တယ်လို့ အောက်တိုဘာ ၂၆ ရက် ဒီကနေ့ တွေ့ခွင့်ရခဲ့တဲ့ ရှေ့နေတွေက RFA ကို ပြောပါတယ်။

၁၉၉၀ အထွေထွေ ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိသော နှစ် ၂၀ မြောက် အထိမ်းအမှတ်အဖြစ် မေလ ၂၇ ရက်နေ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ဆန္ဒပြနေပုံ ဖြစ်ပါသည်။

၂၉ ရက်နေ့ နေပြည်တော်မှာ ကြားနာမဲ့ အထူးအယူခံကိစ္စ ဆွေးနွေးဖို့ ရှေ့နေဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်းနဲ့ ဒေါ်ခင်ဌေးကြွယ်တို့ ၃ ဦး ဒီကနေ့ နေ့လည်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ရခဲ့ပြီး အဲဒီတွေ့ဆုံချိန်မှာ ပြောလိုက်တာပါ။

တဆက်တည်းမှာပဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲသပိတ်မှောက်တယ်လို့ ဒီကနေ့ တရားဝင် ကြေညာလိုက်တာကို ဒေါ်အောင်ဆန်းစုကြည်က သဘောတူတယ်လို့ ရှေ့နေတွေကတဆင့် ဒီကနေ့ ပြောကြားလိုက်ပါတယ်။


သတင်း..... RFA

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၏ကြေငြာချက်အမှတ် ၁၁/၁၀/၁၀


နှစ် ၆၀ ပျောက်ဆုံးမှုကို အဖြေရှာခြင်း(ဦးဝင်းတင်နှင့် ဆက်သွယ်မေးမြန်းချက်)

(ဦးဝင်းတင်နှင့် ဆက်သွယ်မေးမြန်းချက်)


နှစ် ၆၀ ခန့်ကြာ ပျောက်ဆုံးခဲ့သော တိုင်းရင်းသားလူမျိုးများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ပြန်ရှာရန်အတွက် ဒုတိယအကြိမ် ပင်လုံညီလာခံတရပ် ခေါ်ယူကျင်းပရေးကို သဘောတူကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်က ယနေ့ ပြောဆိုသည်။

ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပရမည်ဟု nld-not-re-register3ဇိုမီးအမျိုးသားကွန်ဂရက် - ဇက်အန်စီက စစ်ကိုင်းတိုင်း ကလေးမြို့၌ ယခုလ ၂၄ ရက်နေ့တွင် ပြုလုပ်သော ၂၂ နှစ်မြောက် အခမ်းအနား၌ ကြေညာစာတမ်းတစောင် ထုတ်ပြန်ခဲ့ရာ အန်အယ်ဒီ ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ဝါရင့်နိုင်ငံရေးသမားကြီးများက သဘောတူလက်မှတ် ရေးထိုးခဲ့သဖြင့် မဇ္ဈိမက ဦးဝင်းတင်ကို သဘောထား မေးမြန်းကြည့်စဉ် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံနှင့် ၂၀၁၀ ရွေးကောက်ပွဲသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသား ပြည်သူများ လိုလားသည့် တန်းတူအခွင့်အရေးကို အခြေခံသော ဖက်ဒရယ် ပြည်ထောင်စုစနစ် တည်ဆောက်ရန် မဖော်ဆောင်နိုင်သဖြင့် ဒုတိယ ပင်လုံညီလာခံ ကျင်းပရန် ဇက်အန်စီက ၎င်းကြေညာစာတမ်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ယင်းအယူအဆ အဘယ်ကြောင့် ပေါ်လာရသနည်း၊ ၁၉၄၇ ခု ပင်လုံစာချုပ်အပေါ် မည်သို့ သက်ရောက်မည်နည်း၊ အန်အယ်ဒီ၏ ဖက်ဒရယ် ပြည်ထောင်စု အမြင်တို့ကို သိရှိနိုင်ရန် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်ကို မဇ္ဈိမက မေးမြန်းထားသည်။


ဒုတိယကြိမ် ပင်လုံညီလာခံခေါ်ဖို့ လိုတယ်ဆိုပြီး အန်အယ်ဒီက တိုင်းရင်းသားပါတီတွေနဲ့အတူ အကြံပြု လက်မှတ်ထိုးထားတာ တွေ့ရပါတယ်။ ဒီကိစ္စ ဘယ်လိုစဖြစ်လာတာလဲ ခင်ဗျာ။

“ဒီလိုဗျ။ အန်အယ်ဒီက လုပ်တာမဟုတ်ဘူးဗျ။ ဇိုမီးအမျိုးသားကွန်ဂရက်ကနေပြီးတော့ စပြီး လုပ်တာပဲ။ ဒါတွေအကုန်လုံး စုစည်းတာက တိုင်းရင်းသားခေါင်းဆောင်တွေကို ညှိတာလည်း သူတို့ပဲ။ ပြီးတော့မှ ကျနော်တို့ အန်အယ်ဒီရော၊ ဝါရင့်တို့ဘာတို့ဆိုတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကလည်း ပါဝင်လက်မှတ်ထိုးကြတာ။ ဒီဟာရဲ့ အဓိက ဦးဆောင်ဦးရွက်ပြုတဲ့ ပုဂ္ဂိုလ်တွေ သို့မဟုတ်လည်း ဒါကို စပြီးတော့ စုစည်းတဲ့ ပုဂ္ဂိုလ်တွေဟာ တိုင်းရင်းသား ခေါင်းဆောင်တွေပဲ ဖြစ်ပါတယ် ’’

ဒုဥက္ကဋ္ဌ ဦးတင်ဦးရော၊ စီးအီးစီ ဦးဝင်းတင်ရော လက်မှတ်ထိုးတယ်ဆိုတော့ အန်အယ်ဒီ သဘောထားလို့လည်း ပြောလို့ရမလား။

“အန်အယ်ဒီကတော့ သဘောတူပါတယ်။ ကျန်တဲ့ စီအီးစီတွေလည်း အားလုံးလက်မှတ်ထိုးတယ်ခင်ဗျ။ ကျနော်တို့ ခေါင်းဆောင်တာ မဟုတ်ဘဲနဲ့ ကျနော်တို့ ခေါင်းဆောင်တယ်လို့ ဝင်ပြီးတော့ နေရာယူသလိုဖြစ်မှာ စိုးလို့။ ခေါင်းဆောင်မှုကို စုစည်းတာ၊ ညှိနှိုင်းတာတွေရော၊ ရေးသားဖော်ပြချက်တွေရော အကုန်လုံးက တိုင်းရင်းသား ခေါင်းဆောင်တွေက လုပ်ကြတာ။ ကျနော်တို့ကို လာပြီးတော့ ပါဝင်ဖို့လုပ်တယ်။ ကျနော်တို့က ပါတယ်။ ပါတာမှ အကုန်လုံး ပါပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း သိပါလိမ့်မယ်ခင်ဗျ။ သို့သော် ဒီကိစ္စအချိန်မှာ ကျနော်တို့ကတော့ အဆက်သွယ်မရဘူးဗျဲာ’’

ဒေါ်အောင်ဆန်းစုကြည်က မသိသေးဘူးဆိုတော့ သိပြီဆိုရင်ရော လက်ခံမယ်လို့ ယူဆလား။

“တူမယ်၊ တူမယ်။ ကျနော် ယူဆတယ်။ ဒီ ဒုတိယပင်လုံညီလာခံဆိုတဲ့ စကားလုံးကိုက သူပြောခဲ့တဲ့ စကားလုံးပါပဲ။ အဲဒီတော့ ဘာမှ အထစ်အငေါ့ ရှိမှာ မဟုတ်ဘူး။ နောက်တချက်က ပါတီမှတ်ပုံတင်ခြင်း၊ မတင်ခြင်း ကိစ္စမှာလည်း ဦးဥာဏ်ဝင်းကတဆင့် ပြောလိုက်တဲ့ အယူအဆတွေမှာလည်း တွေ့ပါလိမ့်မယ်။ သူ့ရဲ့သဘောထားကို သူပြောပြတယ်၊ သို့သော် ပါတီရဲ့ အဆုံးအဖြတ်ကို သူလိုက်နာပါ့မယ်ဆိုတာ အမြဲတမ်း ပြောလေ့ပြောထရှိတယ်’’

ကျနော်တို့ရလိုက်တဲ့ ကြေညာစာတမ်းမှာ လက်မှတ်ထိုးတဲ့ ခေါင်းဆောင်တွေထဲမှာ ပါသင့်ပါထိုက်သူ အားလုံး မပါဝင်တာကို တွေ့ရပါတယ်။ အဲဒီကိစ္စလေး ရှင်းပြပေးပါခင်ဗျာ။

“တိုင်းရင်းသားတွေကလည်း ဒီကိစ္စလုပ်ရတယ်ဆိုတာ တော်တော်လေးကို သိုသိုသိပ်သိပ် လုပ်ရတဲ့ပုံ ပေါ်တယ်ဗျ။ ကျနော်တို့ဆီကို စာချောတွေပေါ့ဗျာ၊ လက်မှတ်ထိုးဖို့အတွက် ရောက်မလာခင်မှာ သူတို့ဘာသာသူတို့ သိုသိုသိပ်သိပ် ညှိနှိုင်းပြီးတော့ လုပ်ကြတဲ့အခါကျတော့ ကျနော်တို့ ဒီဟာကို ၂၀ ရက်နေ့ကျော်လောက်ကျမှ ဒီအသံတွေ စပြီး ကြားလာသိလာတယ်ပေါ့။ ဆိုတော့ ကျနော်တို့က (ကလေးမြို့ကို) သွားဖို့လာဖို့ လေယာဉ်ပျံတို့ဘာတို့ လက်မှတ်တွေဘာတွေ မရဖြစ်ပြီးတော့ မရောက်တော့ဘူး။ ကျနော်တို့ ရန်ကုန်မှာပဲ လက်မှတ်ထိုးကြရတယ်။ အလားတူပဲ ရန်ကုန်က တိုင်းရင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ငွေသိန်းတို့၊ နိုင်ထွန်းသိန်းတို့၊ ဦးအေးသာအောင်တို့ ဘာတို့ဆိုရင် မသွားနိုင်ကြဘူးဗျ’’

လက်မှတ်ထိုးတဲ့ထဲမှာ ဦးအေးသာအောင်ကို မတွေ့ပါဘူး။ စီအာပီပီ (လွှတ်တော်ကိုယ်စားပြု ကော်မတီ) အနေအထားကရော ဘယ်လိုရှိပါလဲ။

“ပါမှာပါ။ ဘာလို့လဲဆိုတော့ အဲဒါတွေလုပ်တဲ့အချိန်မှာ ဦးအေးသာအောင်ဆိုရင် အန်အယ်ဒီနဲ့ ကချင်ကို ပါသွားတာ။ စီအာပီပီ တခုလုံး ပါမှာပါ။ စီအာပီပီ ထဲမှာ ပါတဲ့ ဦးသိန်းဖေဆိုပါတော့ ကျနော်တို့ အခုထိ မပြောနိုင်သေးဘူး။ ဒါပေမဲ့ ပါမယ်လို့ ယူဆပါတယ်။ သူက အဲဒီအချိန်မှာ အန်အယ်ဒီ ချင်းတောင်အဖွဲ့နဲ့ လိုက်သွားတယ်ဗျာ။ အပြန်မှာ သူက ကလေးမှာ ဝင်နားပြီးတော့ ဒီအခမ်းအနားကို တက်မှာဗျ။ အဲဒီလိုပေါ့ဗျ။ တချို့ဟာတွေက အစည်းအဝေး တက်ပြီးတော့ ဆွေးနွေးကြတယ်၊ ညှိနှိုင်းကြတယ်ဆိုတဲ့ သဘောမျိုး မဟုတ်ဘူးလေ’’

ဒုတိယပင်လုံညီလာခံ လုပ်ကြရမယ်ဆိုတော့ ၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ ဆောင်ရွက်ချက်အပေါ် ထိခိုက်သွားနိုင်မလားခင်ဗျာ။

“မဖြစ်ပါဘူး။ ဒီပင်လုံညီလာခံရဲ့ အနှစ်သာရက တိုင်းပြည်ထူထောင်မယ်ဆိုတော့ အင်္ဂလိပ်က တိုင်းတွေ၊ ပြည်နယ်တွေ၊ တောင်ပေါ်သားတွေဆိုပြီး ခွဲထားခဲ့ချင်တယ်။ တချို့ကလည်း ဗမာနဲ့အတူ လွတ်လပ်ရေး တွဲလိုချင်တယ်။ တချို့က ဗမာနဲ့တွဲ လွတ်လပ်ရေး မလိုချင်ဘူးပေါ့။ ဗမာဘက်ကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စေတနာစကားအရဆိုရင် တို့တော့ လွတ်လပ်ရေးရပြီ၊ ခင်ဗျားတို့ လွတ်လပ်ရေး ကျုပ်တို့နဲ့အတူ ပါမယ်ဆိုရင် ကျုပ်တို့ တတွဲထဲ တွဲခေါ်မယ်ဆိုတဲ့ ပုံစံမျိုး ချဉ်းကပ်တာကိုး။ နောက်ဆုံးပိတ်ကျတော့ တိုင်းရင်းသားတွေကလည်း ဗမာနဲ့အတူ လက်မှတ်ထိုးခဲ့ကြတယ်။ အခြေခံက စစ်မှန်တဲ့ ပြည်ထောင်စုပေါ့ဗျာ။ တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို သဘောတူတယ်’’

