၂.၇.၂၀၁၀ သောကြာနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုက္ကဌ ဦးတင်ဦး နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီအီးစီ(CEC)ဦးဝင်းတင် တို့မှ နိုင်ငံရေးနဲ့ အကျဉ်းကျနေတဲ့ မိသားစုဝင်တွေကို လိုက်လံတွေ့ဆုံ အားပေးစကားပြောပါတယ်။ပထမ သွားရောက်တွေ့ဆုံ အားပေးစကားပြောတဲ့ အိမ်က တော့ ရန်ကင်း မှ ကိုဇာဂန အိမ်ဖြစ်ပါတယ် ။ ကိုဇာဂန အိမ်မှာ ပဲ ကိုအံ့ဘွယ်ကျော် အမေကိုလည်းဖိတ်ထားတဲ့အတွက် လာေ၇ာက်တာ တွေ့ရပါတယ် ။ ဦးဝင်းတင် က ၉ နာရီမထိုးခင်ကတည်းက ၁ ယောက်ထဲအရင်ရောက်ရှိလာပါခဲ့ပြီး ၉ ခွဲခန့်တွင် ဦးတင်ဦး တို့ရောက်ရှိလာကာ ကိုဇာဂနာ မိသားစုနဲ့ ကိုအံ့ဘွယ်ကျော် အမေတို့ကို အားပေးစကားပြောပြီး အကျဉ်းကျနေတဲ့ ကိုဇာဂနာနဲ့ ကိုအံ့ဘွယ်ကျော်တို့အတွက် ပစ္စည်းများပေးအပ်ခဲ့ပါတယ် ။ထို့နောက် ကိုဇာဂန အဖေ ဦနန်းညွန့်ဆွေအားဦးတင်ဦး နှင့်ဦးဝင်းတင် တို့နှင့် လာေ၇ာက်အားပေးသော NLD လူငယ်များမှ ကန်တော့ ကြပါတယ်။ထိုမှ ဆက်၍ ကိုပြုံးချို အိမ်ရှိရာ တာမွေလေး သို့ ၁၀နာရီ ၂၀ ခန့်တွင် ထွက်ခွာခဲ့ကြပါတယ်။ ကိုပြုံးချိုအိမ်တွင် ကိုပြုံးချိုမိသားစု မမီးမီး အမျိုးသား ကိုလှမိုး ဗကသမှ ဟန်နီဦးအဖေ ဦးထွန်းဦး တို့နဲ့တွေ့ဆုံ အားပေးစကားပြောကြားပါတယ် ရာဟု(ခ)ကျော်ကိုကို အဖေ ကိုလည်း ဖိတ်ထားပေမယ့်ရောက်လာမတွေ့ပါ။အားပေးစကားပြောကြားပြီး အကျဉ်းကျ သူများအတွက် ပစ္စည်းများပေးအပ်၍ နေ့လည် ၁၁ ခွဲခန့်တွင် NLD ရုံးသို့ပြန်လည်ထွက်ခွာကြပါသည်။
Saturday, July 3, 2010
နိုင်ငံရေးအကျဉ်းသား မိသားစုများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များ လိုက်လံအားပေး
၂.၇.၂၀၁၀ သောကြာနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုက္ကဌ ဦးတင်ဦး နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီအီးစီ(CEC)ဦးဝင်းတင် တို့မှ နိုင်ငံရေးနဲ့ အကျဉ်းကျနေတဲ့ မိသားစုဝင်တွေကို လိုက်လံတွေ့ဆုံ အားပေးစကားပြောပါတယ်။ပထမ သွားရောက်တွေ့ဆုံ အားပေးစကားပြောတဲ့ အိမ်က တော့ ရန်ကင်း မှ ကိုဇာဂန အိမ်ဖြစ်ပါတယ် ။ ကိုဇာဂန အိမ်မှာ ပဲ ကိုအံ့ဘွယ်ကျော် အမေကိုလည်းဖိတ်ထားတဲ့အတွက် လာေ၇ာက်တာ တွေ့ရပါတယ် ။ ဦးဝင်းတင် က ၉ နာရီမထိုးခင်ကတည်းက ၁ ယောက်ထဲအရင်ရောက်ရှိလာပါခဲ့ပြီး ၉ ခွဲခန့်တွင် ဦးတင်ဦး တို့ရောက်ရှိလာကာ ကိုဇာဂနာ မိသားစုနဲ့ ကိုအံ့ဘွယ်ကျော် အမေတို့ကို အားပေးစကားပြောပြီး အကျဉ်းကျနေတဲ့ ကိုဇာဂနာနဲ့ ကိုအံ့ဘွယ်ကျော်တို့အတွက် ပစ္စည်းများပေးအပ်ခဲ့ပါတယ် ။ထို့နောက် ကိုဇာဂန အဖေ ဦနန်းညွန့်ဆွေအားဦးတင်ဦး နှင့်ဦးဝင်းတင် တို့နှင့် လာေ၇ာက်အားပေးသော NLD လူငယ်များမှ ကန်တော့ ကြပါတယ်။ထိုမှ ဆက်၍ ကိုပြုံးချို အိမ်ရှိရာ တာမွေလေး သို့ ၁၀နာရီ ၂၀ ခန့်တွင် ထွက်ခွာခဲ့ကြပါတယ်။ ကိုပြုံးချိုအိမ်တွင် ကိုပြုံးချိုမိသားစု မမီးမီး အမျိုးသား ကိုလှမိုး ဗကသမှ ဟန်နီဦးအဖေ ဦးထွန်းဦး တို့နဲ့တွေ့ဆုံ အားပေးစကားပြောကြားပါတယ် ရာဟု(ခ)ကျော်ကိုကို အဖေ ကိုလည်း ဖိတ်ထားပေမယ့်ရောက်လာမတွေ့ပါ။အားပေးစကားပြောကြားပြီး အကျဉ်းကျ သူများအတွက် ပစ္စည်းများပေးအပ်၍ နေ့လည် ၁၁ ခွဲခန့်တွင် NLD ရုံးသို့ပြန်လည်ထွက်ခွာကြပါသည်။
Labels:
အဖွဲ့ချုပ်ပြည်တွင်းသတင်း