ဒီမိုကရေစီပန်းတိုင် အမြန်ရောက်ရှိနိုင်ပါစေ။

Wednesday, September 1, 2010

အဖွဲ့ချုပ်ဗဟိုအဖွဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲသဘောထားများရှင်းပြ

ဧရာဝတီတိုင်းအတွင်း စည်းရုံးရေးခရီးထွက်နေတဲ့ ပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ဦးဆောင်တဲ့အဖွဲ့ချုပ်ဝင်တွေဟာ ဒီကနေ့ဘိုကလေးမြို့ကိုရောက် နေပြီဖြစ်ပါတယ်။ ဘိုကလေးမြို့ကိုမလာခင် မနေ့ညပိုင်းကတော့ ပန်းတနော်မြို့က လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ တင်မင်းထွတ်ရဲ့အိမ်မှာ မြို့နယ်နယ်အဖွဲ့ချုပ်ဝင် တွေနဲ့တွေ့ဆုံ ပြီး ရွေးကောက်ပွဲအပေါ် အဖွဲ့ချုပ်ရဲ့သဘောထားနဲ့ လက်ရှိလုပ်ငန်းစဉ်တွေကို ရှင်းပြ ခဲ့တယ်လို့ ဒီအဖွဲ့မှာပါတဲ့ လူငယ်တာဝန်ခံ ကိုမြင့်ဌေးက ပြောပါတယ်။

အဓိကရှင်းပြတာကတော့ ဒေါ်အောင်ဆန်းစုကြည် ပြောကြားလိုက်တဲ့ အ ချက် ၉ ချက်ထဲက ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့အချက်တွေကို ရှင်းပြခဲ့တာလို့ အဖွဲ့ချုပ်လူငယ်တာဝန်ခံ ကိုမြင့်ဌေးက အခုလို ပြောပြပါတယ်။ “အဓိကတော့ ပြည်သူလူထုတွေက အန်အယ်ဒီကို မဲပေးချင်တယ်ပေါ့ အဲ တော့ အန်အယ်လ်ဒီက ရွေးကောက်ပွဲမဝင်တော့ ဘယ်ကိုမဲပေးရမှန်း မသိဘူးဆို တော့ မဲပေးစရာမရှိရင် မပေးပါနဲ့လို့ပဲဆက်ပြောတယ်။ နောက်တခုက ပြည်သူတ ယောက်က မဲပေးလို့ရသလို မဲမပေးလည်းနေလို့ရတယ်ဆိုတဲ့အကြောင်း သူတို့ ဥပဒေက ထုတ်ပြန်ထားတယ်ဆိုတဲ့ အချက်အလက်တွေပါတယ်။

“နောက်တခု ရွေးကောက်ပွဲဥပဒေတွေက ထုတ်ပြန်ထားတာတွေက တရား မျှတမှုမရှိဘူး၊ ဒီတရားမျှတမှုမရှိတဲ့ အချက်အလက်တွေကိုတောင်မှ ထုတ်ပြန်တဲ့ ဒီဥပဒေကို ထုတ်ပြန်တဲ့ ပုဂ္ဂိုလ်တွေက အပြည့်အဝမဆောင်ရွက်ဘူးဆိုရင် ဒါဟာ မင်းမဲ့စရိုက်ဖြစ်တယ်ဆိုတဲ့ အချက်တွေကို အဓိကထား ဆွေးနွေးကြပါတယ်။ နောက် ပြည်သူလူထုကလည်း ဒီအချက်အလက်တွေကို သိရှိအောင် ကျယ်ကျယ်ပြန့်ပြန့် လေ့လာရမယ်။

“နောက်ဒီဟာတွေက တရားမျှတမှုမရှိဘူးဆိုရင် ဒါဟာ ရဲကိုတိုင်လို့ရတယ် ဆိုတဲ့အကြောင်း ဥပဒေထဲမှာ ပါတယ်ဆိုတဲ့အကြောင်းတွေကို ရှင်းပြပါတယ်။ မဲမ ပေးဘဲနေတဲ့ဟာက အပြစ်မဖြစ်ဘူးဆိုတဲ့အကြောင်းပေါ့။ အရဆကသအိးကတော့ သူတို့ ဥပဒေ ထဲမှာ ထုတ်ပြန်ထားတယ်ဆိုတဲ့အကြောင်းကို ရှင်းပြပါတယ်။” ဦးတင်ဦးနဲ့အဖွဲ့ဟာ မနက်ဖြန်မှာတော့ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲ စတဲ့မြို့နယ် အဖွဲ့ချုပ်ဝင်တွေနဲ့ တွေ့ဆုံမယ်လို့သိရပါတယ်။ ဧရာဝတီတိုင်း စည်းရုံး ရေးခရီးထွက်လာရတာနဲ့ပတ်သက်လို့တော့ ပါတီဒု-ဥက္ကဋ္ဌ ဦးတင်ဦးက အခုလို ရှင်း ပြပါတယ်။ “အခုကျနော်တို့အားလုံး ဗဟိုမှာရှိတဲ့ လူကြီးတွေ အားလုံးကလည်း သူတို့ တပြည်လုံးရှိတဲ့ အတိုင်းအတာအရ ပြည်နယ်တွေ တိုင်းတွေကို ဆင်းကြတာပေါ့။ ဆင်းကြတဲ့အထဲမှာ ဧရာဝတီတိုင်းကို ဆင်းဖို့ရှိနေတာပေါ့။ အခုကျနော်ကလည်း ဧရာဝတီတိုင်းသား ပုသိမ်မြို့သားဖြစ်တော့ ကျနော်ကိုယ်တိုင်ပဲ ဦးဆောင်ပြီးတော့ တိုင်းဥက္ကဋ္ဌအနေနဲ့ အားလုံး ပြည်နယ်တိုင်း မြို့နယ်ကို ဆင်းကြတာ ဖြစ်ပါတယ်။

“ဆင်းတဲ့ရည်ရွယ်ချက်ကို အရင်တုန်းက စုစည်းပြီးသားရှိတဲ့ မြို့နယ်အဖွဲ့ ဝင်အားလုံး ပြန်လည်စုစည်းပြီးတော့ ကျစ်လစ်သိပ်သည်းစွာဖြင့် ပြန်လည်စည်းရုံး ဆောင်ရွက်တာဖြစ်ပါတယ်။ အဲဒီရည်ရွယ်ချက် ဆောင်ရွက်ချက်တွေက အခုကျနော် တို့ထင်ထားတာထက် ပိုအားရစရာကောင်းတယ်လို့ မြင်နေပါတယ်။” အန်အယ်လ် ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ပြောပြသွားတာဖြစ်ပါတယ်။

သတင်းရင်းမြစ်..DVB