အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်စာဖတ်ဝိုင်းကို ၄ လကြာ ရပ်နားထားရာက ဒီနေ့ ပြန်လည် စတင်လိုက်ပါတယ်။
အဖွဲ့ချုပ် မိုးကုတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်း ကြည်ရဲ့အိမ်မှာ စာဖတ်ဝိုင်း ပြန်စခဲ့တဲ့အကြောင်း ရန်ကုန်တိုင်းလူငယ် ပြောခွင့်ရသူ ကိုအေးဗိုလ်က ပြောပါတယ်။ “ဌာနချုပ်မှာ ၂ ပတ်တကြိမ်လုပ်နေတဲ့ စာဖတ်ဝိုင်းကို ပြန်လည် စတင်တာ ပေါ့။ လူငယ်တွေဖတ်ထားတဲ့ စာအုပ်ပေါ့။ အကောင်းဆုံးစာအုပ် ခေါင်းစဉ်တခုကို ရွေးပြီးတော့ ကျနော်တို့ လူငယ်တွေ အသိပညာ၊ နိုင်ငံရေး အသိပညာတွေ ကြွယ် ဝအောင် အဲဒီအတွက် ပြန်စတာပါ။”
အဖွဲ့ချုပ်ကနေ ပါတီ ထပ်မံမှတ်ပုံမတင်ဘူးလို့ ဆုံးဖြတ်ခဲ့ကြအပြီး အခုနှစ် မတ်လကတည်းက ရပ်နားထားရာက ဒီနေ့ ပြန်စခဲ့တာပါ။ “ဒါကတော့ ရှင်းပါတယ်။ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပျက်သွားတာ မဟုတ်ဘူး။ သူတို့ဖျက်လို့ ပျက်တာ၊ ကျနော်တို့ ဖျက်လို့ ပျက်တာ မဟုတ်ဘူး။ အဲဒါကို ကျနော်တို့ အမြဲတမ်း နှလုံးသွင်းထားတယ်။
ပါတီဆိုင်းဘုတ် ရှိရှိ မရှိရှိ ကျနော်တို့ အဖွဲ့အစည်းက အမြဲတမ်းရှိနေမှာပါ။ ပြန်ပြီး မှတ်ပုံတင်စရာ မလိုဘူး။ ကျနော်တို့က မှတ်ပုံတင်ပြီးသား။” ဒီနေ့ စာဖတ်ဝိုင်းကို ရန်ကုန်တိုင်း အတွင်းမြို့ နယ် ၃ဝ ကျော်က လူငယ်တွေ တက်ရောက်လာကြပါတယ်။
ရင်းမြစ်...DVB