“အခု နှစ်ပေါင်း ၆၀ လောက် မဆလခေတ်တို့၊ စစ်အာဏာရှင်စနစ်တို့ကို ကျော်ဖြတ်လာတဲ့အခါကျတော့ တဖြည်းဖြည်းနဲ့ စစ်မှန်သော ပြည်ထောင်စုဆိုတဲ့ သဘောထားတွေ ပျောက်တယ်။ တိုင်းရင်းသားတွေရဲ့ တန်းတူမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတာလည်း ပျောက်ဆုံးလာတယ်။ အမျိုးသားညီလာခံဆိုတာ ပေါ်လာတဲ့အခါကျတော့ တိုင်းရင်းသားတွေက တို့များ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့၊ တန်းတူမှုတို့၊ စစ်မှန်တဲ့ ပြည်ထောင်စုတို့ ရနိုင်မလားဆိုပြီး အပစ်ခတ်ရပ်စဲကြတယ်။ ၁၉၉၃ မှစတဲ့ ညောင်နှစ်ပင် ညီလာခံ တက်ခဲ့တယ်။ သို့သော် ဘာမှ ပြောခွင့်ဆိုခွင့် မရဘူး။ ပြည်ထောင်စုနဲ့ ပတ်သက်လို့၊ တိုင်းရင်းသား အခွင့်အရေးနဲ့ ပတ်သက်လို့ တင်ပြသမျှတွေဟာ ဘာတခုမှ အရာမထင်ခဲ့ဘူး’’

“အခုနောက်ပိုင်း နယ်ခြားစောင့်တပ် ဆိုတာမျိုးတွေ ပေါ်လာတဲ့အခါကျတော့ ပြည်တွင်းစစ်မီး တောက်မယ့် အနေအထားတွေကလည်း ပေါ်လာတယ်ပေါ့ဗျာ။ မြောက်ပိုင်းဆို သေနတ်သံတွေတောင် ပေါ်ခဲ့ပြီပဲ။ နယ်ခြားစောင့်တပ် မအောင်မြင်ဘူးဆိုတာ ဒီကေဘီအေက နယ်ခြားစောင့်တပ်ကို လက်ခံသူက လက်ခံ၊ လက်မခံသူက လက်မခံဘူး။ ကေအန်ယူကတော့ နဂိုကတည်းက လုံးဝ မပါဘူး။ ဆိုတော့ ဘာပဲပြောပြော ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းပဲ’’

“စစ်အစိုးရကလည်း ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ဖြစ်သွားရင် လက်နက်ကိုင် တပ်မှန်သမျှဟာ တပ်ချုပ်အောက်မှာ ရှိရမယ်ဆိုတဲ့ အယူအဆအတိုင်းဆိုရင် ရွေးကောက်ပွဲအပြီး ကာလဆိုရင် အခြေခံ ဥပဒေ အတည်မဖြစ်ခင်သော်လည်းကောင်း၊ ဖြစ်ပြီးရင်သော်လည်းကောင်း ဒါကို အကောင်အထည်ဖော်ရတော့မယ်။ မပေါ်ဘဲနဲ့ ဆိုလို့ရှိရင် နယ်စပ်တွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ရှိနေတယ်ဆိုရင် စစ်ပြန်တိုက်ရုံပဲ ရှိတော့မှာပေါ့’’

“အဲဒီအခြေအနေမှာ ကျနော်တို့က ဗိုလ်ချုပ်တို့လုပ်ခဲ့တဲ့ ပင်လုံစိတ်ဓာတ်နဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်။ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးမျှော်မှန်းချက်များဖြစ်တဲ့ ပြည်ထောင်စု စစ်စစ်ကို တည်ဆောက်ကြမယ်။ တန်းတူညီမျှမှုကို အသိအမှတ်ပြုမယ်ဆိုတဲ့ ဒါက ပြန်ပြီးတော့ ကြွလာတယ်။ ဒါဟာ နိုင်ငံရေးလုပ်ကြံမှုလည်း မဟုတ်ဘူး။ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေသာ ပေါ်လာရင် ၁၉၄၇ ခုနှစ်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းတို့ ထားခဲ့တဲ့ သို့မဟုတ်လည်း ပင်လုံမှာ ကိန်းအောင်းနေတဲ့ နိုင်ငံရေး ဝိညာဉ်တွေဟာ အကုန်လုံး ပပျောက်သွားမယ့် အနေအထား ဖြစ်တယ်။ ဒါကြောင့် ဒီကိစ္စဟာ အခု ပေါ်လာတာ။ ဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပေါ်တာ မဟုတ်ဘူးလို့ ပြောမယ်’’

နအဖရဲ့ နယ်ခြားစောင့်တပ်အစီအစဉ်အပေါ်မှာရော အန်အယ်ဒီက ဘယ်လိုမူဝါဒရှိပါလဲ။

“ဒီတိုင်းရင်းသားတပ်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်၊ ၃၀၊ ၄၀၊ ၅၀၊ ၆၀ ပေါ့ဗျာ။ သူတို့ရဲ့ တော်လှန်ရေးတွေပဲခေါ်ခေါ်၊ ရုန်းကန်မှုတွေပဲခေါ်ခေါ်၊ အကုန်လုံးဟာ နိုင်ငံရေးအခြေခံနဲ့ပဲ။ စစ်တပ်ထဲဝင်ဖို့သော်လည်းကောင်း၊ လက်နက်ချပြီးတော့ နယ်ခြားစောင့်တပ်လုပ်ဖို့၊ ပြည်သူ့စစ်လုပ်ဖို့၊ ရဲတို့ဘာတို့ လုပ်ဖို့လို့ ပြောလို့မရဘူး။ တိုင်းရင်းသားအခွင့်အရေး နိုင်ငံရေး ရည်မှန်းချက်တွေနဲ့ စခဲ့တာ။ ဘိန်းစစ်သားတွေ ဖြစ်သွားတာလည်း ရှိတာပေါ့ဗျာ။ လက်နက်ချသွားတာလည်း ရှိတာပေါ့ဗျာ။ ဒါပေမဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ စတာဖြစ်တယ်။ အဲဒါကြောင့် နအဖရဲ့ နောက်ဆုံး ကမ်းလှမ်းချက်ဖြစ်တဲ့ နယ်ခြားစောင့်တပ်ဆိုတာ ဘယ်လိုမှ လက်ခံနိုင်စရာ မဟုတ်ဘူးလို့ ယူဆတယ်။ နယ်ခြားစောင့်တပ်နည်းနဲ့ တိုင်းရင်းသားပြဿနာ၊ နယ်ခြားပြဿနာတွေကို ဖြေရှင်းတာထက် နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းဖို့ကောင်းတယ်လို့ အန်အယ်ဒီက သဘောထားရှိပါတယ်’’

နယ်စပ်တွေက ဗမာ တိုင်းရင်းသားမဟုတ်တဲ့ တခြားတိုင်းရင်းသားတွေရဲ့ ဒေသတွေဆိုတော့ ဖက်ဒရယ် ပြည်ထောင်စုရဲ့ နယ်စပ်လုံခြုံရေးဆိုင်ရာ အန်အယ်ဒီရဲ့ မူဝါဒကရော ဘယ်လိုရှိပါသလဲ။

“အဲဒီလောက်အထိတော့ ကျနော်တို့က စောစောစီးစီး ကြိုပြောဖို့တော့ ခက်တယ်။ ကျနော်တို့က အာဏာရ အဖွဲ့အစည်းလည်း မဟုတ်ဘူး။ အာဏာနဲ့လည်း အများကြီး ကင်းဝေးနေတဲ့ အဖွဲ့အစည်း ဖြစ်နေတယ်။ ဒါပေမယ်လို့ ကျနော်တို့ဟာ ဒီဖက်ဒရယ်မူဆိုတာကို ယုံကြည်လို့ အကောင်အထည် ဖော်ပြီဆိုရင် ဖက်ဒရယ်မူဟာ ခွဲထွက်ခြင်းနဲ့ လုံးဝ ဆန့်ကျင်တယ်။ စစ်မှန်သော ပြည်ထောင်စုလို့ ဆိုခြင်းအားဖြင့် ဒီပြည်ထောင်စု လုံခြုံရေးအတွက်ကို ပါဝင်ဖို့ဆိုတာ တိုင်းရင်းသားတွေကြားထဲကနေ အလိုလိုပေါ်လာမယ်လို့ ကျနော်တို့က ယုံကြည်တယ်’’

အပစ်ရပ်ထားတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)၊ မွန်ပြည်သစ်၊ ဝ’ လို အဖွဲ့တွေလည်း ရှိသလို၊ အပစ်မရပ်ထားတဲ့ ကရင် (ကေအန်ယူ)၊ ကရင်နီ (ကေအန်ပီပီ)၊ တခြား တိုင်းရင်းသား အဖွဲ့တွေ ရှိတယ်။ သူတို့တွေအတွက်ရော ဘယ်လို အခန်းကဏ္ဍ ရှိမယ်လို့ ယူဆထားလဲ။

“ဒီဟာတွေကလည်း တနေ့သောအခါမှာ ပါလာမှာပဲလို့ ကျနော်တို့ ယူဆတယ်။ ကျန်တာလည်း ကျန်နေမှာပဲ။ တချို့သော အဖွဲ့အစည်းများဟာ နိုင်ငံရေးဆိုတာထက် သူတို့ရဲ့ အဖွဲ့အစည်း ရပ်တည်မှု၊ စီးပွားရေးဘာညာ စသည်ဖြင့် လုပ်သွားတာ။ ခေတ်အဆက်ဆက် ရှိနေတာပဲ။ နိုင်ငံရေး ဦးဆောင်မှုကလည်း ပုံမှန်ပေးနေတယ်ဆိုရင် ဒါတွေဟာ ကင်းကွာစရာ သိပ်မရှိဘူးလို့ ယုံကြည်ပါတယ်’’

ဒုတိယပင်လုံညီလာခံမှာ လက်ရှိ ဗမာ့တပ်မတော်ပဲခေါ်ခေါ်၊ နအဖတပ်ပဲခေါ်ခေါ် အဲဒါရဲ့ အခန်းကဏ္ဍကျတော့ရော။

“တိုင်းရင်းသားတွေ၊ ဒီမိုကရေစီအင်အားစုတွေက သူတို့နဲ့ တိုက်ရိုက်တွေ့ဆုံဖို့ တောင်းဆိုနေတာ နှစ်ပေါင်း ၂၀ ကျော်။ ပါမှ မပါခဲ့တာ။ အခုလည်း မြန်မာပြည်ရဲ့ ဆွေးနွေးညှိနှိုင်းမှုမှာလည်း တပ်မတော်ပါလာဖို့ အခန်းကဏ္ဍကတော့ မရှိသေးဘူးလို့ ပြောရမှာပဲ’’

ဒုတိယပင်လုံညီလာခံ အယူအဆက အန်အယ်ဒီနဲ့ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ သုံးပွင့်ဆိုင်တွေ့ဆုံရေးတွေအပေါ် ရှုတ်ထွေးမှု မဖြစ်နိုင်ဘူးလား။

“မဖြစ်နိုင်ပါဘူး။ ဟိုကိစ္စတွေက သီးခြားကိစ္စပဲ။ ဆွေးနွေးချက်တွေက လုပ်နေရမှာပဲ။ ဥပမာဆိုရင် အတိုက်အခံ ဒီမိုကရေစီအင်အားစုများနဲ့ တိုင်းရင်းသားအင်အားစုများဆိုတာ နှစ်ဖွဲ့ဖြစ်ပြီ။ အဲဒီမှာ တပ်မတော် မပါဝင်တဲ့အတွက် ကုလသမဂ္ဂတို့ဘာတို့က ပြောနေတဲ့ ၃ ပွင့်ဆိုင် မဖြစ်ဘူး။ ဒါပေမဲ့ အနည်းဆုံး ၂ ပွင့်ဆိုင်တော့ ဖြစ်တယ်။ နောက်တခုကလည်း ပြည်ထောင်စု စစ်စစ်ပုံစံကို လက်ခံတယ်ဆိုကတည်းက ဒီ သူတို့ရဲ့ အခြေခံဥပဒေနဲ့တော့ မတူဘူးပေါ့။ သူတို့ကတော့ ပြည်ထောင်စု စစ်စစ်ဆိုတာနဲ့ အတော်ကင်းကွာပြီးတော့ စစ်ပြည်ထောင်စုစနစ် ပုံစံမျိုးနဲ့ ဖွဲ့စည်းထားတာဆိုတော့။ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေလည်း ပြဿနာနည်းနည်း ရှိမှာပေါ့။ သို့သော် ဒါတွေက ညှိနှိုင်းသွားရမှာပေါ့’’

ဒုတိယ ပင်လုံညီလာခံက ရွေးကောက်ပွဲ မတိုင်ခင်ဖြစ်မှာလား။ ရွေးကောက်ပွဲပြီးမှ ဖြစ်မှာလား။

“အချိန်ကတော့ အလွန်ကို ကပ်နေပြီ။ ညီလာခံတခု ကျင်းပတယ်ဆိုတာက လာဟေ့ .. လာထိုင်ကြမယ်ဆိုပြီးတော့ လက်ဖက်ရည်ဆိုင် ထိုင်သလိုမျိုး မဟုတ်တဲ့အခါကျတော့။ အားလုံး ကြိုတင်ပြီးတော့ ညှိရမယ်။ ကျနော်ထင်တယ် ဒီလောက် မြန်မြန်ဆန်ဆန်ကြီးတော့ မဖြစ်ဘူးပေါ့ဗျာ။ သို့သော် ကျနော်တို့ကတော့ တတ်နိုင်သမျှ မြန်မြန် ရုပ်လုံးပေါ်အောင်တော့ ကြံရွယ်ချက်ရှိတယ်’’

