တောင်ကိုရီးယား ဒုနိုင်ငံခြားရေးဝနှ်ကြီး လီယောင်ဂျွန်းဟာ ဩဂုတ်လ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက် လည်ပတ်ဖို့ ရှိကြောင်း ၃ ရက်ကြာ လာရောက် လည်ပတ်မဲ့ သူ့ခရီးစဉ်အတွင်း ဩဂုတ်လ ၂၀ ရက် လာမဲ့အပတ် သောကြာနေ့မှာ နေပြည်တော်ကို သွားရောက်ပြီး စစ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိကြောင်း တောင်ကိုရီးယားသံရုံးနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က RFA ကို ပြောဆိုပါတယ်။
နေပြည်တော်ကအပြန် ဩဂုတ်လ၂၁ ရက် စနေနေ့မှာတော့ NLD ပါတီခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့လည်း သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးအတည်ပြုချက်ရယူဖို့ NLD ပါတီ ဒုဥက္ကဦးးတင်ဦးကို မေးမြန်းကြည့်ရာမှာတော့ တောင်ကိုရီးယားနိုင်ငံရဲ့ မြန်မာပြည်ဆိုင်ရာ သဘောထားတွေကို ရှင်းပြပါတယ်။
“တောင်ကိုရီးယားက ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး လာမယ်၊ ၂၁ ရက်နေ့ကျရင် ကျွန်တော်တို့ဆီက ကျွန်တော်တို့ အဖွဲ့က လှူကြီးတွေနဲ့ တွေ့မယ်။ အဲဒီတော့ ကျွန်တော်တို့ တယောက်စ နှစ်ယောက်စလောက်ပဲ တွေ့မှာပါ။ တောင်ကိုရီးယားက ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာကော၊ ကျွန်တော်တို့ NLD အပေါ်မှာကော အရင်တုန်းက အများကြီးထောက်ခံခဲ့တဲ့ သဘောတွေ ရှိပါတယ်။ စာနာ ထောက်ထားတဲ့ သဘောတွေတော့ ရှိပါတယ်။”
မြောက်ကိုရီးယားနိုငံရဲ့ အကူအညီနဲ့ နူကလီးယားလက်နက် ထုတ်လုပ်ဖို့ မြန်မာစစ်အစိုးရက ကြိုးပမ်းနေတယ်ဆိုပြီး အစွပ်စွဲခံနေရချိန်မှာ ၊ အခုလဆန်းပိုင်းကပဲ မြောက်ကိုရီးယား နိုင်ငံခြားရေးဝနှ်ကီး ပတ်အွီချွန်း မြန်မာနိုင်ငံကို လာရောက် လည်ပတ်ခဲ့ပါတယ်။
မြောက်ကိုရီးယား ဉိုင်ငံခြားရေးဝနှ်ကီးရဲ့ အဲဒီ ခရီးစဉ်အပြီမှာတော့ တောင်ကိုရီးယားနိုင်ငံရဲ့ အဆင့်မြင့် အစိုးရ ခေါင်းဆောင်တဦး အခုလို လာရောက် လည်ပတ်တာပဲ ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ သဘာဝ ဓာတ်ငွေ့ထုတ်လုပ်ရေး ကဏ္ဍမှာ အများဆုံး ရင်းနှီးမြှပ်ထားပြီး အထူးသဖြင့် ရခိုင်ကမ်းလွန် သဘာဝ ဓာတ်ငွေ့ထုတ်လုပ်ရေး လုပ်ကွက်မှာ အများဆုံး လုပ်ကိုင်နေကြောင်း သိရပါတယ်။
ရင်းမြစ်...RFA