ဒီမိုကရေစီပန်းတိုင် အမြန်ရောက်ရှိနိုင်ပါစေ။

Tuesday, July 27, 2010

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အဓိဌာန် ပြန်လည်စတင်

ရန်ကုန်မြို့က ပင်စင်စားနဲ့ အစိုးရဝန်ထမ်းတချို့က လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ ပြုတဲ့ အစီအစဉ်ကို ဒီကနေ့ စတင်လိုက်ပါတယ်။ ရန်ကုန်မြို့က ပင်စင်စားသမားတွေနဲ့ ဝန်ထမ်းစုစုပေါင်း ၂၅ ဦးတို့ဟာ တဝါ တွင်းလုံး အဓိဌာန် ပြန်လည်စတင်ဝင်မယ့် သူတို့ရဲ့အစီအစဉ်ကို ဒီနေ့ ဝါဆိုလပြည့်နေ့မှာ ရွှေတိဂုံ ဘုရားမှာ စတင်လိုက်ပြီလို့ အင်္ဂါမိသားစုအဖွဲ့ဝင် ဒေါ်ခင်ဝင်းခိုင်ကပြောပါတယ်။

“ပင်စင်စား ၁၅ ယောက်၊ နောက်ထပ် မရမ်းကုန်းတို့ကနေ ၁ဝ ယောက်၊ အားလုံး ၂၅ ယောက်၊ ဒီနေ့ကနေစပြီး တဝါတွင်းလုံး ဒေါ်အောင်ဆန်းစုကြည် အမြန် ဆုံး လွတ်မြောက်ပါစေ၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ တွေ့ဆုံညှိနှိုင်းရေး အမြန်ဆုံးဖြစ်ပါစေ၊ ဒီသုံးချက်နဲ့ တဝါတွင်းလုံး သူတို့ အဓိဌာန် ထိုင်မယ်လို့၊ ဒီနေ့က နေ ရွှေတိဂုံမှာ ဒီနေ့ ၆ နာရီ ရွှေတိဂုံအင်္ဂါထောင့်ကနေ သူတို့စပါတယ်။”

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက် ဒေါ်အောင်စုကြည်ရဲ့ မွေးနေ့ကစပြီး တလကြာ အဓိဌာန်ကို ရန်ကုန်မြို့က ပင်စင်စား ၁၅ ဦးက စတင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ဝန် ထမ်း ၁ဝ ဦး ကပါ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ သတ်မှတ်ရက်ပြည့်လို့ ဇူလိုင် ၂ဝ ရက်မှာ ခေတ္တရပ်နားပြီး ဒီနေ့ ဝါဝင်တဲ့နေ့မှာ ဆက်လက် အဓိဌာန် ပြန်လည်စတင်ဝင်တာဖြစ်ပါတယ်။

ရင်းမြစ်..DVB