နအဖကတော့ ရွေးကောက်ပွဲကို ဖြစ်တဲ့နည်းနဲ့ လုပ်မယ့်သဘော မြင်ရပါတယ်။ တချို့ ပါတီတွေကလည်း ရွေးကောက်ပွဲကို သပိတ်မှောက်တာ မကြိုက်တာ ရှိနေတယ်။ နောက်ပေါ်လာမယ့် အစိုးရတရပ်နဲ့ရော ဒီအယူအဆက ထိပ်တိုက် မတွေ့နိုင်ဘူးလား။

“ဒါလည်း မဖြစ်ပါဘူးဗျာ။ အစိုးရတွေဆိုတာက တိုင်းပြည်မှာ ပေါ်ပေါက်နေတဲ့ ပြဿနာတွေကို မိမိတို့နဲ့ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ညှိနှိုင်းဖြေရှင်းရမယ့် ဝတ္တရား ရှိပါတယ်ဗျာ။ စစ်အားဖြင့် ဖြေရှင်းမယ်ဆိုရင်တော့ ဒါက မမှန်ဘူးလို့ ကျနော်က ယူဆတာကိုး။ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ နည်းလမ်းရှာရမယ်။ သေနတ်နဲ့ပစ်မယ်၊ ထောင်ထဲဆွဲသွင်းမယ်ဆိုရင် မမှန်ဘူး။ နောက် အစိုးရတက်လာရင် နောက်အစိုးရနဲ့ ကျနော်တို့နဲ့ ညှိနှိုင်းဆွေးနွေးခြင်းဆိုတာ ရှိမှာပဲ’’

ရင်းမြစ်....(မဇ္ဈိမ)

Tuesday, October 26, 2010

ဦးဝင်းတင်ကို အမျိုးသား ပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆု ချီးမြှင့်

၂၀၁၀-၁၀-၂၅

အောက်တိုဘာ ၂၄ ရက် မနေ့ က စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကျင်းပပြီးစီးသွားတဲ့ ဇိုမီး အမျိုးသားကွန်ဂရက် တည်ထောင်ခြင်း ၂၂ နှစ်မြောက် အခမ်းအနားမှာ NLD ပါတီ က ဗဟို ကော်မတီဝင် ဦးဝင်းတင်ကို အမျိုးသား ပြန်လည်သင့်မြတ်ရေးဆောင်ရွက်သူ သူရဲကောင်းအဖြစ် ဂုဏ်ပြုလိုက်တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဒီဆုကို ဦးဝင်းတင်ကိုယ်စား ချင်းပြည်နယ် စည်းရုံးရေးခရီးစဉ် သွားရောက်တဲ့ NLD ပါတီဝင်တွေက လက်ခံယူခဲ့ပါတယ်။

ဒီဆုချီးမြှင့်ရတာနဲ့ ပတ်သက်ပြီး ဇိုမီးအမျိုးသားကွန်ဂရက်က ဥက္ကဋ္ဌ ဦးပူကျင်ရှင်းထန်က ခုလိုပြောပါတယ်။

“ကျွန်တော်တို့ အဓိက ရည်ရွယ်ချက်က ဒီခေတ်ဒီချိန်မှာ ကျွန်တော်တို့ အခြေခံဥပဒေလည်း ကျွန်တော်တို့ ပြည်သူလူထုအတွက် ဘာမှ အကြောင်းထူးမှာ မဟုတ်ဖူး။ ဒါ စစ်အာဏာရှင်စနစ်ကို တည်မြဲဖို့ပဲ ဖြစ်တယ်။ အခု ရွေးကောက်ပွဲ ဆိုတာလည်းပဲ အဲဒီ အခြေခံဥပဒေကို အတည်ပြုဖို့ ဖြစ်နေတော့ အကြောင်းထူးမှာ မဟုတ်ဖူး။ တကယ် အကြောင်းထူးဖို့ လိုတာက အမျိုသား ပြန်လည်သင့်မြတ်ရေး လုပ်ဖို့က အရေးအကြီးဆုံးပဲ။ အဲဒီမှာ အဓိက ကျွန်တော်တို့ အားကိုးအားထားရတဲ့ လူတွေက ဦးဝင်းတင်တို့၊ ဦးတင်ဦးတို့ ပြည်သူလူထုကို စည်းရုံးနိုင်တယ်ဆိုပြီးတော့ အဲဒီ အမြင်နဲ့ သူ့ကို ဒီဆုကို အပ်နှင်းတာပါ။,

ဇိုမီးအမျိုးသား ကွန်ဂရက်အနေနဲ့ အလားတူဆုကို NLDပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦိးကိုလည်း ချီးမြှင့်ခဲ့ဘူးပါတယ်။ ဦးတင်ဦး နေအိမ် အကျယ်ချုပ်က လွတ်လာတဲ့ အချိန်က ဝါရင့် နိုင်ငံရေးသမားကြီးများအဖွဲ့နဲ့ တိုင်းရင်းသားအဖွဲ့များက ကြိုဆိုပွဲ လုပ်ခဲ့ကြောင်း၊ အဲဒီနေ့က ချင်းအမျိုးသားနေ့နဲ့ တိုက်ဆိုင်တာကြောင့် ဦးတင်ဦးကိုလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆုကို ဇိုမီး အမျိုးသားကွန်ဂရက်က ပထမဆုံး ချီးမြှင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း..RFA

NLD ခေါင်းဆောင်များကို ဂျာမနီ သံအမတ်ကြီး တွေ့ဆုံဆွေးနွေး

2010-10-25

NLD ပါတီရဲ့ ရွေးကောက်ပွဲ သပိတ်မှောက်ရေး အစီအစဉ်နဲ့ ပတ်သက်ပြီး ဆက်လက် ဆောင်ရွက်မဲ့ အစီအစဉ်များကို အောက်တိုဘာ ၂၅ ရက် ဒီကနေ့ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်များ ဆွေးနွေး ညှိနိုင်းတယ်လို့ သိရပါတယ်။ ဒီအစည်းအဝေးဟာ ပါတီအနေနဲ့ ရွေးကောက်ပွဲကို ဘယ်လို ဖြတ်သန်းမယ် ဆိုတာကို ဆွေးနွေးတာ ဖြစ်တယ်လို့ NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောပါတယ်။

NLD အဖွဲ့ ဒုတိယဥက္ကဋ္ဌဦးတင်ဦးက အစည်းအဝေးနဲ့ ပတ်သက်ပြီးခုလိုပြောပါတယ်။

“ကျွန်တော်တို့က ပွဲပြီးမီးသေ မဟုတ်ပဲနဲ့ သေသေချာချာ ပြည်သူထဲမှာ စိမ့်ဝင်နေအောင် ပြည်သူထဲမှာ နားထဲမှာ ယဉ်နေအောင် အဲလို ကျွန်တော်တို့က ဘယ်လို လှုပ်ရှားပြီးတော့ ဝင်ရပြီးတော့ ကျွန်တော်တို့ လူငယ်တွေနဲ့ အခြားသော လူငယ်တွေနဲ့ အခြားသော ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပေါင်းစပ်ပြီးတော့ကာ လုပ်ကိုင်သွားဖို့ကိစ္စအဝဝကိုလည်းပဲ ဒီနေ့ ကျေကျေလည်လည် ဆွေးနွေပြီးလျှင် ကျွန်တော်တို့ ဒါကို ပြည်သူလူထု သိအောင် သိနိုင်တဲ့ နည်းလမ်းနဲ့ ကျွန်တော်တို့က ဆက်လက်ပြီးဆောင်ရွက်သွားဦးမယ် ဆိုတာလေးလည်း ဒီနေ့ ကျွန်တော်တို့ အချိန်ယူပြီးတော့ ဆွေးနွေးလိုက်ပါတယ်ခင်ဗျ။”

ဒီကနေ့ မနက်ပိုင်းကလည်း ရန်ကုန်မြို့ရှိ ဂျာမနီနိုင်ငံ သံရုံးက သံအမတ်ကြီး Mr Julius Georg Luy နဲ့ ဒုတိယ သံအမတ်ကြီး တို့ဦးတင်ဦးနဲ့ NLDဗဟို အလုပ်အမှုဆောင်ကော်မတီဝင်တွေကို ဦးတင်ဦးရဲ့ နေအိမ်မှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။ နှစ်နာရီခွဲကျော်ကြာတဲ့ တွေ့ဆုံပွဲမှာ ဦးတင်ဦးနဲ့အတူ ဦးဝင်းတင်၊ ဦးအုနှ်းကြိုင်နဲ့ ဦးဟံသာမြင့်တို့ တက်ရောက်ခဲ့တာပါ။

အစည်းအဝေးမှာ သံအမတ်ကြီးကNLD ပါတီ အနေနဲ့ ရှေ့ဆက် ဆောင်ရွက်မဲ့ လုပ်ငန်းစဉ်တွေကို မေးမြန်းခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ မေးမြန်းတာတွေလည်း ရှိတယ်လို့ ဦးတင်ဦးက ပြောပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်လာမလားလို့ မေးတဲ့အခါ ကျွန်တော်တို့ကတော့ ဒီ ဥပဒေအတိုင်းဆိုရင် လွတ်ရမယ်ပေါ့။ လွတ်မယ်လို့လည်း ကျွန်တော်တို့က ယွုံကည်တယ်ပေါ့။ အဲဒီတော့ သူက ပြောတာက အဲလို လွတ်လာရင် သူဘာလုပ်မလဲပေါ့။ ခင်ဗျားကလည်း နိုင်ငံရေးအားဖြင့် ဥပဓိရုပ်ဟာ ကြီးမားတယ်လို့။ လွတ်လပ်ရေး၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီကြီးမားနေပြီ ဖြစ်တယ်လို့။ သူဟာ လူထုကို အာကိုးပြီး လုပ်တာဖြစ်တဲ့အတွက် လူထု အားကိုးရာရောက်တဲ့ အနေအထားမှာ ဖြစ်တော့ သူဟာ မလွှဲမသွေ သူချစ်တဲ့ ပြည်သူလူထုနဲ့ တွေ့မှာပဲလို့။ တွေ့တဲ့အခါမှာ အရင်တုန်းကလို တားတာ၊ ဆီးတာ၊ ပိတ်တာ၊ ဆို့တာ ဒါတွေကို ရှိဦးမလားဆို ဒါတော့ ကျွန်တော်တို့ မပြောတတ်ဖူးလို့။”

တဆက်တည်း၊ သံအမတ်ကြီးက ဂျာမနီနိုင်ငံအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီဖွံဖြိုးတိုးတက်ရေးကို လိုလားကြောင်း အကူအညီပေးစရာတွေကို ကူညီသွားမှာ ဖြစ်ွေကာင်း စသဖြင့် ပြောဆိုသွားတယ်လို့ သိရပါတယ်။

သတင်း....RFA

လမ်းပြကြယ်လား၊ လမ်းပျောက်ကြယ်လား

အခုတလော မီဒီယာတွေပေါ်မှာ ကမောက်ကမနိုင်လှတဲ့ ၀ါကြွားမှုတွေ၊ အစဉ်အလာမဟုတ်တဲ့ တရားသေ သဘောတရားတွေကို အာဘောင်အာရင်းသန်သန်နဲ့ “ငါ့စကား နွားရ” ပြောဆိုနေကြတာကို မကြာခဏ ကြားနေရပါတယ်။ NDF (အမျိုးသားဒီမိုကရေစီ အင်အားစု) ပါတီက စစ်အာဏာရှင်တွေရဲ့ အကျိုးတူ စီးပွားဖက် ခေတ်ပျက်သူဌေးတွေဆီက လက်သိပ်ထိုးပြီးတမျိုး၊ ဗြောင်တမျိုး ထောက်ပံ့ကြေးတွေ ယူခဲ့တဲ့အတွက် သူ့မိတ်ဖက်ပါတီတချို့က ဝေဖန်ကြ၊ နှုတ်ထွက်ကြနဲ့ တော်တော်လေး ရှက်ဖွယ်လိလိ ဖြစ်နေမှုအပေါ် မြန်မာ့နိုင်ငံရေးအသိုင်းအ၀ိုင်းက ထင်မြင်ချက်အမျိုးမျိုး ပြောဆိုနေကြတာနဲ့ ပတ်သက်ပါတယ်။

ဒီအထဲမှာ ပဲခူးမြို့က “လမ်းပြကြယ်” အဖွဲ့ခေါင်းဆောင် ရှေ့နေဦးအေးမြင့်ရဲ့ ပြန်လည်တုံ့ပြန်ချက်တွေကတော့ တော်တော့်ကို မှတ်သားလောက်ပါတယ်။ သူက NDF အနေနဲ့ ဦးလှမောင်ရွှေဆီက ထောက်ပံ့ကြေးယူတာ မှန်တယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထောက်ပံ့ကြေးပေးရင်လည်း ယူရမှာပဲလို့ ရွှန်းရွှန်းဝေအောင် ပြောပါတယ်။ ဒါဟာ သူ့အရိုးနဲ့ သူ့ကို ပြန်ထိုးဖို့ဖြစ်တယ်။ “ရန်သူ့လက်နက်၊ ကိုယ့်လက်နက်” အယူအဆဖြစ်တယ်လို့လည်း ရွှေဉာဏ်တော်စူးရောက်စွာနဲ့ မှတ်ချက်ချပါတယ်။

