ဒီမိုကရေစီပန်းတိုင် အမြန်ရောက်ရှိနိုင်ပါစေ။

Sunday, August 29, 2010

ထွက်ပေါ်နေသောသတင်းများအားအာဏာပိုင်များဖြေရှင်းခြင်းမရှိတဲ့ နအဖခေါင်းဆောင်ကြီးသန်းရွှေကနေစစ်ရာထူးနှုတ်ထွက်ပြီး ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသူ သူရမြင့်အောင်


ကျမတို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (၁၉၉၈ ခုနှစ်၊ မေလ ၂၈ ရက်) ပြောခဲ့သလိုပါဘဲ။“အာဏာပိုင်တွေဟာ မိမိတို့သဘောမကျတဲ့ ရွေးကောက်ပွဲရလဒ်ဆိုရင် လျစ်လျူရှုလိုက်၊ လိုချင်တဲ့ရလဒ် ဖြစ်လာနိုးနိုး၊ ရွေးကောက်ပွဲအသစ်တွေ ကျင်းပလိုက်တဲ့ လုပ်နေမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့အနာဂတ်နဲ့ ကစားရာရောက်ပါလိမ့်မယ်” ဆိုတဲ့စကား ဟာ သိပ်တန်းဘိုးရှိသလို ခုချိန်မှာ သိပ်ကိုမှန်ကန်ပါတယ်။ခုလည်း၂၀၁၀ နိုဝင်ဘာလ(၇)ရက်နေ့မှာ ပြုလုပ်မယ် မြန်မာပြည်သူများအပေါ် မတရား တဲ့ရွေးကောက်ပွဲအတွက် အာဏာပိုင်တွေ ပြင်ဆင်မှုတွေ စတင်အကောင်အထည်ဖော်ပြီး လုပ်ဆောင် နေပြီး ဆိုတာဧကန်မလွှဲ ပါ.။

ပြည်သူသာ အမိ ပြည်သူသာ အဖဆိုတာကို ဦးထိပ်မထားဖူး၊ နိုင်ငံတော်၌ တရားမျှတခြင်းနှင့် ညီညွတ်ခြင်းတည်းဟူသော လောကပါလတရား ပိုမိုထွန်းကားလာစေရေးအတွက် ပြည်သူများ၏ ဘ၀လွတ်လပ်မှု လုံခြုံမှု အာမခံချက်ရရှိရေးတို့ အတွက် အစဉ်ရှေ့ ရှူ ကာကွယ်စောင့်ရှောက်ရန်ဆိုတဲ့ ရည်မှန်းချက်တာဝန်ကို ဖောက်ဖျက်မယ်ဆိုရင် သူရမြင့်အောင်ဟာလည်း နအဖခေါင်းဆောင်ကြီး သန်းရွှေလိုဘဲ ဒီပုတ်ထဲက ဒီပဲဘဲ ဖြစ်မှာပါ။

ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို ဆက်လက် ဖိနှိပ်ချူပ်ချယ်ပြီး ညှင်းပန်းနှိပ်စက်သတ်ဖြတ်နေဦးမယ်ဆိုရင်လည်း သူရမြင့်အောင်ဟာ နောက်ထပ်အာဏာရှင်လက်သစ်တစ်ယောက်အဖြစ်မှလွဲလို့  မြန်မာနိုင်ငံနဲ့  ပြည်သူတွေအတွက် ကောင်းကျိုးရှိမှာ မဟုတ်ပါဖူး။


သတင်း..မြတ်လေးငုံ