ဒီမိုကရေစီပန်းတိုင် အမြန်ရောက်ရှိနိုင်ပါစေ။

Sunday, June 13, 2010

မီးလျှံထဲက ကြာ

မီးလျှံထဲက ကြာ
ဟံသာဝတီ ဦးဝင်းတင်
ဇွန် ၁၃၊ ၂၀၁၀



ရဲ - ဇွဲ - ဉာဏ် - စည်း - တာ
မကြောက်တရား တေးကဗျာ
မီးလျှံထဲက ကြာ

(ဟံသာဝတီ ဦးဝင်းတင်)

၁၉၉၉ နှစ်ကုန်ပိုင်းက အင်းစိန်ထောင်ထဲမှာ
ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်စူးရေးတဲ့ ကဗျာ။

ရဲ ဆိုတာ ရဲရင့်ခြင်း၊

ဇွဲ ဆိုတာ ဇွဲမြဲခြင်း၊

ဥာဏ် ဆိုတာ ဥာဏ်မြော်မြင်ကြီးခြင်း၊

စည်း ဆိုတာ စည်းကမ်းကြီးခြင်း
စည်းကမ်းသိခြင်း
စည်းကမ်းထိန်းခြင်း

တာ ဆိုတာ တာဝန်သိခြင်း
တာဝန်ယူခြင်း
တာဝန်ခံခြင်း


ပန်းချီ-မင်းကျော်ခိုင်

ရင်းမြစ်..မိုးမခ