NLD က ရွေးကောက်ပွဲ သပိတ်မှောက်တာ မှားတယ်။ ဒီဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ရင်လည်း ဒေါ်အောင်ဆန်းစုကြည် မှားတယ်။ ဦးဝင်းတင်နဲ့ ဦးဉာဏ်ဝင်းတို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်ဆိုတာကို ပြောပြီး၊ ပါတီဝင်ထုနဲ့ ပြည်သူလူထုကို စည်းရုံးနေတယ်။ ဒီစကားမျိုး ဒေါ်အောင်ဆန်းစုကြည် ပြော၊ မပြော မသေချာဘူး၊ (သူ့အဆို) တဆင့်ကြားစကားဟာ တရားမ၀င်ဘူး … စသဖြင့် ပြောဆိုပြီး NDF (ဆွေငြိမ်း) တို့ရဲ့ လေသံကိုလည်း ထပ်ဆင့်ရှေ့နေလိုက်ပေးခဲ့ပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူငယ်နှပ်စား မဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံရေးရော၊ မြန်မာ့နိုင်ငံရေးကိုပါ နေ့စဉ်ထိတွေ့သိရှိနေသူပါ။ ဒါကို ဦးအေးမြင့် လေးလေးနက်နက် သိဖို့လို့ပါတယ်။

“စကား၊ စကား ပြောပါများ၊ စကားထဲက ဇာတိပြ” ဆိုတဲ့ ဆိုရိုးကလေးနဲ့တော့ ကွက်တိပဲလို့ တွေးလိုက်မိပါတယ်။ ဦးအေးမြင့် အခုလိုဘာကြောင့် မရှက်မကြောက် ပြောနေရသလဲ။ သူ့အခြေခံက ဘာလဲ။ ၂၀၀၀ ပြည့်လွန်နှစ်များက အင်းစိန်ထောင် (၅) တိုက်မှာ၊ အခုလို ပရမ်းပတာ အပြောတွေ၊ အလုပ်တွေကြောင့် သူ့အမှုတွဲတွေနဲ့ အခြားနိုင်ငံရေးအကျဉ်းသားတွေရဲ့ စိတ်ပျက်အထင်သေးတာ ခံခဲ့ရဖူးပြီ။ “လမ်းပြကြယ်” အဖွဲ့ဆိုတာ လုပ်ပြန်တော့လည်း အာဏာပိုင်နဲ့ ပုလင်းတူဘူးဆို့လုပ်လို့ အားကိုးတကြီးနဲ့ လာရောက်တိုင်တန်းသူတွေ အာဏာပိုင်ရဲ့ အစစ်အဆေး အမေးအမြန်းခံရ၊ ရန်ရှာခံရ ဖြစ်ခဲ့ဖူးပြီ။ အကူအညီ တောင်းပြန်ရင်လည်း အခကြေးငွေ တောင်းလွန်းလို့ အကြိမ်ကြိမ် မျက်နှာပျက်ခဲ့ရဖူးပြီ။ ဒါကြောင့် ပဲခူးမြို့လူထုက “လမ်းပြကြယ်” မဟုတ်ဘူး၊ “လမ်းပျောက်ကြယ်” လို့ သမုတ်ခဲ့ကြပါတယ်။

ဒါပေမယ့် မီဒီယာတွေအနေနဲ့ သူ့ရဲ့အကျင့်ဆိုးကို နားလည်ခွင့်လွှတ်ပြီး (အဆိုးထဲက အကောင်းရှာပြီး) ကလေးစစ်သားကိစ္စ ဆောင်ရွက်ပေးမှုတချို့ကို ကမ္ဘာသိအောင် ဖော်ပြပေးခဲ့ပါတယ်။ ဒီ့အတွက် ကမ္ဘာ့အဖွဲ့အစည်းတချို့က ပေးတဲ့ ဆုတချို့တောင် ရခဲ့ပါသေးတယ်။

ဒါပေမယ့် ဦးအေးမြင့်ဟာ ကိုယ့်တပိုင်တနိုင် ကလေးစစ်သားကိစ္စလောက်နဲ့ မတင်းတိမ်နိုင်တော့ဘူး။ ကိုယ်နားမလည်တဲ့ နိုင်ငံရေးကိစ္စကိုပါ (စိတ်ကြီးဝင်ပြီး) ဆရာကြီး လုပ်လာပါတယ် (သည်းခံပါ၊ မြှောက်ပေးတဲ့လူကလည်း မြှောက်ပေးတာကိုး၊ ဘုန်းကြီးရူးနဲ့ လှေလူး တွေ့တယ်ဆိုသလိုပေါ့)။

NLD ရွေးကောက်ပွဲသပိတ်မှောက်ရခြင်းရဲ့ အခြေခံက ဘာလဲ။ ၂၀၀၈ ဖွဲ့စည်းပုံက ဘာကို ဦးတည်နေသလဲ။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရဲ့ ၀ိသေသတွေကို သိသလား၊ NLD က ရွေးကောက်ပွဲကို သပိတ်မှောက်လိုက်တဲ့အတွက် ဒီမိုကရေစီအင်အားစုဆိုသူတွေ မဲမရတော့ဘဲ ကြံ့ဖွံ့က အပြတ်အသတ် အနိုင်ရသွားမှာပေါ့ … တဲ့။ ဦးအေးမြင့် သိဖို့က NLD လုပ်နေတဲ့ ရွေးကောက်ပွဲသပိတ်ရဲ့အခြေခံဟာ နိုင်ငံရေးတိုက်ပွဲပါ။ NLD သပိတ်မမှောက်လည်း ကြံ့ဖွံ့က နိုင်လည်းနိုင်၊ ရှုံးလည်းနိုင်ဖြစ်အောင် ရွေးကောက်ပွဲ ဥပဒေ၊ ကော်မရှင် ဥပဒေတွနဲ့ အကွက်ချပြီး ညစ်ထား၊ ညှစ်ထားပြီးသားပါ။ ဒါကို ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေ၊ မဲဆန္ဒရှင်ပြည်သူတွေ အားလုံးသိပါတယ်။ ကမ္ဘာကလည်း သိပါတယ်။ မသိတာ ဦးအေးမြင့်ပါ။ တရားဥပဒေကို မထီမဲ့မြင် ချိုးဖောက်နေတာတွေကို ကြည့်ရင်း ငုတ်တုတ်မေ့နေတာက ဦးအေးမြင့်ပါ။ သြော် … နက်နက်ဆင်းလေ၊ တိမ်မှန်းသိရလေ ဆိုသလိုဖြစ်နေပါပြီ။ NLD ကို တရားခံမရှာပါနဲ့။ သူ့ဖာသာ ပုပ်လို့ ကြွေကျတဲ့ သစ်သီးအတွက် သစ်ပင်မှာ တာဝန်မရှိပါဘူး။

အင်္ဂလိပ်ကိုလိုနီ အင်ပါယာအရှင်အတွက် ဘုန်းတော်ဘွဲ့မရေးဘဲ “လျှာပေါ် မြက်ပေါက်ချင် ပေါက်ပါစေ” ဆိုတဲ့ အမျိုးသားစာဆိုဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ စိတ်ဓာတ်က ဘာကို ညွှန်ပြနေသလဲ။ နယ်ချဲ့ဖိနှိပ်သူ လူတန်းစားနဲ့ ဘယ်လိုပဲဖြစ်ဖြစ်၊ တသက်လုံး ဘယ်လိုမှ မပတ်သက်ဘူးဆိုတဲ့ သံမဏိစိတ်ဓာတ်ပါ။

ရုပ်ဝတ္တုပိုင်းဆိုင်ရာ အရဖြစ်စေ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ အရဖြစ်စေ၊ ကိုယ့်ကျင့်သီလ အရဖြစ်စေ၊ ဘာသာတရား အရဖြစ်စေ၊ တမျိုးသားလုံးအပေါ် အလွန်နက်ရှိုင်းတဲ့ နိုင်ငံရေးကပ်ရောဂါဆိုးကြီးကို ဖြစ်ပေါ်စေပြီး နိုင်ငံတော်ကို လမ်းဆုံးအထိ ပို့ဆောင်နေတဲ့ ဗိုလ်ကျစိုးမိုးရေးဝါဒသမားတွေရဲ့ ပေးကမ်းစွန့်ကြဲမှုကို လက်ခံတယ်ဆိုကတည်းက ကိုယ်ဘယ်ဘ၀ ရောက်သွားပြီလဲ၊ စည်းရဲ့ဘယ်ဘက်မှာ ရောက်သွားပြီလဲ။ ဒီပြဿနာဟာ အတွေးအခေါ်ပြဿနာ ဖြစ်ပါတယ်။ လူတန်းစားစိတ်ဓာတ်နဲ့ ဆိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ နိုင်ငံရေးပူးပေါင်းလုပ်ကြံမှုကြီးပါပဲ။ နိုင်ငံရေး ပါရာဇိကံပါပဲ။

“ရန်သူ့လက်နက်၊ ကိုယ့်လက်နက်” ဆိုတဲ့ အယူအဆက ရန်သူကို ချေမှုန်းပြီး ရန်သူ့ဆီက လက်နက်နဲ့ ကျန်တဲ့ ရန်သူတွေကို ပြန်တိုက်မယ်ဆိုတဲ့ အယူအဆပါ။ ရန်သူ့ဆီက လက်နက်ကို အသနားခံပြီး တောင်းလို့ ဘယ်တော့မှ မရပါဘူး။ ရန်သူကလည်း သူ့လက်နက်ကို အလွယ်တကူ ဘယ်တော့မှ မပေးပါဘူး။ စိတ်ကူးမယဉ်ပါနဲ့။

တကယ်တော့ တော်လှန်ရေးတွေဟာ ပြည်တွင်းပြည်ပရဲ့ ဖိအားနဲ့ အုံကြွပေါက်ကွဲမှုများ၊ အုပ်ချုပ်သူ လူတန်းစားအတွင်း ကသောင်းကနင်း အကျပ်အတည်းနဲ့ ပဋိပက္ခများ … စတဲ့ အကြောင်းပေါင်းစုံ ဆုံစည်းမှုများ၊ တနည်းအားဖြင့် သမိုင်းဖြစ်ပေါ်တိုးတက်မှုများအရ တစ်စုံတရာသော အဆင့်များကို ဖြတ်သန်းရင့်မှည့်လာပြီးမှ ပေါ်ပေါက်လာရတာဖြစ်ပါတယ်။

အကျယ်ချဲ့ပြောရရင် လူသားရဲ့ဖြစ်တည်မှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများ အံဝင်ခွင့်ကျမဖြစ်တဲ့အခါ၊ သိပ်သည်းမည်းမှောင်နေတဲ့ အာဏာရှင်စနစ်နဲ့ စစ်ဗျူရိုကရေစီယန္တရားရဲ့ အဓွန့်ရှည်မှုကို သည်းမခံနိုင်ကြတဲ့အခါ၊ ပြည်သူလူထုအဖို့ နှောင်ကြိုးကလွဲပြီး တခြားဆုံးရှုံးစရာ မရှိတော့တဲ့အခါ၊ ဆင်းရဲမွဲတေခြင်းနဲ့ ဖိနှိပ်ရက်စက်ခြင်းဒဏ်ကို ဘယ်လိုမှ ရင်စည်းမခံနိုင်တော့တဲ့အခါ၊ အမျိုးသားဂုဏ်သိက္ခာကို ကမ္ဘာ့ဗိုလ်ပုံအလယ်မှာ ထပ်တလဲလဲ အရှက်ခွဲခံခဲ့ရပြီး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ပုံရိပ်ကို အစော်ကားခံရတဲ့အခါ၊ တော်လှန်ရေးတွေ၊ လူထုအုံကြွမှုတွေ ပေါ်ပေါက်ရစမြဲပါပဲ။ ဒါဟာ နိယာမတရားပါပဲ။

အဲဒါကို နားမလည်ဘဲ ငါ ဦးဆောင်လိုက်ရင်၊ ငါ လုပ်လိုက်ရင် ဖြစ်တယ်ဆိုပြီး ရူးကြောင်ကြောင် အိုးနင်းခွက်နင်း၊ ဘ၀င်မြင့် လေလုံးထွားနေတာကတော့ ယိုသူမရှက်၊ မြင်သူရှက်ဖြစ်ရပါတယ်။ အမြင်မတော်၊ ဆင်တော်နဲ့ ခလောက်ဆိုသလိုဖြစ်ပါတယ်။

နေ့စဉ် အရုဏ်တက်မှာ၊ နေမင်းကြီး ပုံမှန်အတိုင်း ထွက်လာတာ၊ သူတွန်ကျူးပေးလို့ ထွက်လာရတာဆိုပြီး ဘ၀င်မြင့် စိတ်ကြီးဝင်နေတဲ့ ကြက်ဖအိုကြီး ပုံပြင်ကို သတိရမိပါတယ်။

နိုင်ငံရေးသမား၊ နိုင်ငံရေးခေါင်းဆောင်ဆိုတာ ပြည်သူလူထုနဲ့အတူ သေအတူရှင်မကွာ တိုက်ပွဲဝင်နေတဲ့ ကာလမှာ ပြည်သူလူထုက သူရဲကောင်းအဖြစ် ဂုဏ်ပြုအသိအမှတ်ပြုခြင်းကို ခံကြရပါတယ်။ ဒါပေမယ့် ပြည်သူလူထုရဲ့ ပါဝင်လိုက်ပါမှု၊ စွမ်းပကား၊ ရဲစွမ်းသတ္တိနဲ့ တော်လှန်ရေးသစ္စာရှိမှုအပေါ် အထင်သေးလာပြီ၊ ကိုယ့်အတ္တကိုယ် ရှေ့တန်းတင်လာပြီ၊ ကိုယ့်ကိုယ်ကို အထင်ကြီး ဘ၀င်မြင့်လာပြီ၊ ပြည်သူလူထုနဲ့ ကင်းကွာလာပြီ ဆိုရင်တော့ အသနားခံလို့မရတဲ့ အနာဂတ်မှာ သမိုင်းရဲ့ ဒဏ်ခတ်မှုကို ကောင်းကောင်းကြီး ခံကြရပါတယ်။

