အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်က အကောင်အထည်ဖော်နေတဲ့ အထက်နဲ့အောက် စဉ်ဆက်မပြတ် တွေ့ဆုံရေးအစီအစဉ်အဖြစ် ဗဟိုအလုပ်အမှု ဆောင်သုံးဦးနဲ့ ပဲခူးတိုင်း အရှေ့ခြမ်းမြို့နယ်တွေက အဖွဲ့ချုပ်ဝင်တွေ ဒီနေ့ ပဲခူးမြို့မှာ တွေ့ဆုံပါတယ်။ ဗဟိုအလုပ်အမှုဆောင်တွေဖြစ်တဲ့ ဦးညွန့်လွင်၊ ဦးစိုးဝင်း၊ ဦးဉာဏ်ဝင်းတို့ သုံးဦးနဲ့ ပဲခူးတိုင်း အရှေ့ခြမ်းမြို့နယ်တွေက ပါတီစည်းရုံးရေးမှူးတွေ တွေ့ခဲ့တာပါ။
ဒီတွေ့ဆုံပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်တည်ချက်ကို အဓိက ရှင်း ပြတာပါလို့ ကိုယ်တိုင်တွေ့ရာမှာ ပါဝင်တဲ့ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ကော်မ တီ ဦးဉာဏ်ဝင်းက ပြောပါတယ်။ “ဒီနေ့တွေ့ဆုံပွဲမှာ အဓိက ကတော့ ကျနော်တို့ လက်ရှိ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ရဲ့ ရပ်တည်မှု၊ ရပ်တည်မှုဆိုတာ မေးခွန်းတွေလည်း အမျိုးမျိုးထွက်တာ ပေါ့။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရှိသလား။ မရှိဘူးလား။ အဲဒီတော့ ဥပဒေအရ မရှိဘူးလို့ ပြောလို့ရပေမယ်လို့ အဲဒီ ဥပဒေ အချက်အလက်ကို ကျနော်တို့က လက် မခံဘူး။ ကျနော်တို့ အစိုးရကို တရားစွဲထားတာလည်း ရှိတယ်။ “ထပ်မံစွဲဖို့လည်း အစီအစဉ်ရှိတယ်။ တရားစီရင်ရေးလမ်းကြောင်း ဆုံးခန်း မတိုင်သေးဘူး။ ကျနော်တို့က အဖွဲ့ချုပ်ရှိတယ်ဆိုတဲ့ ရပ်တည်မှုကို ကျနော်တို့ ရှင်းပြ ပါတယ်။”
ဒီနေ့တွေ့ဆုံပွဲကို ပဲခူးမြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးမြတ်လှ နေအိမ်မှာ ကျင်းပခဲ့တာဖြစ်ပြီး ပဲခူး၊ သနပ္ပင်၊ ကဝ၊ ဝေါ၊ ညောင်လေးပင်၊ ကျောက်တံခါး ငါးမြို့နယ်က အဖွဲ့ချုပ်ဝင် ၇ဝ လောက်ပါတယ်။ နောက်လာမယ့် သီတင်းပတ်ကျရင် ပဲခူးတိုင်း အနောက်ခြမ်းက မြို့နယ်တွေ က ပါတီဝင်တွေနဲ့ တွေ့ဖို့ စီစဉ်ထားတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
သတင်းရင်းမြစ်..DVB