ကျနော်တို့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ရန်သူနဲ့ ပူးတိုက်မယ်၊ အတွင်းဝင်တိုက်မယ်ဆိုပြီး ပူးပေါင်းခဲ့ကြသူတွေဟာ ဘယ်လိုဇာတ်သိမ်းသွားကြသလဲ။ ပြည်သူတွေကတော့ အဲဒီနိုင်ငံရေးပြက်လုံးဟောင်းတွေကို ကြားရဖန်များလို့ ငြီးငွေ့နေပါပြီ။

ပြည်သူလူထုရဲ့ နိုင်ငံရေးအသိနဲ့ သတိကို အထင်မသေးပါနဲ့၊ စစ်ဖိနပ်ကို ခွေးကတက်က လျှာနဲ့ လျက်ခဲ့ကြသူတွေနဲ့ နောက်ဆုံးနေ့တွေကို ကျနော်တို့ တွေ့ဖူးခဲ့ကြပြီ။ သမိုင်းရဲ့ဒဏ်ခတ်ခံရမှာကို ပုန်းနေလို့ ရချင်ရမယ်၊ ပြေးလို့တော့ မလွတ်ဘူးဆိုတာ သိစေချင်တာပါပဲ။ ။

ရေးသားသူ....ဝေမင်းအောင်

ရင်းမြစ်...ခေတ်ပြိုင်

ဒုတိယပင်လုံညီလာခံအကြို၊ နိုင်ငံရေးပေါင်းစည်းမှုအင်အား နဲ့ မြန်မာကွန်မြူနီတီ ညီညွတ်မှု ဦးဝင်းတင်နဲ့ မေးခွန်းများ

ယခုရက်သတ္တပတ်မှာ မြန်မာပြည်ရဲ့ အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်နဲ့ တွေ့ဆုံခဲ့ရာမှာ ဆရာက အောက်တိုဘာ ၂၄၊ တနင်္ဂနွေနေ့၊ ချင်းပြည်နယ်၊ ကလေးမြို့မှာ ကျင်းပခဲ့တဲ့ ဇူးမီးအမျိုးသားကွန်ဂရက် ထူထောင်ခြင်း ၂၂ နှစ်ပြည့် ညီလာခံမှာ တောင်ပေါ်၊ မြေပြန့် တိုင်းရင်းသား ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေ စုပေါင်းပြီး ထုတ်ပြန်တဲ့ သဘောထားထုတ်ပြန်ချက်အကြောင်း ပြောဖြစ်ပါတယ်။

“ပထမအချက်က ပြည်သူတရပ်လုံး လိုလားတောင့်တတဲ့ အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားပြန်လည် ညီညွတ်ရေး စတဲ့ ရည်မှန်းချက်တွေကို မှန်ကန်တဲ့ ဦးဆောင်မှု ညီညွတ်မှုအင်အားနဲ့ ဆောင်ရွက်သွားကြမယ်။

ဒုတိယအချက်ကတော့ အခု၂၀၁၀ ရွေးကောက်ပွဲဟာ အထက်ပါ အပြောင်းအလဲတွေကို ဖြစ်ပေါ်စေမှာ မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးရဲ့ ညီညွတ်ရေး အင်အားနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆောင်ရွက်ကြမယ်။ တွေ့ဆုံဆွေးနွေး အဖြေရှာကြရမယ်လို့ ပြောတယ်။

သုံးအချက်ကတော့ တိုင်းရင်းသားပြည်သူလူထုတရပ်လုံး မှီတင်းနေထိုင်တဲ့ မြန်မာပြည်မှာ တပြည်ထောင်စနစ်နဲ့လည်း မဟုတ်ဘူး၊ ခွဲထွက်ရေး စနစ်လည်း မဟုတ်ဘူး။ ဒီမိုကရေစီနည်းကျ လူမျိုးပေါင်းစုံ တန်းတူညီမျှ အတူတကွပေါင်းစည်းနေထိုင်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုစနစ်နဲ့ အားလုံး လက်တွဲပြီး နေထိုင်ကြမယ် ဆိုတဲ့ သံန္နိဋ္ဌာန် သဘောထား ရှိကြတယ်။ အဲဒါကို ဖြစ်ပေါ်စေဖို့ တိုင်းရင်းသားတွေအားလုံးနဲ့ စုဝေးပြီး ဒုတိယပင်လုံညီလာခံကို ခေါ်ယူကြမယ်ဆိုတာကို သဘောတူကြတယ် ဆိုတာက နံပါတ် ၃ အချက် ဖြစ်ပါတယ်။

အဲဒါကို ကြိုတင်ပြီး ဆွေးနွေးခဲ့ကြတယ်။ အဲသည် ကလေးမြို့အခမ်းအနားကို မသွားရောက်နိုင်တဲ့ ရန်ကုန်က နိုင်ငံရေးခေါင်းဆောင်တွေကလည်း သဘောတူတဲ့အကြောင်း လက်မှတ်ရေးထိုးခဲ့ကြတယ်။ ကလေးမြို့ညီလာခံမှာလည်း တက်ရောက်သူအားလုံးက သဘောတူ လက်မှတ်ထိုး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေ အသက် ၉၀ ကျော် ၈၀ ကျော်တွေကလည်း ၀ိုင်းပြီး လုပ်နေကြတာ ဖြစ်တယ်။ ကျနော်တို့ဆီက ၀ိုင်းဝန်းပြီးတော့ ထောက်ခံဆောင်ရွက်နေကြတယ်။ တိုင်းရင်းသားအဖွဲ့တွေကလည်း ၀မ်းသာအားရ ဖြစ်ကြတယ်။ ကျနော်တို့ အင်န်အယ်ဒီက ဦးတင်ဦးတို့ ဦးဝင်းတင်တို့ကိုလည်း လက်မှတ်ထိုးပါ ဆိုလို့ ဖိတ်ခေါ်လို့ လက်မှတ်ထိုးပေးခဲ့ပြီးပြီ ဖြစ်တယ်။ ၀ါရင့်နိုင်ငံရေးသမားကြီးတွေလည်း ပါကြတယ်။ ဒါဟာ နှစ်ပေါင်းများစွာအတွင်း တိုင်းရင်းသားတွေ အားလုံး အတူတကွ တညီတညွတ်တည်း တစုတစည်းတည်း ဖြစ်မှုကို တွေ့ကြရတာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။”

အဲသည်မှာ မေးတဲ့မေးခွန်းကတော့ - ဒုတိယအချက်မှာ ပြောထားသလို ၂၀၁၀ ရွေးကောက်ပွဲကနေ ဒီမိုကရေစီရေးကို မဖော်ဆောင်နိုင်ဘူးလို့ ပြောထားတဲ့အတွက်၊ မဲဆန္ဒရှင် ပြည်သူတွေရဲ့ သဘောထားတွေက ဘယ်လိုရှိနေသလဲ ဆိုတာ ဖြစ်ပါတယ်၊

“အခုဟာက ပြန်ကြည့်လိုက်ရင် - အစပိုင်းမှာ အင်န်အယ်ဒီက ရွေးကောက်ပွဲကို သပိတ်မှောက်တယ် လို့ ပြောလိုက်တဲ့အခါကျတော့ ပြည်သူအများစုမှာက အနည်းနဲ့ အများတော့ သံသယရှိခဲ့ကြတယ်။ သူတို့ ဒီလိုလုပ်တာ မှန်ပါ့မလားပေါ့။ ရွေးကောက်ပွဲဟာ ဒီမိုကရေစီအတွက် လမ်းလို့ ပြောတဲ့သူတွေကလည်း ရှိကြတာကိုး။ ပြီးတော့ အင်န်အယ်ဒီပါတီက ရွေးကောက်ပွဲကို မ၀င်ဘူး၊ သပိတ်မှောက်တယ် လို့ ပြောလိုက်ရတာက စစ်အစိုးရရွေးကောက်ပွဲဥပဒေအရ ပါတီရဲ့ တရားဝင်ရပ်တည်ခွင့်ကိုပါ စွန့်လွှတ်ပြီးတော့ သပိတ်မှောက်တယ်လို့ ပြောလိုက်ရတာကိုး။

ရွေးကောက်ပွဲဆိုတာ ဖြစ်သန်းရတဲ့ ဖြစ်စဉ်တခုမျှသာ ဖြစ်တယ်။ နောက်ပြီးတော့ အိုဘားမားပြောခဲ့သလိုပေါ့ကွာ။ ရွေးကောက်ပွဲဆိုတာက သန့်ရှင်းတယ်၊ တရားမျှတတယ် ဆိုယုံနဲ့လည်း ပြီးတာ မဟုတ်ဘူး။ ရွေးကောက်ပွဲပြီးသွားရင်ကော ဘာဖြစ်မှာလဲ ဆိုတာကလည်း အရေးကြီးတယ်တဲ့။ ရွေးကောက်ပွဲပြီးသွားရင်ကော Good Governance ဆိုတဲ့ စစ်မှန်တဲ့ အစိုးရတရပ် ဖြစ်ပေါ်လာမှာလား ဆိုတာက အဓိကကျတယ်။ ဒီလိုမျိုး Good Governance ကို ဦးမတည်နိုင်ရင် အလကားပဲ ဖြစ်တယ်။

ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီအဖွဲ့အစည်းတွေက ဖြတ်သန်းရတယ်။ ရွေးကောက်ပွဲကို ဖြတ်ကျော်လိုက်ပြီးတဲ့နောက်မှာ ရွေးကောက်ပွဲပြီးသွားတဲ့အခါ ဗြိတိန်မှာပဲ ဖြစ်ဖြစ်၊ အမေရိကန်မှာပဲ ဖြစ်ဖြစ် အာဏာရဖို့တင် မဟုတ်ဘူး။ ပြည်တွင်း ပြည်ပ နိုင်ငံရေးကိစ္စတွေမှာ ပြည်သူတွေနဲ့အတူ အစိုးရအဖွဲ့အသစ် ပေါ်ထွန်းလာပြီးတော့ Good Governance အတွက် ပိုမိုကောင်းမွန်တိုးတက်မယ် ဆိုတဲ့ မျှော်လင့်ချက်ကို ဦးတည်နေကြတာ ဖြစ်တယ်။

အခုဒီမှာ ဖြစ်နေတာကို ပြန်ကြည့်လိုက်ကြတော့၊ ရွေးကောက်ပွဲအချိန်နီးလာတဲ့အမျှ၊ ရွေးကောက်ပွဲအကြိုကာလမှာတင်ကို မတရားမှုတွေ၊ ဖိနှိပ်ချုပ်ချယ်မှုတွေ အများကြီးကို ပေါ်ပေါက်လာပြီ ဖြစ်တယ်။ စစ်အစိုးရရဲ့ ဘီလူးအစွယ်ထုတ်ပြတဲ့အခါကျတော့ ပြည်သူတွေက အင်န်အယ်ဒီ ရပ်တည်ချက်က မှန်ပါလားလို့ စိတ်တွေ ဖြစ်လာတယ်။

နောက်ပြီးတော့ ရွေးကောက်ပွဲအလွန်ကာလမှာ ဒီမိုကရေစီကို ဦးတည်တဲ့ Good Governance ကို ဖော်ဆောင်နိုင်မယ်ဆိုတာကို မျှော်လင့်ပြီး ရွေးကောက်ပွဲဝင်ကြတဲ့ နိုင်ငံရေးပါတီတွေ၊ တတိယအုပ်စုလို အင်အားစုတွေ ကိုယ်တိုင်ကလည်း ရွေးကောက်ပွဲအလွန်ကို မပြောနဲ့ဦး အခုလို ရွေးကောက်ပွဲအကြိုကာလမှာတောင် ဒီမိုကရေစီ ဆိုတဲ့ စကားတွေကိုတောင် သုံးနှုံးခွင့်မရှိအောင် ဖိနှိပ်ချုပ်ချယ် ကန့်သတ်ထားတာကို ခံနေကြတယ်။ ဘာအခွင့်အရေးတောင်မှ မရှိဘူး ဖြစ်လာတယ်။ သူတို့တွေကိုယ်တိုင်တောင် မသေချာတဲ့ အခြေအနေဖြစ်လာတယ်။

ဒါ့အပြင် ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲအလွန် Good Governance ကိစ္စကို အသာထားဦး၊ မြန်မာနိုင်ငံမှာ ဆိုးဝါးတဲ့ အချက်တခုကတော့ - ၂၀၀၈ အခြေခံဥပဒေဆိုတာကြီးက ရှိနေတယ်။ ဒါကိုလည်း ကျနော်တို့ကို ပစ်ပယ်ထားလို့ မရဘူး။ ဒါဟာ မှားယွင်းတဲ့ အခြေခံဥပဒေဖြစ်တယ်ဆိုပြီးတော့ အင်န်အယ်ဒီပါတီက ထောက်ပြထားပြီး ဖြစ်တယ်။

အဲဒီအချက်တွေကြောင့် ပြည်သူလူထုမှာ အနည်းနဲ့ အများ သဘောာပေါက်လာကြပြီ ဖြစ်တယ်။ ပြည်သူတွေထဲမှာ သည်ရွေးကောက်ပွဲဟာ ဟန်မကျဘူး။ မဟုတ်ဘူးဆိုတာ တလပြီး တလ၊ တနေ့ပြီး တနေ့ သဘောပေါက်လာကြတယ်။ အမှန်ကို မြင်လာကြပြီ ဖြစ်တယ်။ အခုလိုမျိုး ပြည်တွင်းမှာ လူထုသဘောထားက ရှိလာကြပြီ၊ ဒါကြောင့် တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေက အခုလိုမျိုး ဒုတိယပင်လုံညီလာခံလိုမျိုး ပေါ်ထွန်းလာဖို့ တောင်းဆိုမှုတွေ ပေါ်ထွန်းလာရတယ်။ ဒါကိုလည်း ပြည်သူတွေက လိုအပ်ချက်အဖြစ်၊ နိုင်ငံရေးပေါင်းစည်းမှု အဖြစ် မြင်လာကြလိမ့်မယ်လို့ ပြောချင်တယ်။

အဲသည်မှာ မေးခွန်းတခုကတော့ - ပြည်တွင်းက ပြည်သူတွေရဲ့ သိသာထင်ရှားတဲ့ အသံတွေ၊ သဘောထားတွေ ထုတ်ဖော်ပြသခွင့် မရှိအောင် ဖိနှိပ်ခံထားရတဲ့အချိန်မှာ ပြည်ပက မြန်မာပြည်သူတွေရဲ့ အခမ်းကဏ္ဍကိုကော ဆရာဦးဝင်းတင်တို့က ဘယ်လို သဘောထားသလဲဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။

ဟုတ်တယ်။ ကျနော်က ဒါကို တဆက်တည်း ပြောချင်တယ်။ အခုလိုမျိုး ပြည်တွင်းမှာ အင်န်အယ်ဒီတို့လို၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေ၊ ၀ါရင့်နိုင်ငံရေးသမားကြီးတွေက တိုင်းပြည်မှာ ဒီမိုကရေစီရေး ဖော်ဆောင်နိုင်ဖို့ လမ်းတွေ၊ သဘောထားတွေ၊ သံန္နိဋ္ဌာန်တွေ ချမှတ်ပြီး ဖော်ဆောင်နေချိန်မှာ၊ ပြည်တွင်းက အဖိနှိပ်ခံထားရတဲ့ ပြည်သူတွေက ဘာမှ ထုတ်ဖော်ပြောဆိုခွင့် မရကြဘူး။ အဲသည်လို အချိန်မှာ ပြည်ပမှာရှိတဲ့ မြန်မာပြည်သူတွေက သူတို့သဘောထားကို ထုတ်ဖော်ပြသကြတယ်လို့ ကြားသိရတယ်။ အယင်အပတ်က အမေရိကန်ပြည်က ပြည်နယ် ၄၊ ၅ ခု မှာ ရောက်ရှိနေထိုင်ကြတဲ့ မြို့နယ် ၁၄ မြို့နယ်က မြန်မာကွန်မြူနီတီတွေက တစုတစည်းတည်း သဘောထားတွေ ထုတ်ပြန်ကြတယ်လို့ ဆိုပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို မထောက်ခံဘူး၊ ၂၀၁၀ ရွေးကောက်ပွဲက ပေါ်ထွန်းလာတဲ့ ဘယ်ရလဒ်ကိုမှ လက်ခံခြင်း မရှိဘူးလို့ တစုတစည်း၊ တညီတညွတ်တည်း ပြောလိုက်တယ် လို့ ဆိုတယ်။

အခုချိန်မှာ ပြည်တွင်းက ပြည်သူတွေက သဘောပေါက်စ ပြုနေပြီ။ အင်န်အယ်ဒီပါတီက အောက်ခြေတွေအထိ ဆင်းပြီး ရှင်းလင်းမှုတွေ ပြုတဲ့နေရာမှာ အခု နောက်ဆုံးအဆင့်အနေနဲ့ ကျေးလက်တွေအထိပါ ဆင်းပြီး ပြောပြနေတယ်။ လူထုရဲ့ သဘောပေါက်မှုဟာ မြင့်မားလာနေတယ်။ သို့သော် လူထုဟာ ထုတ်ဖော်ပြောခွင့် မရကြတော့ သူတို့တွေရဲ့ ရွေးကောက်ပွဲ အပေါ်မှာ ကန့်ကွက်မှုတွေ၊ မကျေနပ်မှုတွေကို အများက သိရှိခွင့် မရကြဘူး။ အဲသည်လို အခြေအနေမှာ ပြည်ပက မြန်မာကွန်မြူနီတီကနေပြီးတော့ ပြည်တွင်းက ပြည်သူတွေရဲ့ သဘောထားတွေ ကိုယ်စားထုတ်ဖော်ပေးတယ်လို့ ကြားသိရတဲ့အတွက် အင်မတန်မှ အဖိုးတန်တယ်လို့ ပြောချင်ပါတယ်။

သည်လိုမျိုး ကြိုတင်သဘောထားတွေ ထုတ်ပြန်ထားတာကို ပြည်တွင်းက မြန်မာတွေက သိရှိသွားကြတဲ့အခါမှာ နောက်ဆုံး မဲပေးတဲ့နေ့ကို ရောက်လာကြရင် မဲမပေးဘဲ နေကြမယ်။ မဖြစ်မနေ မဲရုံထဲ တွန်းပို့ခံကြရရင်တောင်မှ ပြည်သူတွေဟာ သူုတို့ရဲ့ သဘောထားမှန်ကို အဲသည်မှာ ထုတ်ဖော်ပြသကြလိမ့်မယ်လို့ ယုံကြည်တယ်။ အခက်အခဲတွေကတော့ အများကြီးနဲ့ရင်ဆိုင်ကြရမှာပါပဲ။ သို့သော် ရွေးကောက်ပွဲဟာ ပြည်သူ့အစိုးရဖြစ်ပေါ်လာမှာ မဟုတ်ဘူး။ မျှော်လင့်ချက်မရှိဘူး။ နောက်ဆုံးတော့ ဒီရွေးကောက်ပွဲဟာ ၂၀၀၈ အခြေခံဥပဒေအတိုင်း စစ်အာဏာရှင်တွေ တည်မြဲဖို့ပဲ ဖြစ်တယ်ဆိုတာကို ပြည်သူတွေကြားမှ သိရှိမှု၊ နိုးကြားမှုတွေ ပိုမိုပြီး ပြန့်နှံ့စေတယ်ဆိုတာကိုတော့ ပြောရမှာ ဖြစ်ပါတယ်။

အခုအချိန်မှာ ကျနော် ရှေ့က အင်တာဗျူးမှာ ပြောခဲ့သလို နိုင်ငံရေးစုစည်းမှု အင်အားတွေ ဖြစ်ပေါ်လာတယ်လို့ ပြောချင်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေးကို ဆောင်ရွက်နိုင်ဖို့အတွက် တိုင်းရင်းသားတွေကိုယ်တိုင်ပါ ပါဝင်ပြီး ဆောင်ရွက်နိုင်တဲ့ အဆင့်တွေ ဖြစ်လာတယ်။ စစ်အာဏာရှင်တွေရဲ့ရွေးကောက်ပွဲကို အကြောင်းပြုပြီးတော့ အခြားတဖက်မှာ ကျနော်တို့ ဒီမိုကရေစီရေးအင်အားစုတွေ စုစည်းမိလာတယ်။ ညီညွတ်လာကြတယ်။ ဒါမျိုး ပြောချင်ပါတယ်။

ပေးပို့ ပေးသော ကိုမောင်ရစ် အားကျေးဇူးတင်ရှိပါသည်.။

NLD ပါတီ တည်ရှိနေသေးကြောင်း တကိုယ်တော်စည်းရုံးရေးဆင်း









ရန်ကုန်တိုင်းမြောက်ဥက္ကလာပမြို့နယ်မှNLD လူငယ်တစ်ဦးဖြစ်သော ကိုခင်မောင်ဦးသည် ပါတီရုံး အနီး တစ်ဝိုက်တွင် ၂၁.၁၀.၂၀၁၀ နေ့ တွင် ရွေးကောက်ပွဲ ဥပဒေ လက်ကမ်း စာစောင် များနှင့် NLD ပါတီ တည်ရှိနေသေးကြောင်းလက်ကမ်းစာစောင် ကို တစ်ကိုယ်တော် ပြည်သူကြား လိုက်လံ ဖြန့်ဝေ စည်းရုံးနေပါသည်။

ထိုစာစောင်များအား အဖွဲ့ချုပ် ပါတီ လူငယ်များ၊ ကျောင်းသား လူငယ်များနှင့် ဒီမိုကရေစီအင်အားစုများ၊ သံဃာများမှ ဖြန့်ဝေ အသိပေး နေသော လူထု အသိပေး လက်ကမ်း စာစောင်များ ဖြစ်ပြီးလုပ်ဆောင်ရခြင်းရည်ရွယ် ချက်မှာ-

၁။NLD ပါတီ တည်ရှိနေသေးကြောင်း လူထုမှ ပိုမို သိရှိ နေစေရန် နှင့်

၂။ရွေးကောက်ပွဲ ဥပဒေများကို လူထုမှ သိရှိနားလည်၍ မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်နိင်စေရန်ဖြစ်သည်။

ဇိုမီးအမျိုးသားကွန်ဂရက်၏ ၂၀၁၀ရွေးကောက်ပွဲအပေါ် သပိတ်မှောက်ခြင်းအကြောင်းကိုပြည်သူလူထုသို့ တင်ပြရှင်းလင်းခြင်း

Message From Pu Chin Sian Thang

ဇိုမီးအမျိုးသားကွန်ဂရက်၏ဗမာပြည်၂၀၁၀ ရွေးကောက်ပွဲအပေါ် သပိတ်မှောက်ခြင်းကိုထောက်ခံသည့်ပူးတွဲကြေငြာချက်

Statement

ကလေးမြို့ ဆုံးဖြတ်ချက် ကြေငြာစာတမ်း

Kalay Township Decision Announcement

စစ်အာဏာရှင်နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲ မွန်ပြည်သစ် ပါတီမှ သပိတ်မှောက်ပြီ

NMSP Statement of Boycotting SPDC 2010 Elections (October 18 2010)

Burma's 2010 Election; This is NOT Democracy



Burma's 2010 election to be held this November is political theater designed to legitimize the military regime that has violently held power in Burma since 1962. "This is NOT Democracy" examines the true reasons and historical context for the current election and why the regime's so-called "Roadmap to Democracy" is only a smoke screen to mask the regime's continued human rights abuses and refusal to relinquish leadership of the country to the pe...

ပေးပို့ ပေးသော ကိုဒေါင်းမာန်ဟုန် အားကျေးဇူးတင်ရှိပါသည်.။

အတုအယောင် ရွေးကောက်ပွဲအား ဆန့်ကျင်သပိတ်မှောက်သော ကမ္ဘာလုံးဆိုင်ရာ သွေးစည်းညီညွတ်ရေး လှုပ်ရှားမှု့ ( ကိုရီးယား )




လေးစားစွာဖြင့်

http://flyingpeacock.blogspot.com

Saturday, October 23, 2010

တောင်ကိုရီးယားနိုင်ငံရောက် ပြည်ထောင်စု မြန်မာနိုင်ငံဖွား သွေးရင်းသားရင်း ညီအကိုမောင်နှမ အပေါင်းတို့ 

၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၇)ရက်နေ့ တွင် မြန်မာနိုင်ငံအတွင်း နအဖ စစ်အုပ်စုမှ စီစဉ်ကျင်းပပြုလုပ်မည့်

လွတ်လပ်ပြီး တရားမျှတမှု လုံးဝ ကင်းမဲ့သည့် အတုအယောင် ရွေးကောက်ပွဲအား ဆန့်ကျင်သပိတ်မှောက်သောအားဖြင့်

နိုင်ငံတကာရောက် မြန်မာနိုင်ငံသား ညီအကိုမောင်နှမများအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ သွေးစည်းညီညွတ်ရေး လှုပ်ရှားမှုကို ၂၀၁၀ ခုနှစ် အောက်တိုဘာလ (၂၂ ) ရက်မှစတင်၍ နိုဝင်ဘာလ (၆) ရက်နေ့အထိ နအဖ စစ်အုပ်စု သံရုံးရှေ့များတွင်သပိတ်မှောက် ဆန့်ကျင် ဆန္ဒပြသပွဲများကို နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်သွားကြမှာဖြစ်ပါသည်။ထို့ အတူ ကျွနှ်ပ်တို့ တောင်ကိုရီးယားနိုင်ငံရောက်ပြည်ထောင်စု မြန်မာနိုင်ငံဖွား သွေးရင်းသားရင်း ညီအကိုမောင်နှမ အပေါင်းတို့ အနေဖြင့်လည်း နအဖ စစ်အုပ်စုမှ စီစဉ် ကျင်းပပြုလုပ်မည့် ဒီမိုကရေစီ နည်းလမ်းမကျသည့် အတုအယောင် ရွေးကောက်ပွဲအား ဆန့်ကျင်သပိတ်မှောက်သောအားဖြင့် ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသား ညီအကိုမောင်နှမများနှင့်ထပ်တူ တသွေးတည်း တသားတည်းရှိနေကြောင်းကို အတူတကွ ဖော်ထုတ်ပြသကြပါရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။



အစီအစဉ်

၂၀၁၀ခုနှစ် အောက်တိုဘာလ(၂၄)ရက် တနင်္ဂနွေနေ့ မနက် ၁၁ နာရီမှ ၁၂နာရီအထိ

နအဖ စစ်အုပ်စု၏ အတုအယောင် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင် သပိတ်မှောက် ဆန္ဒပြသပွဲနှင့် အောက်တိုဘာလ(၂၆)ရက် အင်္ဂါနေ့  မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၁နာရီအထိ

ကိုရီးယား ပြည်သူလူထုနှင့်အတူ စုပေါင်းဆန္ဒပြသပွဲနှင့် သတင်းစာရှင်းလင်းပွဲဆိုလ်းမြို့  ဟန်နမ်းဒုံ ရပ်ကွက်ရှိ နအဖ စစ်အုပ်စု အခွန်ရုံးရှေ့  တည့်တည့်

(အခြားသော နေ့ ရက်များတွင် သီးခြားအစီအစဉ်များ ရှိပါက ကြိုတင် ကြေညာပေးပါမည်)





ရန်နိုင်ထွန်း

သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

လွတ်မြောက်နယ်မြေ၊ကိုရီးယားဌာနခွဲ

Thursday, October 21, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်၏အထူးအယူခံ တရားရုံးချုပ်က လက်ခံလိုက်ပြီ

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒေါ်ခင်ခင်ဝင်းတို့သားအမိရဲ့ အထူးအယူခံ လျှောက်ထားမှုကို မြန်မာနိုင်ငံ တရားရုံးချုပ်က လက်ခံလိုက်ကြောင်း အောက်တိုဘာ ၂၀ ရက် ဒီကနေ့ နေ့လည်ပိုင်းမှာ ကြေညာတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနဲ့ သမီး မဝင်းမမတို့ကို စစ်အစိုးရ အင်းစိန်ခရိုင် အထူးတရားရုံးက မနှစ်က ထောင်ဒဏ် ၃နှစ်စီ ချမှတ်ခဲ့တဲ့ အတွက် ရန်ကုန်တိုင်းတရားရုံးကို အယူခံဝင်ရာမှာ ပယ်ချခံရတဲ့ အတွက် တရားရုံးချုပ်ကို ပြင်ဆင်မှု တင်သွင်းခဲ့ပါတယ်။

အဲဒါကိုလည်း ထပ်မံပယ်ချ ခံခဲ့ရပြန်တဲ့အတွက် တရားရုံးချုပ်ကို အထူးအယူခံအဖြစ် မကြာခင်က တင်သွင်းခဲ့ရာမှာ ကြားနာဖို့ လက်ခံကြောင်း အခုလို သဘောတူလိုက်တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ဒီအမှုအတွက် နေပြည်တော်ကို သွားရောက်ပြီး အပြီးသတ် လျှောက်လဲကြရဖို့ ရှိတယ်လို့လည်း သိရပါတယ်။


သတင်း....RFA

NLD ခေါင်းဆောင်များနှင့် သြစတြေးလျသံအရာရှိများ ဆွေးနွေး

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ ဖြစ်တဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်းနိုင်းတို့ကို ရန်ကုန်မြို့ သြစတြေးလျသံရုံးက သံအမတ်ကြီးနဲ့ သံအရာရှိတွေ အောက်တိုဘာ ၁၉ ရက် ဒီကနေ့ လာရောက် တွေ့ဆုံခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဩစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေး ပြည်နယ်၊ ဆစ်ဒနီမြို့ရှိ ကမ္ဘာကျော် အော်ပရာဟောက်စ် အဆောက်အအုံရှေ့တွင် မြန်မာ့ ဒီမိုကရေစီရေး လိုလားထောက်ခံသူများ ၂၀ဝ၉ အောက်တိုဘာ ၂၇ ရက်က ‘ဒီမိုကရေစီအတွက် စုဝေးကြ၊ လွတ်မြောက်ရေးအတွက် ရပ်တည်ကြ’ ရှေ့ပြေး လှုပ်ရှားမှုတွင် ပါဝင်ဆင်နွှဲနေပုံ ဖြစ်ပါသည်။

သြစတြေးလျ သံအရာရှိတွေက NLD ရဲ့ ရပ်တည်ချက်တွေနဲ့ လက်ရှိအခြေအနေတွေကို မေးမြန်းခဲ့တဲ့အကြောင်း၊ NLD ပါတီအပေါ် သူတို့ရဲ့ ရပ်တည်ချက်တွေကိုလည်း ရှင်းလင်း ပြောပြခဲ့ကြောင်း ဦးတင်ဦးက ပြောပါတယ်။

“သူတို့ ပြောသွားတဲ့ ကိစ္စတွေကတော့ ကျွန်တော်တို့အတွက် အများဆုံး အကျိုးရှိတာတွေလည်း ပြောတယ်လေ။ နောက်တချို့ပြောတယ်၊ သြစတြေးလျ ရပ်တည်ချက်နဲ့ ပတ်သက်တာ အားလုံးက အပြည့်အဝ ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုအတွက် အထူးသဖြင့် NLD နဲ့ ပတ်သက်တဲ့ ကိစ္စရပ်အဝဝပေါ်မှာကို အပြည့်အဝ သူတို့က ဒီ အားပေးထောက်ခံတဲ့ သဘောတွေ ရှိနေတယ်ဗျ။ အင်မတန် ကောင်းပါတယ်၊ သူတို့ ရပ်တည်ချက်ကို ပြောသွားတာတော့။”

သြစတြေးလျ သံအရာရှိတွေနဲ့ ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ ဦးနိုင်းနိုင်းတို့ တွေ့ဆုံဖို့ စီစဉ်ထားခဲ့ပေမဲ့ ကျန်းမာရေး အခြေအနေကြောင့် ဦးဝင်းတင် မတက်ရောက်နိုင်ခဲ့ဘူးလို့ သိရပါတယ်။

မနေ့ကလည်း ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ကို ကနေဒါသံရုံး အတွင်းဝန်နဲ့ သံအရာရှိတချို့ လာရောက် တွေ့ဆုံခဲ့ပြီး NLD ရဲ့ လက်ရှိအခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည် အကြောင်းနဲ့ ကနေဒါအစိုးရရဲ့ NLD အပေါ် သဘောထားတွေကို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

သတင်း...RFA

Tuesday, October 19, 2010

ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံ ကြားနာ

နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု ပြစ်ဒဏ်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံဝင်မှုကို ရန်ကုန်တိုင်း တရားရုံးချုပ်၌ ယနေ့ ကြားနာခဲ့ရာတွင် အယူခံအတွက် ဆုံးဖြတ်ချက် ချနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။


ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက “ဒီနေ့ ပြစ်ဒဏ်ချမှတ်တာကို ပြင်ဆင်ပေးဖို့ ကျနော်တို့ဘက်က အယူခံတင်ပြတာကို ကြားနာဖြစ်တယ်။ ဒီတင်ပြခဲ့တဲ့အပေါ် ကျနော်တို့ဘက်က ကျေနပ်မှု ရှိပါတယ်။ နှစ်ဦးနှစ်ဖက် ဆက်လက် ကြားနာဖို့အတွက် တရားရုံးချုပ်ဆီက ဒီနေ့ တခါတည်း ဆုံးဖြတ်တာ မရှိသေးတော့ နောက်တပတ် မဟုတ်ရင် နှစ်ပတ်အတွင်း ပြန်ကြားနာမယ်လို့ ကျနော်တို့ဘက်က မျှော်လင့်ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ယနေ့ နံနက် (၁၀) နာရီခန့်က နှစ်ဖက်ကြားနာရာတွင် ဒေါ်အောင်ဆန်းစုကြည်အတွက် ဦးကြည်ဝင်းကလည်းကောင်း၊ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမတို့ (၂) ဦးအတွက် ဒေါ်ခင်ဌေးကြွယ်ကလည်းကောင်း အသီးသီး လျှောက်လဲချက် ပေးခဲ့ကြပြီး စစ်အစိုးရဘက်က ရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူး (၁) ဦး လာရောက်ကြားနာခဲ့ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်ရက်မတိုင်ခင် ဒီအမှုကို အပြီးသတ် ကြားနာပြီး ဆုံးဖြတ်ရမယ့်ကိစ္စပါ။ ဒါကြောင့် အမြန်ဆုံး ပြန်ကြားနာသွားနိုင်ဖို့ ကျနော်တို့ဘက်က မေတ္တာရပ်ခံထားပါတယ်” ဟု ဆက်လက် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နေအိမ်ခြံဝင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသူ အမေရိကန်နိုင်ငံသား ဂျွန်ဝီလီယံ ယက်တောကို လက်ခံခဲ့မှုကြောင့် နေအိမ်အကျယ်ချုပ် ဥပဒေဆိုင်ရာ ပြည်တွင်းလုံခြုံရေး ဥပဒေ ချိုးဖောက်မှုဖြင့် နေအိမ်အကျယ်ချုပ် သက်တမ်း (၃) နှစ် ကျခံရန် အင်းစိန် အထူးတရားရုံးက ၂၀၀၉ ခု သြဂုတ် (၁၁) ရက်နေ့တွင် ချမှတ်ခဲ့သည်။

ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် တရားရုံးအာဏာ၏ အမိန့်ကို အုပ်ချုပ်ရေးအာဏာဖြင့် ပြင်ဆင်ကာ ထောင်ဒဏ်ကို ထက်ဝက်လျှော့ချ၍ ဆိုင်းငံ့ပြစ်ဒဏ် နေအိမ်အကျယ်ချုပ် (၁၈) လ ကျခံစေရန် ချမှတ်ခဲ့ခြင်းဖြစ်သည်။

“၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အရေးယူတာဟာ အစကတည်းက ဥပဒေနဲ့ မညီပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီဥပဒေက ရပ်ဆိုင်းသွားပါပြီ။ ဒါကြောင့် အသက်မဝင်တော့တဲ့ အဲဒီဥပဒေအတိုင်း အပြစ်ပေးတာ မမှန်ဘူးဆိုတာ ကျနော်တို့ဘက်က လျှောက်လဲထားတာ ရှိပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအပေါ် အယူခံဝင်ခဲ့ရာတွင် ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့်နောက် ပြီးခဲ့သည့် မေလမှစ၍ ဗဟိုတရားရုံးချုပ်သို့ အကြိမ်ကြိမ် တင်သွင်းလျှောက်ထားခဲ့ရာမှ ယနေ့ ကြားနာမှုသည် ပထမဆုံးအကြိမ် ဖြစ်သည်။

သတင်း...ခေတ်ပြိုင်

Monday, October 18, 2010

Shwekhamauk Bulletin_125

Shwekhamauk 125                                                                   

Saturday, October 16, 2010

ပြည်သူ့ဆန္ဒကို မဆန့်ကျင် ချင် လို့ ရွေးကောက်ပွဲ မဝင် တာလို့ ဒေါ်အောင်ဆန်းစုကြည် ပြော

၁၉၉၀ ရွေးကောက်ပွဲ မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချပ် ကို တခဲနက် ထောက်ခံမဲ ပေးခဲ့ တဲ့ ပြည်သူ့ ဆန္ဒ ကို မဆန့်ကျင် လိုတဲ့ အတွက် အခု ထပ်လုပ်တဲ့ ရွေး ကောက်ပွဲ ကို သူကိုယ်တိုင်ကော၊ သူ့ပါတီ က ပါ မဝင်တာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြော ပါတယ်။

နေအိမ်ချုပ်ကျခံရတဲ့ အမှုကိစ္စ အယူခံ အတွက် သူ့ ရှေ့နေတွေ က ဒေါ်အောင်ဆန်းစုကြည် ကို သောကြာနေ့ က သွားရောက် တွေ့ဆုံ စဉ်မှာ အခုလို စကား ကို ပြောခဲ့တာ ဖြစ် ကြောင်း သူ့ရဲ့ ရှေ့နေ တဦး ဖြစ်တဲ့ ဦးဉာဏ်ဝင်း က ဘီဘီစီ ကို ပြော ပါတယ်။

အခု လာမယ့် ရွေးကောက်ပွဲ ပြီး သွားရင်လဲ ပြည်သူ့ဆန္ဒ အပေါ် ကို သာ ကြည့်တဲ့ အခြေခံမူ အပေါ်မှာ သာ ခံယူသွားမည့် လို့ လည်း ဒေါ်အောင်ဆန်း စုကြည် က ပြော ကြောင်း ဦးဉာဏ်ဝင်း က ဆို ပါတယ်။

အခု ၂၀၁၀ ရွေးကောက်ပွဲ ရလဒ် ကို အိမ်နီးချင်း နိုင်ငံ တွေက ထောက်ခံ လိုက်ရင် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ် ကို ဆက်ကိုင်စွဲ ဖို့ လက်တွေ့မှာ ဖြစ်နိုင်ပါ့ မလား ဆိုတဲ့ ဘီဘီစီ ရဲ့ အမေး ကို တော့ ဦးဉာဏ်ဝင်း က လာမယ့် ရွေးကောက်ပွဲ ပြီးချိန် မှာ လူထု ဆန္ဒ အရ ဖြစ်လာသလား ဆိုတဲ့ အခြေအနေ တွေ က ပို ရှင်းလင်း သိသာ လာမယ့် အကြောင်း ဖြေကြား သွားပါတယ်။

သတင်း..ဘီဘီစီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထုတ်ပြန်ကြေငြာချက်

NLDကိုလူချောအား ကျေးဇူးတင်ပါသည်။

Friday, October 15, 2010

NLD တရားဝင်ရပ်တည်နေကြောင်း ပါတီဝင်များကို အကြောင်းကြား

NLD ပါတီ တရားဝင် ရပ်တည်လျက် ရှိကြောင်း တရားစီရင်ရေးလမ်းကြောင်းအရ သွားနေတာ ဖြစ်တယ်လို့ ပြည်နယ်တိုင်းအသီးသီးမှာရှိတဲ့ ပါတီဝင်တွေကို အသိပေးအကြောင်းကြားစာကို ဒီကနေ့ အောက်တိုဘာ ၁၄ ရက်မှာ ဖြန့်ဝေလိုက်ပါတယ်။


(Photo: AFP)


ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်း အောက်တိုဘာ ၅ ရက်နေ့က ဗဟိုတရားရုံးချုပ် အပြင်တွင် သတင်းသမားများနှင့် တွေ့ဆုံရှင်းလင်း ပြောကြားနေပုံ ဖြစ်ပါသည်။ NLD ပါတီကို စစ်အစိုးရက ဖျက်သိမ်းကြောင်း ကြေညာသဖြင့် စစ်အစိုးရအား NLD အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က တရားစွဲဆိုခြင်း ဖြစ်သည်။

NLD ပါတီ ရပ်တည်ခွင့်နဲ့ ပတ်သက်ပြီး၊ ပြီးခဲ့တဲ့ အပတ်အတွင်းက စစ်အစိုးရကို တရားစွဲခဲ့တာမှာ ဗဟိုတရားရုံးက လက်ခံခဲ့ပြီး မှတ်ပုံတင်ခွင့် ရရှိခဲ့ပါတယ် ဒါပေမဲ့ အခုနှစ် ဧပြီလက NLD ပါတီက စစ်အစိုးရကို တရားစွဲခဲ့တာကို ကျိုးကြောင်းဆီလျော်မှု မရှိဘူးဆိုပြီး ပယ်ချခံခဲ့ရပါတယ်၊ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ခုလိုပြောပါတယ်။

“အရင်တည်းက ကျွန်တော်တို့ တရားစွဲဖို့ အမျိုးမျိုး ကြိုးစားတယ်။ အရင်တုန်းကလည်း ကျွန်တော်တို့ မပြီးမပြတ်နဲ့ ပြန်ပေးတယ်။ အခု ကျွန်တော်တို့ စွဲလိုက်တဲ့အခါမှာ အဲ မှတ်ပုံတင် ပေးတယ်။ Register နံပါတ်ပေးတယ်။ ကျွန်တော်တို့ ကြားနာဖို့အဆင့် ရောက်သွားတယ်။ နောက် ဒီအခြေအနေတွေကို ဖော်ပြတာတချက်၊ နောက်ပြီးတော့ ဒီ တရားစွဲတာဟာ NLD ရပ်တည်ရေးအတွက် စွဲနေတာ။ ကျွန်တော်တို့ judicial process ပေါ့။ တရားစီရင်ရေး လမ်းကြောင်းက သွားနေတယ်။ ဒါကြောင့် NLD က ဥပဒေမှာ ဖော်ပြသလို ပျက်ပြယ်ခြင်း မရှိဘူး။ ရပ်တည်လျက် ရှိတယ်ဆိုတာကို အသိပေး အကြောင်းကြားတာပါ။”

ဒီကနေ့ စတင်ဖြန့်ဝေလိုက်တဲ့ ဖြန့်ဝေစာနဲ့ ပတ်သက်ပြီး ပြောပြတာပါ၊ ပါတီက တရားစွဲတဲ့ ကိစ္စကို တရားရုံးက လက်ခံပြီးတဲ့ နောက်လုပ်ထုံးလုပ်နည်းအရ ၂ပတ်အတွင်း အပြန်အလှန် လျှောက်လဲခွင့် ရရှိနိင်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
တချိန်တည်းမှာပဲ NLD ပါတီရဲ့ ကချင်ပြည်နယ် စည်းရုံးရေးခရီးစဉ် သွားရောက်နေတဲ့ ဦးအုန်းကြိုင်၊ ဦးအေးသာအောင်တို့ ခေါင်းဆောင်တဲ့ အဖွဲ့ဟာ ဒီကနေ့ မွန်းလွဲ ၂ နာရီခန့်က ကချင်ပြည်နယ် မိုးညှင်းမြို့ကို ရောက်ရှိပြီး ညနေပိုင်းမှာ မြို့နယ်အတွင်း ပါတီဝင် ၅၀ ခန်နဲ့ တွေ့ဆုံပါတယ်။ အဖွဲ့မှာ လိုက်ပါလာတဲ့ လူငယ်တာဝန်ခံ ကိုမျိုးညွန့်က ခုလိုပြောပါတယ်။

“ကျွန်တော်တို့ ကချင်ပြည်နယ် မိုးညှင်းကို ရောက်နေတယ်ဗျ။ မိုးညှင်းမြို့နယ်က ကျွန်တော်တို့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ ကျွန်တော်တို့ ဗဟိုက ဦးအုန်းကြိုင် ဦးဆောင်တဲ့ ကျွန်တော်တို့အဖွဲ့က လာပြီးတော့ ကျွန်တော်တို့ အဖွဲ့ချုပ်ရဲ့ လက်ရှိ ၂၀၁၀ ရွေးကောက်ပွဲအပေါ်မှာ သပိတ်မှောက်တဲ့ အကြောင်းတွေ၊ နောက် ကျွန်တော်တို့ အဖွဲ့ချုပ်ကြီးရဲ့ ရှေ့လုပ်ငန်းစဉ်တွေအကြောင်း ကျွန်တော်တို့ ပြောဆိုဆွေးနွေးတာ ဖြစ်ပါတယ်။”

အဖွဲ့ဟာ မိုးညှင်းကတဆင့် ဒီကနေ့ ညပိုင်းမှာ မြစ်ကြီးနားမြို့ကို ခရီးဆက်ဖို့ ရှိတယ်လို့ သိရပါတယ်။

ရင်းမြစ် - RFA စက်တင်ဘာလ(၁၄)ရက်။ ၂၀၁၀ ခုနှစ်

Wednesday, October 13, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်နအဖ၏၂၀၁၀ရွေးကောက်ပွဲကိုမဲဖို့ငြင်းဆို

မသင်းသီရိ အင်္ဂါ, 12 အောက်တိုဘာ 2010 VOA

နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခွင့်ပြုတာဟာ စစ်အစိုးရက ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ လွဲချော်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြလိုက်သလို ရွေးကောက်ပွဲမှာ သူမဲပေးမှာ မဟုတ်ဘူးလို့လည်း သက်ဆိုင်ရာ အာဏာပိုင်တွေကို ပြောလိုက်တယ်လို့ သူ့ကို ဒီကနေ့ သွားတွေ့ခဲ့တဲ့ ရှေ့နေတွေကတဆင့် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိကြောင်း သက်ဆိုင်ရာ အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ လာရောက် အကြောင်းကြားစဉ် အခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ပြုတဲ့အကြောင်း မကြာသေးခင် ရက်ပိုင်းကပဲ နေအိမ်မှာ သွားရောက် အကြောင်းကြားခဲ့တဲ့ အာဏာပိုင်တွေကို ဒေါ်အောင်ဆန်းစုကြည်က ဒါဟာ ဥပဒေကြောင်းနဲ့ လွဲချော်နေတယ်လို့ ပြန်လည်ထောက်ပြခဲ့တာပါ။ ဒါကလည်း ပြီးခဲ့တဲ့ မတ်လက စစ်အစိုးရက ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေထဲမှာ ပြစ်ဒဏ် ကျခံနေရသူများဟာ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိမလို မဲပေးပိုင်ခွင့် မရှိကြောင်း ပြဋ္ဌာန်းထားတာမို့ အခု သူ့ကို မဲပေးခွင့် ပေးလိုက်တာဟာ ဥပဒေအရ ကြည့်မယ်ဆိုရင် လွဲချော်နေတယ်လို့ ပြောကြောင်း ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားတွေ့ခဲ့တဲ့ ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။

“ထုတ်ပြန်တဲ့ ဥပဒေတွေထဲမှာ စကားရပ်တခု ပါတယ်။ ထောင်ဒဏ် ကျခံနေရသူ၊ အဲတော့ တရားရုံး တရုံးရုံးက ပြစ်ဒဏ် စီရင်ထားသူကို ဆိုလိုသည်တဲ့။ ထိုသူက အဲဒီ ချမှတ်တဲ့ ပြစ်ဒဏ်ကို မကျေနပ်လို့ အယူခံထားသူလည်း ပါဝင်သည်လို့ ဆိုတော့ ဒေါ်စုက အဲဒီအထဲ ပါနေတာပေါ့။ အခု အယူခံထားတာလည်း မကျေနပ်လို့ အယူခံထားတာ။ အဲတော့ သူက ထောင်ဒဏ်ကျခံနေရသူ ဆိုတဲ့ဘက်မှာ သွားပါတဲ့သဘော ဖြစ်နေတယ်။ ဒေါ်စုက သူ့မှာ Voting Right၊ မဲပေးပိုင်ခွင့် မရှိဘူးဆိုပြီးတော့ အဲဒါကို ရှင်းပြလိုက်တယ်။”

ဒါ့အပြင် နိုဝင်ဘာလ ၇ ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို မဲမပေးဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားတဲ့ အမှုအပေါ် အထူးအယူခံလွှာကို လာမယ့် အောက်တိုဘာလ ၁၈ ရက်နေ့ တရားရုံးချုပ် ရန်ကုန်မှာ ကြားနာမှာမို့ ဒီအယူခံလွှာ ကိစ္စအတွက် ရှေ့နေတွေ ဖြစ်ကြတဲ့ ဦးကြည်ဝင်းနဲ့ ဦးဉာဏ်ဝင်းတို့ ၂ ဦး ဒီကနေ့ နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့ခဲ့တာလည်း ဖြစ်ပါတယ်။

“အဓိကတော့ ကျနော်တို့ ပြင်ဆင်လာခဲ့ကြတာနဲ့ ရေးသား လျှောက်လဲချက်ကို ဒေါ်စုကို သွားပြတာ။ အဲတော့ သူကလည်း အဲဒီဟာကို ကျနော်တို့နဲ့ ဖတ်လည်း ဖတ်ကြည့်တယ်၊ ဆွေးနွေးလည်း ဆွေးနွေးတယ်။ ဆွေးနွေးပြီးတော့မှ အချက် လေးငါးချက်ပဲ ထပ်ပြီးတော့ ဖြည့်သင့်တယ်လို့ ပြောတယ်။ ဖြည့်ပေးစေချင်တယ်လို့ ပြောတယ်။ အဲတော့ အဲဒီ လေးငါးချက် ကျနော်တို့ဆီမှာ ပါတယ်။ ကျန်တဲ့ဟာတွေလည်း ရှင်းပြခဲ့တယ်။”

မနှစ် သြဂုတ်လ ၁၁ ရက်နေ့က ချမှတ်လိုက်တဲ့ ဒီပြစ်ဒဏ်အတွက် မူလ အင်းစိန်တရားရုံးမှာ ၀င်ခဲ့တဲ့ အယူခံကိုလည်း ပယ်ချခဲ့သလို ရန်ကုန်တိုင်း တရားရုံးမှာ မနှစ် စက်တင်ဘာ ၄ ရက်နေ့က တင်တဲ့ အယူခံလွှာကိုလည်း အောက်တိုဘာလ ၂ ရက်နေ့မှာ ပလပ်ခဲ့ဖူးတာမို့ ၂ ကြိမ်ထိ လက်မခံဘဲ ရှိထားခဲ့ပြီး အခုတော့ တရားရုံးချုပ်မှာ အထူးအယူခံလွှာ လက်ခံ မခံ ကြားနာမှာလည်း ဖြစ်ပါတယ်။

ဒါဟာလည်း စစ်အစိုးရက ၁၉၇၄ အခြေခံဥပဒေကို ၂၀၀၈ အခြေခံဥပဒေနဲ့ အစားထိုးခဲ့တယ်လို့ ကြေညာထားပြီးကာမှ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုရာမှာ အခြေခံဥပဒေဟောင်းကို အသုံးပြုထားတာ ဖြစ်တယ်လို့ ဦးကြည်ဝင်းက ထောက်ပြပါတယ်။

“အင်မတန် အရေးကြီးတဲ့အချက်၊ ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေက ၈၈ ခုနှစ်က ရပ်ဆိုင်းသွားတယ် ဆိုတာကို ရန်ကုန်တိုင်း တရားသူကြီးက အမိန့်ချခဲ့တယ်။ အဲဒါက ကျနော်တို့ရဲ့ အမြတ်၊ အောင်ပွဲ၊ အဲလို ပြောနိုင်တယ်။ သို့သော် တရားသူကြီးက အဲဒီနေရာလေးမှာ အဲဒီလမ်းကြောင်းပေါ် ရောက်ပြီးကာမှ ပြန်ပြီးတော့ ဂကွေ့ ကွေ့ပြီးတော့ ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်မ ၅ ခုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူလ အခွင့်အရေးတွေပေါ့ဗျာ၊ Fundamental Rights တွေ ကန့်သတ်တာပေါ့။ လှည့်ပတ်ပြီး ထွက်သွားတာ။”

ရှေ့နေ ဦးကြည်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထူးအယူခံအတွက် လိုအပ်တာတွေကို ထပ်မံဖြည့်စွက်ပြီးရင် အမှုကို ကြားနာမယ့် အောက်တိုဘာ ၁၈ ရက် မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထပ်မံတွေ့ဆုံဖို့ ရှိတယ်လို့လည်း ပြောပါတယ်။